Ads (728x90)



ချောင်းဦးမြို့နယ်၊ အနိမ့်ရွာမှာ ပြု့ လုပ်တဲ့ စာပေဟောပြောပွဲမှာ NLD ပါတီဗဟိုပြန်ကြားရေးအရာရှိ ထင်လင်းဦး က သံဃာတော်တွေကို မိုက်ရိုင်းစော်ကား ပြောကြားခဲ့တယ်လို့ သိရတယ်။ထင်လင်ဦးဆိုတဲ့ နာမည်ကို စကြားဖူးတာ ၂၀၁၄ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် Politics နိုင်ငံရေးဂျာနယ်ပါ " လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေး မီးကွင်းပစ်မည့်သူများ " ဆောင်းပါးရှင်အဖြစ်ပါ။အခုတစ်ခေါက်လည်း ဦးဝိစာရပွဲအမည်ခံပြီး ဦးဝိစာရမှ အားမနာ သံဃာတော်တွေကို သူ့ ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စော်ကားပြသွားပြန်ပါတယ်။ " မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်ပါဆိုသူတွေက အဲဒီ မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာ အမှန်၊ ငါပြောတဲ့အတိုင်း လိုက်လုပ်လို့ ပြောနေတာ မှန်သလား? မှန်သလား? " လို့ပြောပါတယ်။ထင်လင်းဦး ခင်ဗျာ ဗုဒ္ဓဘာသာဖြစ်လျှက်နဲ့ သံဃာ့ဂုဏ်တော် ကိုးပါးကို သိပုံမရပါဘူး။သံဃာ့ဂုဏ်တော် ၉ ပါးမှာ ပါတဲ့ ဥဇုပ္ပဋိပန္နော ဆိုတဲ့ ဂုဏ်တော်ကို အနက်အဓိပ္ပာယ်ဖွင့်ရင် " ဖြောင့်မတ်စွာကျင့်ကြံတတ်သော သံဃာတော်မြတ် " လို့ အဓိပ္ပာယ်ရပါတယ်။

။ဖြောင့်မတ်ခြင်းနဲ့မှန်ကန်ခြင်းဆိုတာအရေးအသားကွဲပေမယ့်အဓိပ္ပာယ်ကတော့အတူတူပါပဲ။အမှန်တရား
တစ်ခုကိုပြောနေရင် မှန်တာက မှန်တာပါပဲ။မှန်တာတွေပြောနေလို့ ငါပြောတာမှန်တယ် ဆိုရင်
လက်ခံရဲရပါမယ်။ဒါက ဓမ္မပါ၊အဓမ္မမဟုတ်ပါဘူး။မှန်တာပြောလို့ မှန်သလားမေးရင် မှန်တယ်လို့
ပြောရမှာပါ။မပြောရဲရင် လူဖျင်းလို့သတ်မှတ်ပါမယ်။ကိုယ့်ကောင်းဖို့အတွက်ဆို သူများတိုက်တွန်းမှ မဟုတ်ပါဘူး။ကိုယ်ပိုင်အသိဥာဏ်နဲ့ လုပ်မှ လူတော်ပါ။သံဃာတော်တွေကတော့ ဒကာ၊ဒကာမ တွေ
ကောင်းဖို့အတွက် ကောင်းတာတွေပြောပြီး လုပ်ခိုင်းရင် လုပ်ရမှာပါပဲ။" မကောင်းမြစ်တား၊ကောင်းရာကိုလှစ်၊အသစ်ဟောကြူး၊နာဖူးထပ်မံ၊နတ်ထံတင်ရာ၊မေတ္တာလည်းပြု့ ရဟန်းမှု့ " ဆိုတဲ့ ရဟန်းဝတ် ကိုလည်း ထင်လင်ဦးကြားဖူးပါစ။ဆက်လက်ပြီး ထင်လင်းဦးက "

