Ads (728x90)
(ZawGyi)
ချစ်တင်းနှီးနှောခြင်းမှာ အတွေ့အကြုံသစ် ရစေဖို့ (Uni) -------------------------------------------------------------------- စစခြင်းမှာတော့ သင်တို့ ဆက်ဆံရတာကို ရိုးသွားမှာ မဟုတ်ပါဘူး။ ပုံမှန် Position တွေနဲ့ ပုံမှန်ဆက်ဆံရုံနဲ့တင် အများကြီး လုံလောက်နေမှာပါ။ နှစ်တွေ ကြာလာရင်တော့ တစ်ခါလာလည်း ဒါကြီး အပြောင်းအလဲ မရှိ ဖြစ်နေတာကို ငြီးငွေ့လာပါလိမ့်မယ်။ ဒီမှာ လိင်ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက သင့်ရဲ့ ရိုးအီစရာ လိင်မှုဘဝထဲကို စိတ်ဝင်စားစရာလေးတွေ ဖြည့်ပေးဖို့ အကြံလေးတွေ ပေးထားပါတယ်။ ၁. စကားပြောပါ သင်က Position အသစ်တွေကို ဘာမှ မပြောမဆို အစိမ်းလုပ်လိုက်ရင် သူမ လန့်သွားပါလိမ့်မယ်။ သင်လဲ ကြောက်သွားပါလိမ့်မယ်။ သင့်ရဲ့ စိတ်ကူးလေးတွေကို ပွဲမစခင် ပြောပြထားတာက ပိုပြီး ကောင်းပါတယ်။ သူမလဲ စိတ်ပါလာပါလိမ့်မယ်။ မထိတထိစကားဝိုင်းလေးတွေကို ညစာစားချိန်လောက်က ဝိုင်သောက်ရင်း စပြောပေးပါ။ အဲဒိကိစ္စတွေကိုပြောမယ်ဆိုရင် နည်းနည်း ဆန်းပြားတဲ့ အရသာသစ်တွေနဲ့ စိတ်ကူးသစ်တွေအကြောင်း ဖြည်းဖြည်းလေး စပြောပေးတာ ပိုလွယ်ပါတယ်။ သူမကြိုက်တတ်တာလေးတွေကို အရင်မေးကြည့်ပါ။ သင်ပြောလှည့်ကျရင်တော့ သင်ကိုယ်သင် ယုံကြည်မှုရှိရမှာဖြစ်ပြီး အကောင်းမြင်ပုံစံနဲ့ ပြောပေးပါ။ သင်က အကြီးကြီးတန်းတောင်ဆိုရင်၊ တောင်းဆိုတဲ့အခါ ကြောက်စရာပုံ ပေါက်နေရင် ကောင်မလေးလန့်သွားပါလိ်မ့်မယ်။ သင်က ဒါမျိုးကိုပဲ အကြိမ်တိုင်း လုပ်ချင်တာ မဟုတ်ကြောင်း သူမသိပါစေ။ အရေးကြီးဆုံးက သူမကို ဖိအားမပေးပါနဲ့။ သူမမကြိုက်တဲ့ဟာကို မလုပ်ပါနဲ့။ သူမငြင်းရင် အေးအေးဆေးဆေးလက်ခံပေးတာဟာ သူမဘာသာ ပြန်စဉ်းစားစေပြီး လက်ခံစေနိုင်ပါတယ်။ ၂. အထောက်အကူ ပစ္စည်းများ လိင်အသားပေးကား တူတူကြည့်တာ၊ လိင်စာပေ တူတူဖတ်တာဟာ သင်တို့နှစ်ယောက်စလုံးကို စိတ်ကြွစေပြီး နည်းလမ်းအသစ်တွေ စဉ်းစားရတာ လွယ်ကူစေပါတယ်။ Fifty Shades of Grey ပေါက်တာ ယောက်ျားတွေကြောင့်မဟုတ်ပါဘူး။ သူမ သင်နဲ့ အဲဒိကိစ္စ တစ်ခါမှ မဆွေးနွေးဘူးပေမယ့် သူမ စိတ်ဝင်စားနေနိုင်တယ်ဆိုတာ သိထားပါ။ သူမကို သင်ကြိုက်တဲ့ပုံစံတစ်ခု အသေရှင်းပြနေမယ့်အစား အဲဒါပါတဲ့ ခွေတစ်ခွေ ဖွင့်ပြလိုက်တာ ပိုလွယ်ပါတယ်။ ပုံစံအသစ်တစ်ခုလုပ်ဖို့ သဘောတူညီချက်ရပြီးရင် အဲဒိပုံစံအကြောင်း သေချာလေ့လာထားပါ။ အခက်အခဲတွေကို ကြိုသိခြင်းဟာ ဘယ်လိုရှင်းလင်းရမလဲဆိုတာ ကြိုစဉ်းစားနိုင်စေပါတယ်။ သူမကြိုက်တာလေးတွေကို ဦးစားပေး လုပ်ပေးပါ။ အဲဒါဟာ ချစ်ကြောင်းပြရာရောက်တဲ့အပြင် သူမ ပြန်လုပ်ပေးမယ့် အလှည့်မှာလဲ ပိုပြီး စိတ်ပါလက်ပါ ရှိစေနိုင်ပါတယ်။ ၃. ကျန် အသေးစိတ် အချက်များ ကလေးတွေကို မိဘအိမ် ဆွေမျိုးအိမ် ပို့ထားပါ။ ဒါမှမဟုတ် သင်တို့နှစ်ယောက် ဟော်တယ်သွားတာကလည်း အမြင်သစ်တွေမို့ အတွေ့အကြုံသစ်တွေ ရစေနိုင်ပါတယ်။ သင်တို့နှစ်ယောက် ဘယ်လောက်ထိလုပ်မှာလဲဆိုတာ ကြိုတိုင်ပင်ထားပါ။ အဆင်မပြေရင် ပြောဖို့ စကားကိုလည်း ကြိုရွေးထားပါ။ ဒါမှ လုပ်နေရင်း ရပ်ရပ်ပြီး "အဆင်ပြေရဲ့လား.. နာလား.." ခဏ ခဏ မမေးရမှာပါ။ နောက်ဆုံးပြောရရင် အဲဒိကိစ္စထက် သင်တို့ အချစ်က ပိုအရေးပါတယ်ဆိုတာ သိထားပါ။ ကိစ္စပြီးရင် သူမကို ဖက်ထားပေးပြီး နဖူးလေးကို နမ်းပေးလိုက်ပါ။ သင်ဘယ်လောက် ပျော်ရလဲဆိုတာ ပြောပြပါ။ နောက်ရက်တွေကျမှ အတွေ့အကြုံသစ်က သူမအတွက် အဆင်ပြေလား မေးပါ။ အရေးအကြီးဆုံးက သူမကို နူးနူးညံညံ ကိုင်တွယ် ဆက်ဆံပါ။ ╔==========================╗ မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့ Gentleman Magazine ╚==========================╝ Cyan Calyx
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...