Ads (728x90)


ညီလေးရေ...
အမျိုးသားပညာရေးဥပဒေမူကြမ်းကြီးကြောင့် မင်းတို့ ရဲ့ တက္ကသိုလ်အသီးသီးမှာ ကျောင်းပျက်ရက်လုံးဝ မရှိပဲ ကျားကုတ်ကျားခဲ ကြိုးစားနေကြတဲ့ ပညာသင်ကြားမှုတွေကို ပွန်းပဲ့သွားကြမှာ မလိုလားကြတဲ့အတွက် အစ်ကို ဝမ်းသာပါတယ်.။

   ကြိုးစားထား ညီလေး.။ မင်းတို့ ရှေ့ဆက်တိုးလို့ စစ်တပ်/ ရဲ တို့က အကြမ်းဖက် နှိမ်နင်းရင် မင်းတို့နာမည်တွေ နေ့ချင်း၊ ညချင်း သူရဲကောင်း စာရင်းဝင်သွားမယ်.။ နောင်တစ်ချိန် "ပညာရေးဥပဒေ ပြောင်းပြီးမှ အမျှဝေပါ " ဆိုတဲ့ အာတွင်းဖြစ် ဇာတ်လမ်းမျိုးမှာ မင်းတို့က ဇာတ်လိုက်ကျော်တွေ ဖြစ်သွားလိမ့်မယ်.။ အဲဒီထက် ကံကောင်းရင် မင်းတို့ နာမည်တွေနဲ့ နေ့တွေသတ်မှတ်ပြီး မောင်ဖြူနေ့၊ မောင်မဲ နေ့တွေ လို့ ပေါ်လာပြီး ကန်ပိန်းတွေ၊ အီးဗန့်တွေလုပ်ကြ၊ ရဲရဲတောက် ကဗျာတွေ ရွတ်ကြလိမ့်မယ်..။ စိတ်ကူး မမှားကြနဲ့.။ မင်းတို့ ပညာရေးဥပဒေမူကြမ်း မဖတ်ဖူးလည်း ကိစ္စမရှိဘူး..။ အဓိကက မင်းတို့ လုပ်သမျှ အလုပ်တွေကို ရဲရဲတောက် စကားလုံးတွေနဲ့ ဖော်ပြနိုင်ဖို့ပဲ..။ တော်လှန်ရေးကာလမှာ အင်အင်းပါတာ၊ ရှူရှူးပေါက်တာ ကအစ တော်လှန်ရေးလုပ်တာလို့ပဲ ရဲရဲတောက် ကြေငြာရမယ်.။ အနည်းဆုံးတော့ လူရှိန်လိမ့်မယ်။

    စိတ်ကူးမလွဲနဲ့ ညီတို့..။ မင်းတို့ ကျောင်းလည်း မတက်ရဘူး.။ သူရဲကောင်းလဲ ဖြစ်တယ်.။ ဘယ်အချိန်သုံးသုံး အသုံးဝင်တဲ့နည်းလမ်းပဲ ညီလေး..။ ၈၈ တုန်းကပဲကြည့် ညီလေးရာ.။ ဆူပူမှုဖြစ်လို့ စာမေးပွဲမဖြေရတာလား..၊ စာမေးပွဲမဖြေချင်လို့ ဆူပူကြတာလား ဘယ်သူ ပြန်မေးလို့လဲ..။ စိတ်ချပါညီလေး မင်းတို့ အဆင်ပြေမှာပါ.။ ဘာ...တော်လှန်ရေးကြီး မအောင်မြင်တော့ရော ဟုတ်လား.။ မပူပါနဲ့ညီရာ..။ ဒီလို မအောင်မြင်တဲ့ တော်လှန်ရေးကြီးတွေပြီးဆုံးတိုင်း ပြည်သူ့ဘက်တော်သား၊ နိုင်ငံ့အာဇာနည် ဆိုတဲ့ နာမည်တွေခံပြီး နိုင်ငံခြားထွက် သွားတဲ့ ဒုက္ခသည် သူဌေးကြီးတွေ အများကြီးကွ..။ ဒါတင်မကဘူးနော်.။ နောင်တစ်ချိန် ပြည်တွင်း ပြန်ဝင်ပြီး ပါတီပြန်ထောင်ပြီး ရွေးကောက်ပွဲ ဝင်လို့လဲ ရသေးတယ်.။ ဘာ.. အဖမ်းခံရရင်ရော ဟုတ်လား..။ ဟာ.. ညီလေးရယ်... အဖမ်းခံရရင် ပြည်ပတောင် ထွက်စရာမလိုဘူး.။ မင်းထွက်လာတာနဲ့ ပြည်သူ့ဘက်တော်သားဖြစ်ပြီး အလှူခံရုံပဲ ညီ.။ မြန်မာပြည်မှာ ဘာမှ မလုပ်ပဲ ချမ်းသာတဲ့ လူနည်းစုထဲမှာ အဲဒီလို လူတွေပါတယ် ညီလေး..။ စိတ်ကူးမလွဲနဲ့ညီလေး..။ အခွင့်အရေးဆိုတာ နှစ်ခါပြန်မလာဘူး..။

မင်းအစ်ကိုကြီး
၀၀၇ မျိုးဆက် ကျောင်းသားဟောင်း
ရဲရဲတောက်ငမိုး
(ပူးတွဲဥက္ကဌ - ကျောင်းမတက်ကျောင်းသားများသမဂ္ဂနှင့် ကျောင်းမတက်ပဲစာမွဲအောင်မြင်ရေးကွန်ယက်)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...