ကျွန်တော် အဲ့တာကို သိစေချင်တာ၊ ဒီနေ့ အဲဒါကို ကျွန်တော် မပြောဘူးလို့ နေတာ ဒါပေမဲ့ ကျွန်တော်ကို မပြောပါနဲ့လို့ လာပြောတော့ အဲဒီစကားပြောတာ ဒါပဲ၊ ရှင်းရှင်းလေးပဲ။ ကျွန်တော်ဘာသာ ကျွန်တော် အဲဒီစကား မပြောဘူး ဒါပေမဲ့ ကျွန်တော်ကို ဆရာ အဲဒီစကားမပြောပါနဲ့လို့ပြောရင် ဒီမိုကရေစီဗျ ကျုပ်ပြောချင် ပြောမယ်။ ကျွန်တော်ပါးစပ်က ခင်ဗျားဆီက လပေးနဲ့ ငှားထားတာ မဟုတ်ဘူး ရှင်းလား? ကျွန်တော်ပါးစပ် ကျွန်တော်ပိုင်တယ်။ " လို့ ဆိုလေရဲ့ ။NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကိုဂုဏ်သိက္ခာထိခိုက်အောင်ပြောရင် တရားစွဲမယ်ပြောတယ်၊ထင်လင်းဦးကတော့ ပါးစပ်ပါတိုင်း ပြောမယ်တဲ့။တော်တော်တရားမျှတတဲ့ ပါတီလို့ ချီးကျူးပါရဲ့ ။ဒီမိုကရေစီဆိုတာ လုပ်ချင်တိုင်းလုပ်ခွင့်ပေးထားတဲ့ လိုင်စင်မှမဟုတ်တာ။ထင်လင်းဦး ခင်ဗျာ ဒီမိုကရေစီပါတီဝင် တစ်ယောက်ဖြစ်ပြီး ဒီမိုမဆန်ပဲ ဂျလေဘီဆန်တာ တွေ့ရတော့ သနားစရာလူသားလို့တောင် သတ်မှတ်ရမလို့ဖြစ်နေတယ်။ဒီိမိုကရေစီဆိုပြီးပါးစပ်ပါလို့ပြောတယ်လို့တော့ ပြောတတ်တယ်။မပြောပါနဲ့လို့
လာတားတဲ့ သူတွေရဲ့  ဆန္ဒကိုတော့ ဒီမိုကရေစီနည်းအရ ထင်လင်းဦး ထည့်စဉ်းစားပုံမရ။
ထင်လင်ဦးပြောတဲ့ ဒီမိုကရေစီက ငါနဲ့မတူငါ့ရန်သူဆိုတဲ့ ဒီမိုကရေစီ ဖြစ်နေပြီ။ဒီမိုကရေစီ
ခေတ်ရောက်တာတောင်မှ တရားမျှတမှု့  မရှိချင်တဲ့ ထင်လင်းဦးတစ်ယောက် ဘယ်လောက်အတွေးခေါင်လည်း စဉ်းစားကြည့်ပေါ့ဗျာ။ပါးစပ်ပါတိုင်း ပြောတယ်ဆိုတဲ့ ထင်လင်းဦး ဆက်ပြီး အတွေးတိမ်ပုံက " သေချာတာက မြတ်စွာဘုရား ဗမာလူမျိုး မဟုတ်ဘူး၊ ရှမ်းလူမျိုးရော ဟုတ်လား? မဟုတ်ဘူး၊ ကချင်လား? မဟုတ်ဘူး၊ ကရင်လူမျိုးလား? မဟုတ်ဘူး၊ ရခိုင်လူမျိုးလား? မဟုတ်ဘူး၊ မြတ်စွာဘုရား ချင်းလူမျိုးရော ဟုတ်လား? မဟုတ်ဘူး၊ သေချာတာက မြတ်စွာဘုရားသည် ကျွန်တော်တို့ နိုင်ငံထဲက တိုင်းရင်းသား ဟုတ်လို့လား? မဟုတ်ဘူးနော်၊ မဟုတ်ဘူး၊ အကိုတို့ အမတို့ အဲဒါသိရဲ့လား? မြတ်စွာဘုရားက မြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ဘူးနော် ဟုတ်လို့လား? ကောင်းပြီ
