Ads (728x90)


ကျောင်းသားတွေ လှည်းတန်းမှာ အမျိုးသား ပညာရေး ဥပဒေ ကို ဖျက်သိမ်း ဘို့ ဆန္ဒပြ နေတာ တွေ့ ပါတယ်။ ဘာကြောင့် ဆန္ဒပြ နေတာ ကြ သလဲ လိုက် ဖတ်ကြည့်တော့ ၊ သူတို့ ကိုင်ထား တဲ့ ဆိုင်းဘုတ် တွေ ရယ် အင်တာနက် မှာ ရေးထားတာတွေ ရယ် ၊ အခု ဖေ့စ်ဘုတ် မှာ ဖတ်ရတာတွေ ထဲ မှာ အဓိက အချက် ၃ ချက် ကို မကြေနပ်ကြောင်း တွေ့ ရပါတယ် ။ (၁) ကျောင်းသား သမဂ္ဂ ဖွဲ့ခွင့် မရ တာ ရယ် ၊ (၂) အမျိုးသား ပညာရေး မှာ ဗဟိုချုပ်ကိုင် မှု ရှိ နေ သေး တယ် ဆိုတာရယ် (၃) အခု အမျိုးသား ပညာရေး ဥပဒေ ကို ကျောင်းသားထု တရပ် လုံး ဆန္ဒ မပါဘဲ အတည်ပြု ခဲ့ တယ် ဆို တာ တွေ ကို ပြောထား ပါတယ်။
အမျိုးသား ပညာရေး ဥပဒေ ထဲ မှာေ ကျောင်းသား သမဂ္ဂ ဖွဲ့ခွင့်ပြု တယ် ၊ မပြု ဘူး ဘာ မှ ရေး မထား ပါ ဘူး ၊ ဒါပေမဲ့ အမျိုးသား ပညာရေး ဥပဒေ အကောင် အထည် ဖော် လာ လို့ လွပ်လပ်စွာ စီမံခန့် ခွဲ ခွင့် ရှိ တဲ့ တက်ကသိုလ် တွေ မှာ ကျောင်းသား အဖွဲ့ အစည်း ပေါင်းစုံ က တက်ကသိုလ် တွေ ရဲ့ စည်းမျဉ်း နဲ့ အညီ ဖွဲ့ လို့ ရ မှာ ပါ ။ ဖွဲ့ လဲ ဖွဲ့ ကြ မှာ ပါ။ အခု ရေးထား တဲ့ အမျိုးသား ပညာရေး ဥပဒေထဲ ရေး မထား လို့ ဥပဒေ ကို ဖျက်သိမ်း ရ မယ် ဆို တာ မဟုတ်သေး ပါဘူး ၊ ကျောင်းသား တွေ လွဲ နေ ပါ တယ် ။ ဒီ အမျိုးသား ပညာရေး ဥပဒေ က လွှတ်တော် ထဲ မှာ ၂ နှစ် လောက် အချိန် ယူပြီး အတော် ကြိုးစား ရေးဆွဲ ထား တာပါ ။ ပညာရေး ကို ဘက်ပေါင်းစုံ က စဉ်းစား ထာ ပါ တယ် ။ အခု ရေးထားတဲ့ အတိုင်း အကောင် အထည် ဖော် ဘို့ တောာင် အနဲဆုံး ၁၂ နှစ် ကြာ မယ် လို့ လွှတ်တော် ကိုယ်စားလှယ် တွေ က ခန့် မှန်း ပါ တယ် ။
ဒုတိယတချက် က ဗဟို ချုပ်ကိုင် မှု တွေ ရှိ သေး တယ် လို့ ပြော ကြ ပါ တယ် ။ အစ က လွှတ်တော် ကိုယ်စား လှယ် တွေ က ၊ တက်ကသိုလ် တခုချင်း မြန်မြန် ဆန်ဆန် တိုးတက် အောင် ၊ ဒေသ အလိုက် လိုအပ် ချက် ကို ထိထိ မိမိ လုပ်နိုင် အောင် ငွေကြေး စီမံခန့်ခွဲ မှု လွပ်လပ် ခွင့် ၊ သင်ကြားရေး စီမံခန့် ခွဲ မှု လွပ်လပ်ခွင့် ၊ ၀န်ထမ်း ကျောင်း သား စီမံခန့်ခွဲ မှု လွပ်လပ်ခွင့် ၊ အကုန် ပေးလိုက်ဘို့ စဉ်းစား ကြ ပါတယ် ။ ဒီတော့ တက်ကသိုလ်တွေ မှာ ပညာရေး ၀န်ကြီး မလို ဘူး ၊ ပါချုပ်တွေ ကို လုပ်ပိုင်ခွင့် ပေး ရမယ် ဆိုတာ စဉ်းစား ကြပါတယ်။ ဒါ ကို တက်ကသိုလ် တွေ မှာ ဆွေးနွေးတော့ ၊ ပါချုပ် မလိုဘူး ၊ ဌာနမှုး တွေ အလှည့် ကျ အုပ်ချုပ်မယ် ဆိုပြီး ပြော ကြ ပြန် ပါ တယ် ။ ဆရာ ဆရာမတွေ ပြော တာ က တော့ ၊ ဌာနမှူး မလိုဘူး ၊ ဆရာ ဆရာမ တွေ က မဲခွဲ ပြီး အုပ်ချုပ် ကြ မယ် ပြော ပြန် ရော ဗျ ။
အခု တော့ ကျောင်း သား တွေ က တော့ ၊ ဆရာ ဆရာမ ဆို တာ ကျောင်းသား က ရွေးချယ် ခန့်ထား မယ် ဖြစ် ပြန်ပါ တယ်။ လွှတ်တော် မှာ ကိုယ်စားလှယ် တွေ စဉ်းစား တာ က တော့ အခု တက်ကသိုလ် တွေ အားလုံး က နိုင်ငံပိုင် အဆောက်အဦ တွေ ဖြစ် တယ် ၊ သင်ကြားရေး လည်ပါတ်ဘို့ ကုန်ကျ စရိတ် တွေ ကို နိုင်ငံပိုင် ပြည်သူပြည်သား ပိုင် ငွေ တွေ ဘဲ ဆက် သုံး ရ မှာ ဖြစ် တယ် ။ သုံးမဲ့ ငွေ ပမာဏ ကို လွှတ်တော် က ဘဲ တာဝန် ခံ ရ မှာ ပါ ၊ သူ တို့ က တာဝန် ပေး ရ မဲ့ ၊ လွှတ်တော် ကို တာဝန် ခံ ရ မဲ့ ၊ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း ရှိ ရ ဦး မှာ ပါ ၊ ပြည်သူ ပိုင် ငွေ သုံးစွဲ ရင် ၊ တာဝန် ခံ သူ ၊ တာဝန်ယူ တဲ့ သူ က စာရင်း အစစ် ခံ နိုင် ရ မှာ ပါ ။ ဒီ အတွက် တာဝန်ခံ အဖွဲ့ အစည်း လို ပါ တယ် ၊ ဒါ ကို ဗဟို ချုပ် ကိုင် မှု ရှိ နေတယ် လို့ မြင် ရင် လွဲ ပါ တယ် ။ တာဝန်ခံ သူ မထား ဘဲ ကြုံ တဲ့ သူ က ကြုံ သလို စိတ် ထင်ရာ လုပ် ခွင့် ၊ ရှိ သင့် တယ် ၊ မရှိ သင့် ဘူး ဆို တာ က ဖြစ် နိုင် မဖြစ် နိုင် ၊ စဉ်း စား ကြည့် ကြ ပါ ခင် ဗျာ ။ အခုလဲ ငွေကြေး စီမံခန့်ခွဲ မှု လွပ်လပ် ခွင့် ၊ သင်ကြားရေး စီမံခန့် ခွဲ မှု လွပ်လပ်ခွင့် ၊ ၀န်ထမ်း ကျောင်း သား စီမံခန့်ခွဲ မှု လွပ်လပ်ခွင့် ၊ အကုန် ပေးလိုက်ဘို့ ဥပဒေ မှာ စဉ်းစား ထား ကြ ပါတယ် ။
တတိယ အချက် က ကျောင်းသားထု တရပ်လုံး ရဲ့ အတည်ပြု ချက် မပါဘဲ ဥပဒေ ကို အတည်ပြု လိုက် တယ် ဆိုတယ် လို့ ကျောင်းသား တွေ က ထင် နေကြ တာ က လဲ လွဲ ပါ တယ် ။ နိုင်ငံ တနိုင်ငံ မှာ အချုပ်အခြာ အာဏာ ၃ ရပ် ရှိ ပါတယ် ။ ၁ က ဥပဒေပြုမှု အာဏာ ။ ၂ က စီမံခန့်ခွဲ မှု အာဏာ နဲ့ ၊ ၃ က တရားစီရင်မှု အာဏာ တွေ ပါ ။ ဥပဒေပြု မှုအာဏာ က တော့ လွှတ်တော် ၂ ရပ် မှာ ဘဲ ရှိ ပါ တယ် ။ ဘယ် သူ့ မှာ မှ မရှိ ပါဘူး ။ ဥပဒေ နဲ့ အညီ စီမံခန့်ခွဲ မှု အာဏာ ကို လွှတ်တော် က အစိုးရ အဖွဲ့  ကို တာဝန် ပေး ဖွဲ့စည်း ပေး ပါ တယ် ၊ ဒီ စီမံခန့် ခွဲ တာ ဥပဒေ နဲ့ ညီ တယ် မညီ ဘူ ဆုံး ဖြတ်ဘို့ လွှတ်တော် က ဘဲ တရားသူကြီး အဖွဲ ကို ဖွဲ့ စည်း တာဝန်ပေးထား တာပါ ။
လက်ရှိ ကျောင်း သား ဆို တာ ၊ ပညာ သင်ယူ ဘို့ ကြိုးစား နေ တဲ့ သူ တွေ သာ ဖြစ် ပြီး ၊ ပညာ တတ် တယောက် မှ မပါ သေး ပါဘူး ၊ ဒီ လို ပညာ သင် ကြား ဆဲ ခလေး တွေ က ပညာရေး ဥပဒေ ကို သူ တို့ အတည်ပြု မှ ပြဌာန်း ခွင့် ရ ဘို့ ကြိုးစား နေတာ ၊ ဆန္ဒပြ နေတာ က အဖေ ထက် သား တလ ကြီး တဲ့ ခေတ် ရောက် မှ ဆောင်ရွက် လို့ ရ မှာ ပါ ။ လွှတ်တော် ရဲ့ အဆုံး အဖြတ် ကို အစိုးရ က လိုက် နာ ဘို့ ဘဲ တာဝန် ရှိ ပါ တယ် ။
အမျိုးသား ပညာရေး ဥပဒေ ကို အကောင်အထည် ဖော်ချိန် မှာ ဆရာ ကျောင်းသား မိဘ လူ ထု အစိုးရ အားလုံး ပါ ကြ ရ မှာ ပါ ၊ ဆရာ ကျောင်းသား မိဘ လူ ထု အစိုးရ အားလုံးပါ မှ လဲ လက်တွေ့ အကောင် အထည် ဖော် လို့ ရ မှာ ပါ ။ ကိတ်စ တခု ချင်း အလိုက် ဖြစ်သင့် တဲ့ ဆန္ဒ တွေ တခု ပြီး တခု ဖော် ထုတ် အကြံ ပေး ပူး ပေါင်း ကြ ပါ။ အခုလို လမ်းဆုံ လမ်းခွ ထိုင်ပြီး အရေ မရ အဖတ် မရ တွေ လျောက် အော် နေ တာ ၊ သပိတ်ကြီး ကို ဒုတ် နဲ့ ထိုးပြ တာ ၊ ခြံ စည်းရိုး ခါးတောင်း ကျိုက် ကျော် ပြ တာ ၊ ထင်ရာ မြင်ရာ ပြော နေ ကြ ၊ လုပ် ပြ နေ ကြ တာ ၊ ဘာ မှ အကျိုး မရှိ ဘူး လို့ ကျွန် တော် က ထင်ပါ တယ် ။ ဘာ ဘဲ လုပ်လုပ် ၊ သေချာ သဘော ပေါက် အောင် လေ့လာ ပါ ။ သူ များ ပြော သမျှ လိုက် လုပ် တတ် တာ မျိုး ကို ရှောင် ကြ ပါ ။
ပြီး တော့ နိုင် ငံ သား တိုင်း သည် ၊ ကိုယ် ပြော ချင် တာ ၊ ကိုယ် မှန်တယ် ထင် တာ လွပ် လွပ် လပ် လပ် ပြော ကြ ပါ ။ ဆဲ ရေး တိုင်း ထွာ ၊ ရိုင်း ပြ တာ မျိုး ကို တော့ ၊ ကိုယ် လူ မျိုး ကိုယ့်ဘာသာ ၊ ကိုယ့် ဘိုးဘွား တွေ ရဲ့ ဂုဏ် ကျေးဇူး ကို ထောက် ထား သော အားဖြင့် ဆင်ခြင် ရှောင်ရှား ပေး ပါ ရန် တောင်းပန် အပ် ပါ တယ် ။
By : U Win Maw Tun

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...