Ads (728x90)


ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လုံခြုံရေးအတွက် အောက်တိုဘာ ၁၂ ရက်မှစတင်၍ မြို့ဝင်မြို့ထွက်ဂိတ်များ တွင် လုံခြုံရေး တိုးမြှင့်စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။ "တိုင်းအတွင်း မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့် စစ်ဆေးနေပါတယ်၊ မြို့တွင်းမှာလည်း ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်၊ ပူးေ ပါင်းအဖွဲ့တွေနဲ့ မြို့တွင်းလှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းတွေနဲ့ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားသည်။
 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တွင် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း အောက်တိုဘာ ၁၂ ရက်မှစတင်၍ လုံခြုံရေးတိုးမြှင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ် လုံခြုံရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ မန္တလေးခရိုင်အတွင်း အောင်မြေသာစံ၊ ချမ်း အေးသာစံ၊ မဟာအောင်မြေ၊ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးစသော မြို့နယ်ခုနစ်မြို့နယ်၌ နယ်မြေရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲတပ်ရင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့စသော ပူးပေါင်းလုံခြုံရေး အဖွဲ့များဖြင့် စက်တင်ဘာ ၁ ရက်မှစတင်၍ မြို့နယ်တစ်မြို့နယ်လျှင် ရဲကားခြောက်စီးနှင့် အင်အား ၁၀၀ ကျော်ဖြင့် ညစဉ်လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။

 
"မောင်တောခရိုင်က ကိစ္စဖြစ်နေတော့ မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးရေးတွေ ပြုလုပ်နေပါတယ်၊ သီတင်းကျွတ်ကာလလည်းဖြစ်တော့ ဗြောက်အိုး ဖောက်တာတွေ၊ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေမဖြစ် အောင် စနစ်တကျ စီမံထိန်းသိမ်းနေရတယ်၊ ပွဲတော်ကာလရော၊ မောင်တောကိစ္စရောဆုံဖြစ်တော့ အားလုံး ဆောင်ရွက်နိုင်ဖို့ လူအင်အားအခက်အခဲရှိပါတယ်၊ ပြည်သူတွေ လုံလုံခြုံခြုံနေနိုင်ဖို့ ရှိတဲ့လူအင်အားနဲ့ အကောင်း ဆုံးစီမံပြီး လုံခြုံရေးဆောင်ရွက်ပေးသွားမှာပါ"  ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မန္တလေးခရိုင်ရဲတပ်ဖွဲ့အနေဖြင့် မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်းနှင့် ကျောက်တော်ကြီး ဘုရား ပွဲ၊ စွယ်တော်ဘုရားပွဲ ၊ ကျောက်စိမ်းဘုရားပွဲ စသည့် ဘုရားပွဲတော်များတွင် ပြည်သူများလုံခြုံစွာ လည်ပတ် နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ မန္တလေးမြို့ခံပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေ ရန်အတွက် မန္တလေး-စစ် ကိုင်းလမ်း ဧရာဝတီတံတား(ရတနာပုံ)၊ မြစ်ငယ်တံတား၊ (၁၆)မိုင်ဂိတ်နှင့် ရွှေကျင်ဂိတ်တို့တွင် စစ်ဆေးရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်း၌ ရှောင်တခင်စစ်ဆေးခြင်းများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

AXE
#Democracytoday


<ဒီနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...