ကျွန်တော်တို့ ဒီနေ့ကစပြီး မကိုးကွယ်ကြနဲ့၊ မကိုးကွယ်ကြနဲ့။ ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရားကို မကိုးကွယ်ကြနဲ့။ ကျုပ်တို့ အမျိုးမဟုတ်ဘူး။ ကန်တော့ပါရဲ့။ ကျွန်တော်ပြောတာရှင်းလား? ရှင်းမယ်ထင်ပါတယ်၊ မြတ်စွာဘုရား ရခိုင်မဟုတ်ဘူးလေ။ မြတ်စွာဘုရား ရှမ်းမဟုတ်ဘူး၊ မြတ်စွာဘုရား မြန်မာ အမျိုးသားမဟုတ်ဘူး၊ ကချင်လူမျိုးမဟုတ်ဘူး အကိုတို့ အမတို့ ဘာလို့ ကိုးကွယ်လဲ? ဘာလို့ရှိခိုးလဲ? ကိုယ်တောင်မှ ဒီမြတ်စွာဘုရားက နှာခေါင်းချွန်သလား? မျက်လုံးပြူးသလား? မျက်ခုံးမွှေးကောင်းလား? မသိဘဲနဲ့ ကျွန်တော်တို့ ဘာဖြစ်လို့ ဦးချကန်တော့နေတာလဲ?

သူပြောခဲ့တဲ့ သူဟောကြားဆုံးမခဲ့တဲ့ တရားတွေကြောင့် မဟုတ်လား? ကောင်းပြီ၊ ကြိုက်တယ် အဲဒီတရားထဲမှာ ဟိုလူမျိုးကိုသတ် မုတ်ဆိတ်မွှေးနဲ့မို့လို့၊ ဒီလူမျိုးကိုပေါင်း မျက်စိမှေးမှေး အသားဖြူဖြူနဲ့လူမို့လို့ ပါသလား? ပါသလား? " လို့ မျိုးချစ်တွေနဲ့ မြတ်စွာဘုရားကို ရန်တိုက်နေလေသေး။အမျိုးကိုချစ်ရင်
မြတ်စွာဘုရားကို မကိုးကွယ်နဲ့တဲ့ ဘာလို့လဲဆိုတော့ လူမျိုးမတူလို့တဲ့။ကိုယ့်အမျိုးကို ချစ်တာ ကမ္ဘာပေါ်က နိုင်ငံတိုင်းအားလုံး လိုလိုပါပဲ။မြတ်စွာဘုရားကို ကိုးကွယ်တာက ကိုးကွယ်တာပဲ၊ကိုယ့်အမျိုးကိုချစ်တာ ချစ်တာပဲ။ထင်လင်းဦးခဗျာ မျိုးချစ်သမားတွေကို ပြောလို့ရပြီးရောဆိုတဲ့ ဒီဇိုင်းနဲ့ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်ထားတာတွေ့ရတယ်။ထင်လင်းဦး ပြောသလို ဟိုလူမျိုးသတ် ဒီလူမျိုးသတ်ဆိုတာ ဗုဒ္ဓဘာသာမှာမရှိဘူး၊အခြားဘာသာမှာပဲရှိတယ်။

