ဒေါ်လာတစ်သိန်းတန် ချက်လက်မှတ်နဲ့ ဒေးဗစ်ဘတ်ခမ်းပါပဲ။
ကာလီဖိုးနီးယားပြည်နယ်က မိသားစုလေးတစ်စုအတွက် ဒီအဖြစ်အပျက်က အိပ်မက်လိုပါပဲ။ ဒီနေ့မှာ ဒေးဗစ် ဘက်ခမ်းက ရုပ်သံထုတ်လုပ်သူ Ryan Seacrestရဲ့ – “ဒေါက်…ဒေါက်” တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ရဲ့နောက်ဆုံး တံခါးခေါက်မှုအဖြစ် ဘယ်လိုမှထင်မှတ်မထားတဲ့ အမေရိကန်မိသားစုတစ်စုရဲ့အိမ်ဝကို အရောက်သွားပြီး တံခါးခေါက်ခဲ့တာပါပဲ။ ဘတ်ခမ်းရဲ့နောက်မှာတော့ တိုက်ရိုက်ထုတ်လွှင့်မယ့် ကင်မရာသမားအဖွဲ့တွေနဲ့အတူ ဒေါ်လာတစ်သိန်းတန် ချက်လက်မှတ်တစ်စောင်…။
ဒီအစီအစဉ်ကို တင်ဆက်နေတဲ့ Ryan Seacrest က ကြည့်ရှုနေတဲ့ ပရိတ်သတ်တွေကို အသိပေးလိုက်ပါတယ်။ နာမည်ကျော် ဘောလုံးသမားဘတ်ခမ်းဟာ ဂွန်ဇာလက်မိသားစုတို့ရဲ့အိမ်ကို သွားနေပါပြီပေါ့ ။
ဘတ်ခမ်းကိုယ်တိုင်ကလည်း ပင်ပန်းစွာနဲ့ ရုန်းကန်ရတဲ့ မိသားစုဘ၀တွေကနေလာခဲ့တဲ့ ဘ၀နောက်ခံရှိသူ တစ်ယောက်ဖြစ်ခဲ့တာကြောင့် အလုပ်ကို ကြမ်းတမ်းပင်ပန်းမှုအပြည့်နဲ့လုပ်ကိုင်နေကြတဲ့ မိသားစုဘ၀တွေကို ကောင်းကောင်းနားလည်သဘောပေါက်သူတစ်ဦးဖြစ်တယ်လို့ Ryan Seacrest က ပရိတ်သတ်တွေကို ပြောပြ ခဲ့ပါတယ်။
ဘတ်ခမ်း တံခါးခေါက်ခဲ့တဲ့အချိန်မှာတော့ မစ္စဂွန်ဇာလက်အနေနဲ့ ဧည့်သည်က ဘယ်သူဆိုတာ တန်းသိမှာ သံသယဖြစ်စရာမရှိပါဘူး။
မစ္စဂွန်ဇာလက်ရဲ့ အံ့အားတကြီး အော်လိုက်တဲ့အသံက အိမ်နီးနားချင်းအားလုံးနီးနီး ကြားသွားနိုင်လောက် ကျယ်လောင်သွားခဲ့ပါတယ်။
အိမ်ထဲကိုရောက်လို့ ကင်မရာနေသားတစ်ကျရှိသွားချိန်မှာ ဘတ်ခမ်းက " ကျွန်တော် ဒေးဗစ်" ပါလို့ ပြောလိုက်ပါတယ်။ အားလုံးက " ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်တို့ သိပါတယ်" လို့ ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်ကြပါတယ်။
ဒီနောက်မှာတော့ ဒေးဗစ်ဘတ်ခမ်းက မိသားစုဝင်တွေကို အိုင်ဖုန်းအသစ် (၇)လုံးလက်ဆောင်ပေးလိုက်ပါတယ်။ နောက်ပြီးတော့
အံအားတကြီးဖြစ်နေကြတဲ့ ဂွန်ဇာလက်မိသားစုဝင်တွေကို ဘတ်ခမ်းက သူတို့အနေနဲ့ နောက်ဆယ်နှစ်မှာ ဖုန်းပြောဆိုခ ငွေတောင်းခံလွှာ ဘီလ်တွေအတွက် စိတ်ပူဖို့မလိုအပ်တဲ့အကြောင်း ပြောလိုက်ပါတယ်။
ဂွန်ဇာလက်မိသားစုဝင်တွေအတွက် အကြီးမားဆုံး အံ့အားသင့်စရာအချက်တော့ ဘတ်ခမ်းက စာအိတ်ကလေးကို လှမ်းပေးလိုက်တဲ့အချိန်ပါပဲ။ ဘုရားသခင်…. စာအိတ်ထဲမှာက အမေရိကန်ဒေါ်လာ တစ်သိန်းတန် ချက်လက်မှတ်ကလေး…။ မိသားစုဝင်အားလုံး ၀မ်းသာလွန်းလို့ မျက်ရည်ကျမိတဲ့အထိ ဖြစ်ကုန်ကြပါတယ်။
ဘောလုံးအးကစားကို ချစ်ကြတဲ့ လက်တင်မိသားစုတိုင်းက ဘတ်ခမ်းကို ဒီအတိုင်းတော့ သူတို့ အိမ်ထဲကနေ ထွက်ခွင့် ပေးကြမှာ မဟုတ်ပါဘူး။ ဂွန်ဇာလက်မိသားစုကလည်း ဘောလုံးကို အသဲစွဲချစ်ခင်စွဲလန်းတဲ့ လက်တင်မိသားစုဝင်တွေထဲကပဲ မဟုတ်လား။ သူတို့က ဘောလုံးအတူကစားဖို့ ဘတ်ခမ်းကို အိမ်နောက်ဘက် က ပန်းခြံထဲကို ခေါ်သွားကြပါတော့တယ်။
ဘတ်ခမ်းက “ သူတို့ကို တစ်သိန်းတန် ချက်လက်မှတ်ပေးလိုက်တော့ သူတို့အတွက် အများကြီးအဆင်ပြေသွား တယ်။ သူတို့ဘ၀အတွက် အများကြီးအထောက်အပံ့ဖြစ်စေတယ်” လို့ ပြောခဲ့ပါတယ်။
“ ကျွန်တော်ဘ၀မှာ သိတ်ကံကောင်းခဲ့ပါတယ်။ အခုလို အလုပ်ကြိုးစားတဲ့ မိသားစုကို ကူညီနိုင်ခဲ့တဲ့အတွက်ပေါ့၊ အင်မတန် ပျော်ရွင်မိပါတယ်””
( ကော်ပီကူးယူပြီး ပြန်လည်ဖော်ပြလိုပါလျှင် ယခု Page Myanmar Sports New's အားထည့်သွင်းပေးပါရန် )
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။