Ads (728x90)


စကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ NLD ပါတီက ကိုမျိုးဝင်း တာဝန်ယူကျင်းပတဲ့ ဆရာတော်ဦးဝိစာရ
နေ့ အမည်တက်ပြီး NLD ပါတီကတာဝန်ခံကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့ပါသော ဆရာထက်လင်းဦး ခင်ဗျာ…ဆရာဟောပြောသွားတာ

အားလုံးကောင်းပါတယ်ဆရာ

ကျေးဇူးလဲတင်ပါတယ်ဆရာ ဆရာလိုဆရာမျိုးလဲ ရှိသေးပါလားလို့သိရတဲ့ အတွက်ကြောင့်ပါဆရာ
နောက်ပြီးဆရာက ချောင်းဦးဟောပြောပွဲမှ ဆရာမျှော်မှန်ထားသလိုမျိုး Hero လဲဖြစ်ခဲ့ပါတယ်ဆရာ
ရှင်းရှင်းပြောရရင် နာမည်ကြီးချင်လို့ အမိုက်ခံတဲ့ သူရဲကောင်းပေါ့ဆရာရယ်….

ဆရာပြောတာ မှန်ပါတယ် မြတ်ဗုဒ္ဓက မြန်မာလူမျိုး မဟုတ်သလို ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း စတဲ့ တိုင်းရင်းသားလဲ မဟုတ်ပါဘူး ဆရာပြောချင်တာက ကျုပ်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓက
ကုလားလူမျိုးလို့ပြောချင်တာပဲ ဆရာရယ် ရဲရဲပြောလိုက်ပါ ဆရာကြောက်နေတာလား..မဟုတ်လောက်ပါ
ဘူးနော်ဆရာ….ခက်တာက ဆရာရယ် ခင်များကအသိခေါက်ခက် အ၀င်နက်ဆိုတဲ့ မြန်မာစကားပုံလိုဖြစ်နေမလားပဲ ..နော်…ဆရာဆရာကြားဖူးမှာပါ

“လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊
မမှီဝဲနဲ့ ကင်းအောင်နေ ။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲစည်းကပ် နည်းယူစေ ။
သုံပါးရတနာ မိဘများနဲ့ ၊
ဆရာသမားကိုပူဇော်လေ ။
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေး သုံးချက်ပေ ။
အဲတာမှ ဗုဒ္ဓ၀ါဒ ကမ္ဘ့မင်္ဂလာတွေ ။

အဲတာ မင်္ဂလသုတ်က ကဗျာလေးပါဆရာ ဆရာသိမှာပါနော် ။ဆရာဗဟုသုတ နည်းလို့မသိဘူးဆိုရင်လဲ အခုသိရပြီမလားဆရာ။ ကဗျာလေးကို ရွတ်ကြည့်ပါ ဆရာ ။ဆရာလဲဆ၇ာတစ်ယောက်ဆိုတော့ ဒီလောက်တော့ အမယ် မထင်ရဲပါဘူးဆရာ…ဒါပေမဲ့ ခုလက်ရှိအနေအထားကလေဆရာ စကားပံလေးတစ်ခုလိုပေါ့ ဘာလဲ မီးလောင်လို့တောင်မှ မပြေးဘူးတဲ့ လူက အပြေးလေ့ကျင့်ရေးမှာ သင်တန်းဆရာနေရာတာဝန်ယူထားသလိုပေါ့ဆရာရယ် ..ဒါပေမဲ့ ဆရာကတော့ တော်လောက်
ပါတယ်..နော်..ဆရာ..

နောက်ပြီး ဆရာပြောတဲ့ ဘာလဲ သောနုတ္ထိုရ် မုဆိုးကို ဆဒ္ဒန်ဆင်မင်းက သတ်ခါနီးမှ ဘာကြောင့်
မသတ်တော့ပဲ မုဆိုးကို လွှတ်ပေးလိုက်တာလဲ ?ဆရာပြောတာနော် ဆင်မင်းကသတ်တော့မဲ့ဆဲဆဲမှာ မုဆိုးကြီးက ဆင်မင်းရဲ နှာမောင်းပေါ်ကို သင်္ကန်းစလေးတင်လိုက်တာမြင်လို့ ဆင်မင်းက မသက်ပဲ သူ့မှာဖြစ်ပေါ်နေတဲ့ ဒေါသတွေ ကင်းပျောက်ပြီးတော့ အစွယ်ကိုတောင် ဖြတ်ပေးလိုက်တယ်နော်..
ဆရာပြောတာက ဆင်မင်းဘာကြောင့်သေတာလဲ သိလား