ထင်လင်းဦးခဗျာ ဒီအရွယ်အထိ ဗုဒ္ဓဆင်းတုတော်တွေ၊ရုပ်ပုံတော်တွေမြင်ဖူးပုံ မပေါ်ရှာဘူးထင်ပါရဲ့ ။အခုခေတ် ၆နှစ်အရွယ်ကလေးတောင်ဖူးဘူးတဲ့ မြတ်ဗုဒ္ဓပုံတော်ကို မိစ္ဆာဒိဋ္ဌိ ထင်လင်းဦးခဗျာ မတွေ့နိုင်မမြင်နိုင် ဖြစ်နေလားမသိဘူးဆိုပြီး ဂရုဏာတောင်သက်မိပါရဲ့ ။ဒီလူမျိုးကိုသတ် မုတ်ဆိတ်မွှေးနဲ့ မို့ ဒီလူမျိုးကိုပေါင်း မျက်စိမှေးမှေးအသားဖြူဖြူ နဲ့လူမို့ လို ဘုရားဟောတရားထဲမှာ ပါသလားဆိုပြီး ထင်လင်းဦးက အတိုက်အခံတို့ ရှေးထုံးအတိုင်း ကုလားဘက်လိုက် တရုတ်မကောင်းပြောထားတာ
တွေ့ရပါသေးတယ်။ကိုယ့်အမျိုးအနွှယ်ကို ပျက်စီးအောင်ကြံရင် မြတ်စွာဘုရားက ဘယ်လိုပြု့မှုသလဲဆိုတာတော့ ဇာတ်နိပါတ်တော်တွေထဲက ကြက်မင်းဇာတ်နဲ့ဝက်မင်းဇာတ်ကို ထင်လင်းဦး လေ့လာလိုက်ပါဦးလို့ အကြံပေးချင်တယ်။ထင်လင်းဦးကဆက်ပြီးတော့ "

အကိုတို့ အမတို့ကို ကျွန်တော်မေးမယ်။ အကိုတို့ အမတို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာစစ်စစ်လို့ ခံယူလား? ကောင်းပြီ ကျွန်တော် မေးခွန်းမေးမယ် ၈၈ အရေးအခင်းမှာ ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး မအော်ခဲ့ဘူးလား? တခွန်းလောက်မေးချင်တယ် ဒီမိုကရေစီရရှိရေး မြအေးမပါရ၊ ကိုနီမပါရလို့ အော်လား? မြအေးက လူမဟုတ်ဘူးလား? ကိုနီရော လူပဲလား?

ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ လို့ ခင်ဗျား မေတ္တာပို့လျက်သားနဲ့ ဘာကိစ္စဖြစ်လို့ မြအေးနဲ့ ကိုနီကို မုန်းရတာတုံး၊ ငြိမ်သွားသလား? ဇဝေဇဝါဖြစ်သွားသလား? ဟုတ်ပါတယ် ဆိုလို့ရှိရင် ခင်ဗျား သေသေချာချာ လေ့လာ၊ ဒါပေမဲ့ ဘယ်သူ့ကိုတော့ မေတ္တာမထားနိုင်ဘူးဆိုရင် ယင်ဗျား ဗုဒ္ဓဘာသာ အရေခြုံ အရောင်ဆောင် ကလိမ် ဒါပဲ " လို့ ပညာရှိစကားဆိုထားလေရဲ့ ။ဒီမိုကရေစီတောင်းကတည်းက မြန်မာ့နိုင်ငံနယ်နမိတ်အားလုံးထဲက လူတွေအကုန်လုံးအတွက်ဆိုတာ ထူးပြောစရာမရှိပါဘူး။ထင်လင်းဦးပြောသလို မြအေးမပါရ လို့အော်ခဲ့ရင် ၈၈ကျောင်းသား
ခေါင်းဆောင်မြအေးဆိုပြီး နာမည်ရလာမှာတောင်မဟုတ်ဘူးဆိုတာ သတိမှုသင့်တယ်။ပုခုံးနှစ်ဖက်ကြား
ကခေါင်းပေါက်တိုင်း လူလို့မခေါ်ဘူး ထင်လင်းဦးရေ လူစိတ်ရှိမှလူလို့ခေါ်တာ။ကိုယ့်ကို
