Ads (728x90)


ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေကြောင့် ထပ်မံသေဆုံးမှုများ ကြားသိရသည့်အတွက် များစွာ စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးကွယ်လွန်သွားခဲ့ကြသူတွေရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြသူတွေကို တရားဥပဒေနဲ့အညီ သေချာစွာ အရေးယူနိုင်မယ့် စေ့စပ်သေချာပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုကို မျှော်လင့်ကြောင်းလည်း သံရုံးက ဆိုပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရေး၊ ရရှိတဲ့ သတင်းရင်းမြစ်တွေကို သေချာစွာစိစစ်ရေး၊ အပြစ်မဲ့သူတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးရေးနဲ့ နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်ပွားစေရေးတို့အတွက် ပါဝင်ပတ်သက်သူ အားလုံးကို မေတ္တာရပ်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စေတဲ့ အခြေခံအကြောင်းအရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးကူညီသွားမယ်လို့လည်း အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

 <ဒီနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်>


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...