Ads (728x90)



Android သမားတော်တော်များများ အဲ့ဒီအခက်အခက်လေးကိုကြုံဖူးကြမှာပါ
ကိုယ်က အဲ့ဒီ Apk တစ်ခုကို မရမက လိုချင်တယ် အဲ့ဒီမှာ Playstore ထဲကို
ဝင်ဒေါင်းတော့ အဲ့ဒီစာပြနေတယ် ဒါနဲ့  အခြားတစ်နေရာကနေသွားဒေါင်းတော့
Mobile Phishing တို့  AdMalware တွေထည့်ထားတာတွေနဲ့ တိုး ဒုက္ခတွေ
ရောက်ကြရပါတယ် တစ်ခြား Apps မပြောနဲ့  လူသုံးများတဲ့...

‪#‎Facebook_Messenger‬
‪#‎Viber‬

လို Apps မျိုးတောင်မှ Play Store မှာသွားဒေါင်းထဲအခါ လိုက်ရှာတာတောင်
မူရင်း Apps ကိုမတွေ့ ပဲ အခြား အမည်တူ ပုံစံတူ Apps တွေပဲတွေ့ ရတာများ
ပါတယ်။



အဲ့လိုဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတော့ ကျွန်တော် လုပ်နေကျ နည်းလေး
ရှိပါတယ် အဲ့ဒါကတော့ IP ချိန်းပြီးတော့ ဒေါင်းတာပါ ဖုန်းနဲ့ ပဲသုံးတဲ့သူတွေ
အတွက်ကတော့ Mobile VPN လိုပါမယ် ခုဟာကတော့ ဖုန်းထဲမှာ
This Item isn’t available in your country ပြနေတဲ့ Apps ကို ကွန်ပြူတာနဲ့ 
ဒေါင်းပြီး ဖုန်းထဲကို အလိုလျောက် ၀င်သွားတဲ့နည်းလေးကို ပြောပြမှာပါ။


နံပါတ်(၁) - အရင်ဆုံး လိုအပ်တာကတော့ Gmail တစ်ခုပါ တစ်ချို့ တွေ
Mobile အသုံးပြုနေပြီး အီးမေးလ်တစ်ခုမှကို ရှိမနေပါဘူး Android သမားတွေ
Apps (or) Game တွေကို Google Play မှာ သွားဒေါင်းရင် အီးမေးလ်တစ်ခု
နဲ့ ဝင်လိုက်မှ ဒေါင်းလို့ ရတယ်ဆိုတာကို မသိကြဘူး ဒါကြောင့် အီးမေးလ်တစ်ခု မရှိမဖြစ်လိုအပ်လို့  မရှိသေးရင်ဖွင့်ပါ ရှိပြီးသားလူတွေကတော့ Play Store ကိုဖွင့်ပြီး အီးမေးလ်လေးနဲ့  Login ၀င်ထားလိုက်ပါ။


နံပါတ်(၂) - Desktop (or) Laptop ကိုအသုံးပြုပြီး Mozilla ( or ) Chrome
Browser လေးကိုဖွင်လိုက်ပါ(အသုံးအများဆုံးက Mozilla ဆိုတော့ အဲ့ဒါနဲ့ ပဲ
ပြောပြတော့မယ်နော် ) ပြီးရင် ကီးဘုတ်က Ctrl+Shift+A ကီး ၃ ခုကို တစ်ပြိုင်ထဲနှိပ်လိုက်ပါ(Menu Bar က Tools ကိုနှိပ် ပေါ်လာတဲ့ထဲက Add-on ကိုရွေးချယ်လိုက်ရင်လည်းရပါတယ် ) ညဘက်ထောင့်နားမှာ Search box လေး
ရှိပါတယ် အဲ့ဒီထဲမှာ AnonymouX လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
AnonymouX နာမည်နဲ့  add on လေး ကျလာပါလိမ့်မယ် install လုပ်လိုက်ပါ
အဲ့ဒီကောင်လေး ၀င်သွားတာနဲ့  Browser ညာဘက်ထောင့်နားမှာ X ပုံလေး
ပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကို နှိပ်ပြီး IP ချိန်းတာ နိုင်ငံရွေးတာ ဖွင့်တာပိတ်တာ
ပြုလုပ်လို့ ရပါတယ်။ ( IP ကျော်နေခွနေကျလူတွေ VPN(Virtual private network) အသုံးပြုနေကျ လူတွေကတော့ ဒါတွေ သိဖို့ မလိုလောက်တော့ပါဘူး :D )