သတ်မှာကြောက်ရင် သူများကိုလည်းမသတ်နဲ့လေ။ကိုယ်သေမှာကြောက်ပြီးသူများမှသတ်ချင်ရင်တော့ အဲ့လူကို လူယုတ်မာ၊လူ့အောက်တန်းစားလို့သတ်မှတ်ရမှာပဲ။ကိုနီနဲ့မြအေးကို ဘာလို့ပြည်သူတွေမုန်း
နေကြလဲတကယ်မသိတာလား ထင်လင်းဦး။မသိရင်တော့ ပြောပြရမှာပေါ့၊ကိုနီရော မြအေးရော ပါးစပ်ကသာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအသက်ပေးကာကွယ်မယ်လေးဘာလေးနဲ့ ပြည်ထောင်စု
ကိုဖြိုခွဲမယ့် ရိုဟင်ဂျာတွေနဲ့ပက်သက်ပြီး ရိုဟင်ဂျာမရှိကြောင်း၊ရိုဟင်ဂျာကိုကန့်ကွက်ကြောင်း ကိုနီရောမြအေးပါ သဘောထားထုတ်ပြန်ချက် ထုတ်ခဲ့ဘူးလား။NLD ပါတီက ပါတီအနေနဲ့ ရိုဟင်ဂျာမရှိကြောင်း သဘောထားထုတ်ပြန်တယ်။ကိုနီက " အာရကန်ဒေသအတွင်းမှ
အမှန်တရားရှာဖွေနေသော ရိုဟင်ဂျာများ " ဆိုတဲ့စာအုပ်ကိုထုတ်တယ်။ဒါဟာ ရိုဟင်ဂျာမရှိဘူးဆိုတဲ့
ပြည်သူတွေကို စော်ကားတာမဟုတ်လို့ဘာလဲ ထင်လင်းဦး။ရဲရဲဖြေပါ။ရိုဟင်ဂျာကိုတစ်နိုင်ငံလုံး
လက်မခံတာနော်။ကိုနီကတစ်နိုင်ငံလုံးကိုစော်ကားတာတော့ ထင်လင်းဦး ပါးစပ်မဟဘူး။
မြအေးလည်းဘာထူးလဲ ? အဓိကရုဏ်းမှာ ရှင်သောဘိတအသတ်ခံရတဲ့အထိ မလှုပ်ဘူး။ဗလီမီးလောင်မှ အူယားဖားယားပြေးလာတယ်။ရှင်သောဘိတကိုသတ်တဲ့ကုလားဘက်က ကိုနီရှေ့ နေလိုက်ပေးတယ်။မြန်မာပြည်မှာနေ မြန်မာပြည်မှာကြီး မြန်မာလူထုအပေါ်သစ္စာမရှိတော့ ကိုနီနဲ့မြအေးကို မြန်မာတွေမုန်းတာဘာဆန်းလဲ။မြန်မာတွေဘက်လိုက်ခိုင်းတာမဟုတ်ဘူးနော်။တရားမျှတမှု့ မရှိ တာကိုပြောတာ။ကိုနီကရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်အောင် ၈၂နိုင်ငံသားဥပဒေကို
ပြင်ခိုင်းတယ်။ပြည်သူတွေက ၈၂ နိုင်ငံသားဥပဒေကို ထောက်ခံတယ်။ဗုဒ္ဓအယူအဆနဲ့ ကြည့်ရင် ကံ ကံ၏အကျိုးပဲ ထင်လင်းဦးရေ။မေတ္တာဆိုတာ အသွားအပြန်ရှိတယ်။မေတ္တာပို့ပြီးရင် ကိုယ်ကလည်း သူများပို့တဲ့ မေတ္တာကိုပြန်ခံယူရတယ်။သူတို့ကရော ကိုယ်တွေကို မေတ္တာပြန်ပို့လား။
