Ads (728x90)

1.8.2015-1 1.8.2015-2 1.8.2015-3
ထူးဖောင်ဒေးရှင်းသည် သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေး ဆိုသည့် မိမိတို့ ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လမ်းညွှန်မှုဖြင့် ရေဘေးကျရောက်ရာ ဒေသများသို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ကိုယ်တိုင် ဦးဆောင်သည် အဖွဲ့သည် ယမန့်နေ့ကတည်းက ပုဂံသို့ ရောက်ရှိကာ ထိုမှတဆင့် ရေဘေးသင့် ဒေသဖြစ်သော ကလေးမြို့သို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေပြီဖြစ်ပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ကြီးမားစွာ ကျရောက်နေသည်ဟု ကြားသိရသည့် ချင်းပြည်နယ် ဟားခါးသို့ ရဟတ်ယာဉ် စေလွတ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုးစားနေပါသည်။
ထူးဖောင်ဒေးရှင်း ၀န်ထမ်းများ ပါဝင်ပြီး အစားအစာများ၊ ဆေးဝါးများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ပစ္စည်းများပါသည့် ကားများသည် ယနေ့ ညနေတွင် ပုဂံသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုမှတဆင့် ရေဘေးသင့် ဒေသများသို့ အဖွဲ့များခွဲ၍ နာယက ဦးတေဇ ကိုယ်တိုင် ဦးဆောင်မည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် ရေပြန်ကျပါက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ လိုအပ်သည်များကို ပံ့ပိုးကူညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် မျိုးစေ့များပေးခြင်းနှင့် စိုက်ပျိုးရသောမြေများပေါ်တွင် ထွက်ယက်စိုက်ပျိုးနိုင်ရန် ကူညီပေးခြင်းများထိ ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
ထူးဖောင်ဒေးရှင်း၏ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုသည့် ပြည်ပမှ အလှူရှင်များကိုလည်း ထူးဖောင်ဒေးရှင်းက ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ လှူဒါန်းလိုသော ပြည်ပအလှူရှင်များ အနေဖြင့် ထူးဖောင်ဒေးရှင်း ရုံးချုပ်၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မင်းဓမ္မကွန်ဒို၊ မြေညီထပ် ဖုန်း(၀၁-၆၅၅၂၈၂၊ ၀၁-၆၅၅၂၇၂၊ (Fax ၀၁-၆၅၅၂၉၂) သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
photo by B2 Charity
1.8.2015-41.8.2015-5

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...