အဲသင်္ကန်းဝတ်တွေ ကြောင့်သေတာလို့ ပြောခဲ့တယ်နော်ဆရာ

ဒါကလဲရှင်းရှင်းလေးပါဆရာရယ် ဆင်မင်းက သင်္ကန်းကိုမြင်ပြီး မုဆိုးကြီးကိုမသက်တာပါဒါတောင် သင်္ကန်းစလေးပဲတွေ့တာနော်ဆရာ ရဟန်းအသွင်မဟုတ်သေးဘူးနော်ဆရာဆရာက ဆင်မင်းလောက်
အသိညဏ်မရှိတာကို အပြစ်မဆိုလိုပေမဲ့ ဘုရားပွဲတွေမှာ တချို့နွားတွေ ၊ခွေးတွေ ဘုရားကို ဦးတိုက်တယ် သံဃာတော်တွေကို မြင်ရင် ဦးတိုက်တယ်ဆရာ အဲတာတွေကိုလဲဆရာတွေ့ဖူး မြင်ဖူး ကြားဖူးမှာပါဆရာ ဒါပေမဲ့ ဆရာဗဟုသုတ နည်းလို့ မသိခဲ့ရင်လဲ ခွင်လွှတ်ပါတယ်

ဆရာ ဘာဖြစ်လို့လဲဆိုတော့ ဆရာပြောတယ်လေ လူလူချင်းအတူတူပဲ ဆံပင်ရှိတာနဲ့ မရှိတာနဲ့ပဲ ကွာတယ်လို့ ဆရာပြောတယ်နော် ဒါကြောင့်ဆရာ့ကိုအပြစ်မမြင်တော့ ပါဘူး ဘာဖြစ်လို့လဲဆိုရင် ရိုင်းရင်ခွင့်လွတ်ပါဆရာ ဆရာက နွားလောက်အသိညဏ်ကင်းမဲ့နေတာကိုဆရာ ဒါကြောင့်လဲ အပြစ်လို့
မမြင်တော့ပါဘူးဆရာ ….. ဟောပြောပွဲမှာ ဆရာ့ကြည့်ရတာ တော်တော်ကိုပင်းပန်းတယ်ဗျာ
နွားမြိုင်အုပ်ထဲက ထွက်လာတဲ့ နွားသိုးကြီးတစ်ကောင်လိုပဲဆရာရယ် စကားပြောမတက်လို့ ရိုင်းရင်ခွင့်လွတ်ပါနော်ဆရာ ။

ဆရာပြောသွားတာ ဘာလဲ ဒီမိုကရေစီကွ ငါလုပ်ချင်တာလုပ်မယ် ပြောချင်တာပြောမယ် ဟုတ်လားဆရာ
အဲတာကြောင့်ခက်တာပေါ့ဆရာရယ် ဒီမိုကရေစီကွ ဆိုပြီး ထင်ရာပြောချင်ရာပြော ထင်ရာလုပ်ချင်
ရာလုပ်နေတဲ့ ဆရာ့လို ဆရာသမား များများရှိလေ တိုင်းပြည်မြန်မြန်ပျက်စီးလေ ဖြစ်မှာပါဆရာ မြေကြီး
လက်ခက်မလွဲပါပဲဆရာ ဆရာ့ကိုပြောပါရစေဆရာ ဒီမိုကရေစီဆိုတာ ဆရာထင်ထားသလို ပြောချင်ရာပြော လုပ်ချင်ရာလုပ် ဖို့မဟုတ်ရပါဘူးဆရာရယ် ။ဆရာရယ် NLDမှာရှိတဲ့ လူကြီးတွေကိုမေးကြည့်ပါဆရာ ဒီမိုကရေစီဆိုတာ ဘာလဲလိုပေါ့ဆရာ ဆရာမှတ်ညဏ်မကောင်းရင် အသံလေးပါသွင်းထားပါ
ဆရာ တော်ကြာမေ့မှာစိုးလို့ပါဆရာ..

နောက်ပြီးဆရာ့ကို မှာချင်သေးတယ် ဆရာစာဖတ်အားတော်တော်နည်းပုံ ရတယ်နော်ဆရာ..