ထင်လင်းဦး မေတ္တာရော ပို့ဖူးရဲ့ လား။မေတ္တာအထားခံချင်ရင် မေတ္တာအထားခံရအောင်နေပေါ့ ထင်လင်းဦးရေ။ထင်လင်းဦးက သကျသာကီဝင်အကြောင်း သိသမျှလေးပြောပြီး "

ငါတို့က ဒို့ဗမာ သာကီမျိုးပါလို့ ပြောတိုင်းမှာ မှတ်ထားပါ အကိုက နှမကို မိန်းမလုပ်တာ အကိုက နှမကို ယူတဲ့အမျိုးကို သာကီမျိုးလို့ခေါ်တယ် သာကီမျိုးလို့ခေါ်တယ် လူတောထဲ ထုပ်မပြောသင့်တဲ့ ကိစ္စကြီးဗျာ အတိတ်ကာလမှာ ညီအကို မောင်နှမချင်း မျိုးရိုးစောင့်ရှောက်ဖို့ လုပ်ခဲ့တာ ဒီလိုခေတ်ကြီးမှာ ဒီလို ပြောစရာလား ညီတို့ နှမတို့ နင်တို့ ငါ့ညီတွေ နှမကို ယူကြမှာလားဟေ့ ယူမှာလား? မယူပါဘူးဗျို့။ အဲဒီလိုဆို မင်းသာကီမျိုးလို့ မပြောနဲ့ကွာ နှမလေးတွေ အကို ကို ယူမှာလားဟေ့ မယူရင် သာကီမျိုးလို့ မအော်နဲ့ကွာ၊ ကိုယ်ပြောတဲ့စကား ကိုယ်နားလည်မှ ကောင်းတာကွ သိလား? " လို့ ခပ်ကြောင်ကြောင်ပြောထားလေရဲ့ ။ထင်လင်းဦး ခဗျာ သမိုင်းမသိလို့ ရမ်းတုတ်ပုံကတော်တော်ရယ်ရသဗျာ။ဗမာတွေက သာကီမျိုးလို့ ဘာလို့ဂုဏ်ယူသလဲရှင်းပြရရင် ဘီစီ ၆ ရာစုလောက်ကတည်းက မန္တလေးမြို့ မြောက်ဘက် ၁၂၇ မိုင်အကွာ၊ဧရာဝတီမြစ်အရှေ့ ဘက်မှာ သာကီဝင်တွေဖြစ်တဲ့ ကံရာဇာ၊အဘိရာဇာ၊ဓဇရာဇာတို့က တကောင်းမြို့ ကိုတည်ထောင်ခဲ့လို သူတို့မျိုးရိုး မြန်မာတွေဟာ ဗုဒ္ဓမျိုးရိုး၊ဗုဒ္ဓသွေးဖြစ်တဲ့ သာကီဝင်တွေလို့ လက်မထောင်ဂုဏ်ယူခဲ့တာ ထင်လင်းဦးရေ … သမိုင်းလေးဘာလေး လေ့လာပါဦးလို့ အကြံပေးချင်ရဲ့ ။ကိုယ်ပြောတဲ့စကား ကိုယ်နားလည်မှဖြစ်မယ် ထင်လင်းဦးရေ။ထင်လင်းဦးက သံဃာတွေကို ဘယ်လောက်စော်ကားထားသလဲဆိုတာ နိဂုံးချူပ်အနေနဲ့ တင်ပြချင်ပါတယ်။ "

ကျုပ်တို့တတွေ အကုန်လုံး ကတုံးကြီးတွေတုံးပြီးတော့ သင်္ကန်းပတ်လာရင် ဖင်ကုံးဦးချတာပဲ
ဆဒ္ဒန်ဆင်မင်းကို ဘယ်သူသတ်လဲ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကြီးကို ဘယ်သူသတ်လဲ သောနုတ္တရ
