နေပြည်တော်၊ အောက်တိုဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်တွင် ကျင်းပသည်။
■ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အခြေအနေ၊ အကြမ်းသမားများ၏ ဆောင်ရွက်ချက်နှင့် နောက်ခံ အကြောင်းအရာများ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
၎င်းအပြင် -
■ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ၊
■ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့ှ်RCSS အဖွဲ့၏ ဆောင်ရွက်ချက်များ၊
■ "ဝ" အထူးဒေသ(၁)နှင့် အထူးဒေသ(၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊
■ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား တိုက်ပွဲဝင်အသင့် စွမ်းရည်မြှင့်တင်ရေး အတွက် ဆောင်ရွက်မည့် အစီအမံများကိုလည်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ကြသည်။
အခြားဓာတ်ပုံများ...
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။