Ads (728x90)



Windows 2-in-1 ထုတ်ကုန်များအပေါ် အာရုံစိုက်ရန်အတွက် Android ထုတ်ကုန်များရောင်းချခြင်းကို Dell က ရပ်ဆိုင်းလိုက်သည်။

ကုမ္ပဏီအနေဖြင့် Venue Android tablet များအတွက် ဆက်လက်အားထုတ်တော့မည်မဟုတ်သလို display တစ်ခုကို ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် လက်မ အရွယ်အစား ကွန်ပျူတာဖြစ်သော Android အခြေခံ Wyse Cloud Connect ကိုလည်း ထောက်ပံ့တော့မည်မဟုတ်ကြောင်း၊ အခြားသော Android ထုတ်ကုန်များကိုလည်း အချိန်ကာလတစ်ခုတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
“Tablet ဈေးကွက်က အလျှံပယ်ဖြစ်နေပါပြီ။ သုံးစွဲသူတွေရဲ့ ဝယ်လိုအားကလည်း လျော့ကျနေပါတယ်။ ဒါကြောင့် Android အခြေခံ Venue tablet တွေကို ရပ်ဆိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Dell ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး Dell အနေဖြင့် Android အခြေခံ Venue tablet များကို လက်ရှိသုံးစွဲနေသူများအတွက် OS အဆင့်မြှင့်တင်မှုများ ထောက်ပံ့ပေးတော့မည်မဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။
“Android အခြေခံ Venue ထုတ်ကုန် သုံးစွဲနေသူတွေအတွက် Dell က အာမခံနဲ့ ဝန်ဆောင်မှုစာချုပ် သက်တမ်းမကုန်ဆုံးမီအထိ ဆက်လက်ထောက်ပံ့ပေးသွားပါမယ်။ ဒါပေမဲ့ အသစ်ထွက်မယ့် OS အဆင့်မြှင့်တင်မှုတွေကိုတော့ ထောက်ပံ့ပေးသွားမှာ မဟုတ်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Android ထုတ်ကုန်များကို ရပ်ဆိုင်းလိုက်သော်လည်း Dell အနေဖြင့် Windows အခြေခံ laptop များနှင့် 2-in-1 များအပြင် Chromebook အချို့အတွက် အာရုံစိုက်သွားမည်ဖြစ်သည်။ Dell ၏ Chrome 11 3120 နှင့် Chromebook 13 7310 တွင် Google Play Store မှ Android app များ အသုံးပြုနိုင်မည့် Chrome OS ကို အသုံးပြုထားသည်။ သို့သော်လည်း Chromebook များ၌ Android OS ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
Ref: PCMag


Ref  : အင်တာနက်ဂျာနယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...