မုဆိုးကြီးမဟုတ်လား? အဲဒီသောနုတ္တရမုဆိုးကြီး ဆဒ္ဒန်ဆင်မင်းကို အောက်ကနေ မျှားနဲ့ပစ်တော့ ဆဒ္ဒန်ဆင်မင်းကြီးက သိတယ် ဒီမျှားက အထက်က မလာဘူးတဲ့ အောက်ကလာတာ အဲ့တော့ ဦးပုည စာထဲကအတိုင်းပြောရင် ဘူမိမြေယက် ခွာတော်နဲ့ယှက်လိုက်တာတဲ့ ခွာတော်နဲ့ယှက်လိုက်တာဆိုတာ ဖနောင့်နဲ့ ပေါက်လိုက်တာပေါ့။ အောက်က မုဆိုး ဘွားကနဲပေါ်လာတယ် သောနုတ္တရမုဆိုးပေါ်လာပြီ အဲဒီတော့မှ ဒီမုဆိုးကို သတ်မယ်ဆိုပြီးတော့ နှာမောင်းနဲ့ပတ်ပြီး ဆွဲထုတ်လိုက်တဲ့
အချိန်မှာ သေချင်းဆိုးတော့မယ်ဆိုတာ သောနုတ္တရ မသိဘူးလား? သိတယ် အဲ့တော့ဘာလုပ်လဲ ဘာလုပ်တုန်းဟေ့ ကိုယ်ပေါ်က သင်္ကန်းလေးကို ဖြတ်ကနဲချွတ်ပြီးတော့ ခေါက်ပြီး ဘယ်ပေါ်တင်ပေးလိုက်တုန်း နှာမောင်းပေါ်တင်ပေးလိုက်တယ် သောနုတ္တရမုဆိုးလည်း သင်္ကန်းပတ်ခဲ့တာပဲကွ မင်းတို့ နားလည်လား? အဲဒါသိစေချင်တာ… အဲဒါသိစေချင်တာ။
တို့ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်၊ အဲဒါသိစေချင်တာ အဲဒါသိစေချင်တာ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်။

ညနေကကြားရတယ် ဗုဒ္ဓဘာသာ သူတော်စင်တွေ သွေးအေးလို့ မနေသင့်ပြီ ဟဘာလုပ်တာတုန်း အဲဒါက ဘာတုန်း အဲဒါ ရန်တိုက်ပေးတာ နားမလည်ပဲနဲ့၊ ဗုဒ္ဓဘာသာရှင်လူများ သွေးအေးလို့မနေသင့်ပြီ
သွေးအေးသေလိုက်ပေါ့ကွာ " တဲ့။ထင်လင်းဦးက ဘုရားလောင်းဆဒ္ဒန်ဆင်မင်းဟာ သင်္ကန်းကြောင့်ပဲ
သေသလိုလိုနဲ့ ပြောဆိုထားပြီး သင်္ကန်းကြောင့် သောနုတ္တရမုဆိုးအသက်ချမ်း
သာခဲ့ရတာတော့ မြင်ပုံမပေါ်ပါဘူး။( သင်္ကန်းဝတ်မကောင်းကြောင်းပြောချင်လို့ သင်္ကန်းမကောင်းကြောင်း
ပြောတာတော့ မဆန်း )ဘုရားလောင်းဆင်မင်းဟာ စွယ်တော်ကိုကြည်ကြည်ဖြူဖြူနဲ့ ပေးခဲ့တာပါ။
သောနုတ္တရ သင်္ကန်းပတ်ခဲ့ပေမယ့် မုဆိုးက ဘုရားသားတော်မဟုတ်ပါဘူး။ထင်လင်ဦး စော်ကားနေတာက ဘုရားသားတော်ရဟန်းစစ်စစ်တွေပါ။ထင်လင်းဦးဟာသံဃာမကောင်းကြောင်းပြောချင်တာနဲ့ သောနုတ္တရကို
သေဖော်ညှိနေပါတယ်။ဖြစ်သင့်တာက ထင်လင်းဦးအနေနဲ့ သူမကျေနပ်တဲ့ သံဃာတော်ဆီသွားပြီး သံဃာစစ်မစစ် ဝိနည်းတွေ၊တရားဓမ္မတွေရှိမရှိမေးသင့်တာပါ။အခုလိုဥာဏ်တိမ်ပြီးသင်္ကန်းဝတ်လို့