ဘာဖြစ်လို့လဲဆိုတော့ ဆရာပြောတဲ့စကားတွေ ပညာရှင်နဲ့မတူပဲ နွားသိုးကြီး နွားမ ပျောက်လို့
မွှန်ပြီး တွန်နေသလိုပဲနော် ဆရာ..

ဆရာဆိုတဲ့ ဆရာတွေကိုပြောရတာတော့ မကောင်းပါဘူးဗျာ ဒါပေမဲ့ ဆက်ပြောပါရစေဆရာ ဆရာပြောတာ
လဲမှန်ပါတယ် ဆရာပါးစပ်က လပေးနဲ့ ငှားထားတာမဟုတ်တော့ ဆရာပြောချင်ပြောလို့ရတာပေါ့ ဒါပေမဲ့ဆရာရေ ကျေးလက်ဒေသ မြို့ငယ်လေးတွေက ပြည်သူတွေကို ခုလိုဟောခွင့်ပြောခွင့်ရတဲ့အချိန်မှာ ဆရာ့အနေနဲ့ အသိပညာ အတက်ပညာတွေ နောက်ပြီး ခွန်အားဖြစ်ထွန်းစေမဲ့စကားမျိုးတွေ ပြောနေရမှာဗျ ခုတော့ဆရာရယ် စင်ပေါ်တက်ပြီး ရန်စကားပြော ရန်တိုက်ပေးခဲ့လေရော့သလားဗျာ ခက်ပါတယ်ဆရာရယ်
နောက်ပြီးပြောလိုက်မယ်ဆရာ ဦးဇင်းတို့လူမျိုးက ကိုယ့်လူမျိုးကိုသိပ်ချစ်တာပေါ့ ဆရာရယ်ဆရာကော မချစ်ဘူးလား?အဖြေခက်နေရင်မဖြေပါနဲ့ဆရာ ။ ရခိုင်တိုင်းရင်းသူလေး မသီတာထွေးအစော်ကားခံပြီး အသက်ခံရတုန်းကလဲ သတင်းကြည့်ပြီး မျက်ရည်ဝိုင်းခဲ့ရတာလဲ ဘယ်သူတွေလို့ထင်လဲ ဆရာလဲ အဲသတင်းတော့ ကြားမိမှာပါနော်ဆရာ ကြာတော့ကြာပါပြီဆရာရယ်တကယ်လို့ ဆရာဗဟုသုတ နည်းလို့ မသိခဲ့ရင်လဲ ဆရာ့ဘေးနားလူတွေကို လက်တို့ပြီး မေးကြည့်ပါအုံးဆရာ ….

စာတွေလဲတအားရှည်သွားပြီဆရာ နောက်ဆုးံတခုပဲပြောတော့မယ်ဆရာရယ်

မြတ်စွာဘုရားက ကိုယ်နဲ့လူမျိုးမတူရင်သတ်ပါလို့ဘယ်တုန်းကမှ မဟောခဲ့ပါဘူးဆရာ ဒါပေမဲ့တခုတော့ ရှိတယ်ဗျ လောကထ္ထစရိယံ ညတ္ထစရိယံ ဆိုတာလေ ကြားဖူးရဲ့လား ဆရာ ထက်လင်းဦးရေ ကိုယ့်ဆွေမျိုးကိုတော့စောင့်ရှောက်ရမယ် ကိုယ့်အမျိုးတွေရဲ အကျိုးကိုလဲကြည့်ရမယ်လို ရတနသုတ်တော်မှ မြတ်စွာဘုရားဟောခဲ့ပါတယ်ဗျ ဆရာသိမယ်ထင်တယ်နော် လေ့လာလိုက်စားမှူအားနည်းလို့ ဒီတခါလဲ ဆရာမသိပြန်ဘူးဆိုလည်းဦးဇင်းခွင့်လွတ်ပါတယ် စာတွေလဲ ရှည်ကုန်ပါပြီ ဆရာဖတ်တောင်
ဖတ်ပါ့မလားစိတ်ပူမိတာတော့ အမှန်ပါဆရာ ဆရာက စာဖတ်ပျင်းတယ်ထင်လို့ပါဗျာ…ထားပါတော့လေ ဆရာက စိတ်ရိုင်းကြီးဝင်နေတဲ့နွားသိုးတစ်ကောင်ပါပဲလေ……………..

မောင်ဝိ (ဧရာမြေ)

 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...