နံပါတ်(၃) - AnonymouX လေးကို အသက်သွင်းဖို့ ညာဘက်အပေါ်ထောင့်
နားက X လေးကို နှိပ်ပါ US သို့ မဟုတ် UK တစ်ခုခုကို ရွေးချယ်လိုက်ပါ ပြီးလျှင်
http://play.google.com/ ကိုဖွင့်လိုက်ပါ ဖုန်းထဲက Play Store ထဲမှာ ၀င်ထားတဲ့
အီးမေးလ်နဲ့  Login ၀င်လိုက်ပါ ပြီးရင် ကိုယ်လိုချင်ပြီး ဖုန်းထဲကနေ ဒေါင်းမရတဲ့
Apps ကို လိုက်ရှာပြီး Install လုပ်လိုက်ပါ လိုချင်တာ အကုန်လိုက်ရှာပီး
ဒေါင်းပြီးသွားရင်တော့ Mobile ဖုန်းကနေ Mobile data (or) WiFi လေး နဲ့ ဖြစ်ဖြစ်
အသုံးပြုပြီး Play Store Apps လေးကို ဖွင့်ကြည့်လိုက်ပါ စောစောက
ဖုန်းထဲမှာ ဒေါင်းမရတဲ့ Apps (or) Game လေးတွေ ဖုန်းထဲကို ဆွဲချနေတာ
တွေ့ရပြီး ပြီးသွားတာနဲ့  အသုံးပြုလို့ ရသွားပါပြီ။ :)


 

( သိပြီးသား တတ်ပြီးသား လူတွေအတွက် မဟုတ်ဘူး မသိသေး မတတ်သေးတဲ့သူတွေ အတွက် ပြောပြတာ ဆရာကြီးတွေ ဆရာဝင်မလုပ်နဲ့  :P )


မြန်မာနိုင်ငံမှာနေတဲ့ မည်သူမဆို ဘာ IP မှ မချိန်း ဘာ VPN မှ မသုံးပဲ
Play Store မှာ Messenger နဲ့  Viber ကို ရှာကြည့်ပါ

Facebook (https://play.google.com/store/apps/developer?id=Facebook ) က ထုတ်တဲ့ Messenger နဲ့ 
Viber Media ( https://play.google.com/store/apps/dev… ) က ထုတ်တဲ့ Viber ကို
IP မချိန်းပဲ မြင်တွေ့ ခွင့် Download ပြုလုပ်ခွင့်မရပါဘူး လိုက်ရှာရင်လဲ အမည်တူ ပုံစံတူပဲထွက်လာတတ်ပါတယ် ။

အောက်မှာ IP မချိန်းပဲ ဒေါင်းလို့ မရတဲ့ Apps ၃ Link ကို
ထည့်ပေးလိုက်ပါတယ် IP မချိန်းပဲ ၀င်ကြည့်ကြည့်လိုက်ပါ လင့်ကနေ တိုက်ရိုက် ၀င်လိုက်လို့  မြင်တွေ့ ခွင့်ရပေမယ့် Download လုပ်လို့ မရပါဘူး။ :D
 
1.GO Weather Forecast & Widgets
https://play.google.com/store/apps/details…
2. Messenger
https://play.google.com/store/apps/details…
3. Viber
https://play.google.com/store/apps/details?id=com.viber.voip

ဒါကြောင့်လိုအပ်တဲ့ Apps များ ဂိမ်းများကို ဒေါင်းချင်ပါက ဒေါင်းလို့ မရပါက ပြောပါ ဒေါင်းပေးပါ့မယ် Play Store ၀င်ထားတဲ့ အီးမေးလ်ကို ခနပေးပြီးလဲ ဒီဘက်က နေ ကိုယ်စားဒေါင်းပေးပါ့မယ် လိုအပ်ရင် အကူအညီတောင်းနိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ...။

Aung Kyaw Soe ( 21.6.2016 - 3:45 PM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...