စော်ကားတော့အပယ်ကတော့ တန်းနေပါပြီ။ဘာမဆိုင်ညာမဆိုင် သင်္ကန်းဝတ်က ဗုဒ္ဓဘာသာကို ဖျက်စီးနေတယ် ဆိုထားသေးပါတယ်။သုဝဏ္ဏဘူမိခေတ်က အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ် ၊ပုဂံခေတ်က အရှင်အရဟံ စတဲ့ သင်္ကန်းဝတ်တွေသာ ရောက်မလာခဲ့ရင် ထင်လင်ဦး တစ်ယောက် " သြကာသ " တောင်ဘာမှန်းမသိမှာသေချာပါတယ်။သံဃာတွေက နိဗ္ဗာန်ရောက်ကြောင်းဟောသလိုနိဗ္ဗာန်
လမ်းကြောင်းမပျောက်ရေးတွေကိုလည်းဟောပြောတယ်။ဒါမှဗုဒ္ဓလမ်းစဉ်ဖြစ်တဲ့ သတ္တဝါတွေကယ်တင်ရေးအတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ကြိုးစားအားထုတ်ခဲ့မှု့တွေဟာ
အရာထင်ပါလိမ့်မယ်။ထင်လင်းဦးက " ဗုဒ္ဓဘာသာ သူတော်စင်တွေ သွေးအေးလို့ မနေသင့်ပြီ ဟဘာလုပ်တာတုန်း အဲဒါက ဘာတုန်း အဲဒါ ရန်တိုက်ပေးတာ နားမလည်ပဲနဲ့၊ ဗုဒ္ဓဘာသာရှင်လူများ သွေးအေးလို့မနေသင့်ပြီ သွေးအေးသေလိုက်ပေါ့ကွာ " လို့ မျိုးချစ်တွေကို ပါးစပ်စည်းမရှိပဲ ရိုင်းစိုင်းစော်ကားနေပါသေးတယ်။သွေးအေးမနေသင့်ဘူးဆိုတာ ကိုယ့်အမျိုး၊ဘာသာ၊
သာသနာ ကိုကာကွယ်ဖို့ သတိပေးတာကို ဒဲ့ပြောရရင် ကုလားဘက်က လိုက်ပြီး ရန်တိုက်ပေးတယ် ဘာတယ်နဲ့ အသားထဲကလောက်ထွက်ပြနေပါတယ်။တကယ်တမ်းသေသင့်နေတာက ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး၊ကိုယ့်ဘာသာကိုယ့်သာသနာကို ပြစ်မှားစော်ကားနေတဲ့ ဆန်ကုန်မြေလေးအသား
ထဲကလောက်တွေလို့ ထင်လင်းဦးကိုသတိပေးချင်ပါတယ်။ထင်လင်းဦးနဲ့ပက်သက်ပြီး နောက်ဆုံးစိတ်ဝင်စား
တာက ထင်လင်းဦးရဲ့  ပါးစပ်သရမ်းမှု့ကို NLD ပါတီဥက္ကဌအနေနဲ့ ဘယ်လိုအရေးယူမှာလဲဆိုတာပါ။
ထင်လင်းဦးကို အကြံပေးချင်တာက ထင်လင်းဦးအနေနဲ့ သံဃာတော်တွေကို ဥာဏ်လေးတစ်ထွာ
တစ်မိုက်နဲ့ စော်ကားမှုအတွက် ဝန်ချတောင်းပန်ပါ။တာဝန်ရှိတဲ့ NLD ပါတီအနေနဲ့ ထင်လင်းဦး ကိစ္စ အရေးယူဆောင်ရွက်မှု့မရှိရင်ပြည်သူလူထုတွေကလုပ်သင့်တာလုပ်လိမ့်မယ်လို့ ပြည်သူထဲက ပြည်သူတစ်
ယောက်အနေနဲ့ သတိပေးလိုက်ရပါတယ်။


မောင်မိုးထက်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...