Ads (728x90)

စက်တင်ဘာ ၁ရက်နေ့တွင် မိုးသီးဇွန် မြန်မာပြည် ရောက်မည်

လေးစားအပ်ပါသော ရဲဘော်များ မိတ်ဆွေများခင်ဗျားနှုတ်ခွန်းဆက်ပါတယ်။
စက်တင်ဘာ ၁ရက် ၊ နံနက် ၈ နာရီမှာ ကျနော်မင်္ဂလာဒုံလေဆိပ်ကိုရောက်ပါမယ်။


 သမတဦးသိန်းစိန်အစိုးရတာဝန်ရှိသူများရဲ့ဖိတ်ခေါ်ချက်အရမြန်မာနိင်ငံငြိမ်ချမ်းရေးနဲပြန်လည်
ထူထောင်ရေးတွေအတွက် ကျနော် မြန်မာ ပြည်ကို သွားပါမယ်။

ကျနော်နဲ့ အတူ ကိုထွန်းအောင်ကျော်၊ကိုကိုလေး၊ကိုမူးသာ၊ ကိုရင်အေး၊ကိုရွှေစင်၊ ကိုကိုအောင်
ကိုအေးမင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

ကျနော်တို့ အဓိက ဆွေးနွေးမဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေး၊ နိင်ငံရေးအအရ အခြေခံ
ကျသော  ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး ၊ ဆင်းရဲမှုတွေမှု၊ အလုပ်လက် မဲ ပြသနာ၊ မြန်မာနိင်ငံသားတိုင်း မိမိနိင်ငံကို ပြန်လည် ထူထောင်ရေးမှာပါဝင်နိင်ရေး လုံခြုံစိတ်ချစွာ ပြန်နိင်ရေး စ တာ တွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီလိုဆွေးနွေးမှုတွေဟာကျနော်တိုတိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ပါတယ်။ကျနော်တိုအစွမ်းကုန်
ကြိးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မိတ်ဆွေ တို့ ရဲ့ အားပေးကူညီမှုများ အထူးလိုအပ်ပါတယ်။မိတ်ဆွေတို့ ရဲ့ အကြံညာဏ်တွေ
ကိုလိုပါတယ်။ ဒီမှာကွန်မင့်တွေရေးနိင်ပါတယ်။

ကျနော်တို့ အီမေလ်တွေက တဆင့်လည်း ဆက်သွယ်နိင်ပါတယ်။
မိုးသီးဇွန်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...