Like-
နိုဝင်ဘာ ၁၆ရက်နေ့က ကြေညာခဲ့ သော နည်းပညာစာမေးပွဲ အောင်စာရင်း၌ ကျရှုံးခဲ့သူ ကျောင်းသားနှစ်ဦးသည် ကိုယ့် ကိုယ်ကိုယ် သတ်သေသွားသည်။
၎င်းတို့နှစ်ဦးမှာ မှော်ဘီနည်းပညာ တက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္က သိုလ်တို့တွင် တက်ရောက်ကာ စာမေးပွဲ ဖြေခဲ့ကြသူ အသက် ၂ဝ ကျော်အရွယ် ကျောင်း သားနှစ်ဦးဖြစ်ပြီး အောင်စာရင်း ထွက်ပြီးနောက်ရက်တွင် သတ်သေသွားခဲ့ ခြင်းဖြစ်သည်ဟုသက်ဆိုင်ရာနယ်မြေ ရဲစခန်းတို့က အတည်ပြုပြောကြားကြသည်။
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်၊ ကောလိပ်စုစုပေါင်း ၃၂ ခုတို့ တွင် ပထမနှစ်မှ BE တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၅ဝဝ ကျော်ဖြေဆိုခဲ့ရာ စာမေးပွဲကျသူ ၁၆ဝဝဝ ကျော် (၂ဝ ရာခိုင်နှုန်းကျော်) ထဲ ၌ ၄င်းတို့နှစ်ဦးသာ ထိုရက်တွင် သတ်သေ သွားခဲ့ခြင်းဖြစ်သည်။
ထိုစနစ်ကြောင့် နည်းပညာတက္က သိုလ်၊ ကောလိပ်တို့၏ အောင်ချက်သည် တော်ရုံတန်ရုံ ဖြေဆိုနိုင်ရုံနှင့်မရတော့ သော အခြေအနေရောက်လာခဲ့သည်။ ယင်းအပြင် စာမေးပွဲတို့သည်လည်း အကျ များလာသည်။
နိုင်ငံရှိတက္ကသိုလ်တို့မှာ မြို့ထဲနှင့် ဝေးကွာသော နေရာတွင်ရှိနေသည့်အပြင် နေထိုင်စားသောက်မှုစရိတ် ကြီးမြင့်လာ သောယနေ့ အခြေအနေကြောင့် တစ်နှစ် တာ ကျောင်းတက်ရာတွင် အသုံးပြုရသော အထွေထွေစရိတ်သည် လူလတ်တန်းစား ကျောင်းသားမိဘတစ်ဦးအဖို့ ကြီးမားလှ ကြောင်း၊ ထို့အတွက်ကြောင့် မိဘတို့၏ ဖိအားသည်လည်းရှိနေကြသည်ဟု မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားအချို့က ပြောကြသည်။
Popular Myanmar News Journal
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။