
- တကယ်လို့များ သမ္မတ ကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ အားလုံးကို ကျွန်မ
ကပဲချမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မက ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ ပါတီရဲ့ ခေါင်း
ဆောင် မို့လို့ပါပဲ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီ
အောင်သာ ကျွန်မတို့က ရွေးချယ်တဲ့သူတစ်ဦး ဖြစ်ပါတယ် လို့များ ဒေါ်စုပြောခဲ့ရင် .....
နားလည် သဘောပေါက်ရပါမယ် လို့များ ဒေါ်စုပြောခဲ့ရင် .......
- တကယ်လို့များ ဘယ်ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ပါတီ ရဲ့ ခေါင်းဆောင်ကပဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါပဲ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူးဆိုတော့လည်း ကျွန်မတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေ အတိုင်း ရှေ့ဆက်သွားနိုင်ဖို့အစီအစဉ်တွေကို လုပ်ကြရတာပဲပေါ့ လို့များ ဒေါ်စုပြောခဲ့ရင် .....
ဒေါ်အောင်ဆန်းစုကြည် အကြီးအကျယ် မှားယွင်းနေပါပြီ။
၁။ ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ပါတီရဲ့ ခေါင်းဆောင်ဖြစ်လို့ သမ္မတကိစ္စနဲ့ပတ်သက်တဲ့
ဆုံးဖြတ်ချက်တွေကို ဒေါ်စုကပဲချမယ်ဆိုရင် ဒေါ်စုဟာ အခြေခံဥပဒေကို ချိုးဖေါက်တဲ့
အာဏာရှင်တစ်ယောက်ဖြစ်သွားမှာပါ။ လက်ရှိ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဝင်ခဲ့
ကြတာဖြစ်တဲ့အတွက် အဲဒီ အခြေခံဥပဒေကို မပြင်ရသေးသမျှ လက်ရှိအခြေခံဥပဒ
ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လေးစားဖို့လိုပါတယ်။
၂။ သမ္မတဖြစ်မယ့်သူမှာ လုံးဝအာဏာမရှိဘူး၊ ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ပြုမူ
ဆောင်ရွက်ရမယ်ဆိုရင် ဥပဒေအထက်မှာ ပါတီရှိနေပါပြီ။ သမ္မတအာဏာကို ပါတီ
စည်းမျဉ်းနဲ့ ကန့်သတ်လို့ ရပါသလား ခင်ဗျာ။
၃။ ဘယ်ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ပါတီရဲ့ ခေါင်းဆောင်ကပဲ
အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါပဲဆိုတာကို သဘောမတူပါဘူးခင်ဗျာ။ ပြည်
သူကို မလှည့်စားပါနဲ့လို့ ပြောချင်ပါတယ်။ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအ
ဖြစ် ဟားဗတ်တက္ကသိုလ်ထွက် အိုဘားမားနဲ့ ယေးလ်တက္ကသိုလ်ထွက် ဟီလာရီက
လင်တန်တို့ ယှဉ်ပြိုင်ခဲ့ကြတာ ဒေါ်စုလို ဒီမိုကရေစီ အိုင်ကွန်ကို အထူးပြောစရာလို
မယ် မထင်ပါ။ လူထုကို ဒီမိုကရေစီအသိပညာတွေနဲ့ လမ်းဖွင့်မပေးဘဲ ဘယ့်နှယ်
ကြောင့် ကိုယ်ဖြစ်ချင်တာတွေကို ဒီမိုကရေစီနိုင်ငံတိုင်းမှာ အဲဒီအတိုင်းချည်းပဲ လုပ်
နေရတာလဲ ခင်ဗျာ။
အထက်ပါ အချက်များကို ပြင်ဆင်နိုင်ပါမှ ဒီမိုကရေစီအနှစ်သာရ ဘာလဲဆိုတာကို
NLD ပါတီဝင်တွေ ခံစားသိရှိလာရမှာဖြစ်ပါတယ်။ ပြည်သူရဲ့ အချစ်တွေကို တန်ဖိုး
ထားပါခင်ဗျာ။ တခြားသူတွေကို ပြောင်းလဲဖို့ပြောနေတဲ့ အန်တီကိုယ်တိုင်လည်း
ပြောင်းလဲဖို့ အများကြီးလိုသေးတယ်လို့ ပြောချင်ပါတယ်။ အန်တီပြောတဲ့ အထက်
ပါအချက်တွေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီပါဘူး ခင်ဗျား ..။
စစ်သားလူထွက်ဖြစ်ပြီး တပ်မတော်ဘက်က ခုခံကာကွယ်ရေးသားလေ့ရှိလို့ စစ်
လော်ဘီလို့ အပြောခံရပါတယ်။ ဒါတောင်မှ တပ်မတော်အကြီးအကဲတွေကိုရော
လက်ရှိ တပ်မတော်ကိုရော ကျွန်တော်ဝေဖန်ပါတယ်။ ဒီမိုကရေစီအိုင်ကွန် အန်တီ့
ကိုလည်း ဝေဖန်မှာပါ။ ဒီမိုကရေစီ နည်းလမ်းမကျရင်ပေါ့။ အန်တီ ရုပ်/ စိတ် ကျန်းမာ
ချမ်းသာပါစေ။ လူထုကို ဖြောင့်မတ်တဲ့လမ်းပြနိုင်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျား .။
ရဲကျော်သူရ
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။