နည်းပညာမြင့် လက်ကိုင်ဖုန်းများကို သုံးစွဲလာခြင်းဖြင့် တစ်မုဟုတ်ချင်းပြောင်းလဲခဲ့သည့် သိသာထင်ရှားသော ကမ္ဘာ့ပထမဦးဆုံးနိုင်ငံအဖြစ် သတ်မှတ်နိုင်ကြောင်း၊ ဈေးကွက်စီးပွားရေးနှင့် အမှတ်တံဆိပ်များအပေါ် သက်ရောက်သော အဓိကပြောင်းလဲမှုများတွင် မိုဘိုင်းဖုန်းထိုးဖောက်ဝင်ရောက်မှုလည်း ပါဝင်ပြီး ယင်းမိုဘိုင်းဖုန်းသုံးစွဲမှုမှာ မူလက သုညရာခိုင်နှုန်းလောက်သာရှိရာမှ နှစ်အနည်းငယ်အတွင်း ရာခိုင်နှုန်း ၅၀ နီးပါးအထိ မြင့်တက်လာခဲ့ကြောင်း၊ လက်လီ အရောင်းကဏ္ဍမှသည် ဘဏ်လုပ်ငန်းများနှင့် အချင်းချင်း ဆက်သွယ်မှုတို့တွင် နည်းပညာသည် ဒစ်ဂျစ်တယ်ကဏ္ဍတိုးတက်မှုအသွင်အဖြစ် အခရာဖြစ်လာနိုင်ကြောင်း ဆိုထားသည်။
BrandZ မှ Spotlight on Myanmar အမည်ရှိ မြန်မာနိုင်ငံ၏ ၅၁ သန်းသော စားသုံးသူများ၏ ပြောင်း လဲလာသော ဈေးကွက်အလေ့အထနှင့်ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိုးတက်ဖွံ့ဖြိုးလာနေသည့် စီးပွား ရေးနယ်မြေသစ်တွင် လုပ်ငန်းတို့၏ သဘောသဘာဝ အသေးစိတ်လေ့လာဆန်းစစ်မှုပါဝင်သည့် စာတမ်းကိုထုတ်ပြန်ခဲ့ရာ အဆိုပါ စာတမ်းတွင် ဖော်ပြထားခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် တိုးတက်ပြောင်းလဲလာမည်ဖြစ်သော နည်းပညာနှင့် အခြေခံအဆောက်အအုံ တိုးချဲ့မှုများ အတွက် အဆင်သင့်ပြင်ထားရန်လိုသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစာတမ်းသည် အခြေခံစားသောက်ကုန်များ၊ အထူးသဖြင့် ကော်ဖီနှင့်အချိုရည်ကဲ့သို့သော စားသုံး သူများ နေ့စဉ်ထိတွေ့မှု အများဆုံး ရှိသည့်ကုန်ပစ္စည်းများနှင့် ရေရှည်အသုံးပြုရန်အတွက်ဆုံးဖြတ်ကာ ဝယ်ယူထားသည့် မိုဘိုင်းဖုန်းဝန်ဆောင်မှုဆိုင်ရာ အခန်းကဏ္ဍများအပေါ်အခြေခံ၍ သုတေသနပြု ထားခြင်းဖြစ်ကြောင်း ဆိုသည်။
Ref ; အင်တာနက်ဂျာနယ်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။