Ads (728x90)

1.8.2015-6
ယနေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းများ၊ ဆက်သွယ်ရေးနှင့် ဆေးဝါးများ တင်ဆောင်သွားသော ထူးဖောင်ဒေးရှင်းမှ B3 ရဟတ်ယာဉ်(၂)စီးသည် ရာသီဥတု ဆိုးရွားသောကြောင့် ပုဂံမရောက်မီ လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ်သည် ပုဂံညောင်ဦးတွင် ရောက်ရှိနေသော ထူးဖောင်ဒေးရှင်း နာယက ဦးတေဇအား တင်ဆောင်ပြီး ချင်းပြည်နယ်၊ ဟားခါးသို့ ဆက်လက် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဟားခါးတွင် ရေကြီးတောင်ပြိုမှုများကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများအားလုံး ပြတ်တောက်လျက်ရှိပြီး ရဟတ်ယာဉ်ဖြင့်ပင် သွားရောက်ရန် ခက်ခဲလျက် ရှိကြောင်းလည်း သိရှိရသည်။
သို့သော် ထူးဖောင်ဒေးရှင်းသည် ချင်းပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင်နိုင်ရန် စီစဉ်လျက် ရှိပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...