Ads (728x90)


ဒီနေ့ မြန်မာပွဲကြည့်ရတာ အားမလိုအားမရလဲဖြစ်မိတယ် ဒေါသလဲအလိပ်လိုက်ထွက်ရတယ်
တော်တော်လေးကို အသုံးမကျတဲ့ မြန်မာအသင်းလို့ တောင်ပြောချင်နေမိတယ်
ကျွန်တော်လဲ ဘောလုံးကန်ဖူးပါတယ် ဘောလုံးကွင်းထဲက ကစားသမားတစ်ယောက်ဟာ
ဘယ်လောက်ထိ ရုန်းရတယ် ဘယ်လောက်ထိပင်ပန်းတယ် ဆိုတာသိပါတယ်ဒါပေမယ့်
မြန်မာအသင်းက ကစားသမားတွေကိုအားမရတာတော့အမှန်ပါ ဟိုယခင်တုန်းကအကျင့်တွေ
သိပ်ပြီးမပျောက်သေးဘူးလို့ ပြောမယ်ဆိုရင်တောင် ရမယ်ထင်တယ်။

ဘယ်အကျင့်တွေမပျောက်သေးတာလဲဆိုရင် တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်တွေပါ
ဒီနေ့ မြန်မာ Vs မလေးရှားပွဲကိုကြည့်တဲ့ပရိတ်သတ်တွေအဲ့ဒါကို သတိထားမိကြမယ်လို့ 
ထင်ပါတယ် ဘောလုံးအသင်းတစ်သင်းဟာ တစ်ဦးတစ်ယောက်ထဲကောင်းနေလို့ မဖြစ်ပါဘူး
တစ်သင်းလုံးလည်း လူစွမ်းကောင်းတွေချည်းပဲဖြစ်နေစရာလဲမလိုပါဘူး အမှန်တစ်ကယ်လို
အပ်တာက အသင်းလိုက်စုဖွဲ့ မှုကောင်းကောင်း နဲ့ အပေးအယူမျှတနေဖို့ ပဲလိုတာပါ။

ကျန်တဲ့ပြိုင်ပွဲဝင်နေတဲ့အသင်းတွေကိုကြည့်လိုက်မယ်ဆိုရင် အသင်းလိုက်စုဖွဲ့ မှုတွေက
အားရကျေနပ်စရာ အရမ်းကောင်းတယ် တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူတွေလည်းနည်းတယ်
အရင်နေ့ က ဗီယက်နမ်နဲ့  အင်ဒိုနဲ့ ပွဲကြည့်မိတယ် အသင်းလိုက်စုဖွဲ့ မှု တစ်ဦးချင်းစွမ်းဆောင်ရည်
နဲ့ မြန်ဆန်မှုအပိုင်းမှာ ဗီယက်နမ်အသင်းက အပြတ်အသတ်သာတယ် ဒါပေမယ့် ပွဲပြီးတော့
တဖက် ၂ ဂိုးစီနဲ့ သရေကျသွားတယ် အင်ဒိုကစားပုံမကောင်းဘူးမဟုတ်ဘူး ကောင်းတယ်
အနည်းငယ်လေးတာလေး ရှိပေမယ့် အဆုံးသတ်ပိုင်းတွေမှာသေခြာတယ် ဘာကြောင့်နောက်ဆုံး
ဗီယက်နမ်နဲ့ သရေကျအောင်ကစားသွားနိုင်လဲဆိုတော့ အဓိကအချက်ဖြစ်တဲ့အသင်းလိုက်
စုဖွဲ့ မှုအရမ်းကောင်းမွန်တယ် ဒါကြောင့် ခြေသာတဲ့ စွမ်းဆောင်ရည်သာတဲ့ ဗီယက်နမ်လို
အသင်းမျိုးကိုသရေခံပြီးကစားသွားနိုင်ခဲ့တာပေါ့။

ဒီနေ့ ကစားသွားတဲ့ မြန်မာအသင်း အနေနဲ့ နိုင် နိုင်တဲ့အနေအထားမျိုးရှိပေမယ်အနိုင်မရခဲ့ဘူး
ကံတရားကမျက်နှာသာပေးခဲ့တာတောင် သရေ တစ်မှတ်ပဲရယူနိုင်ခဲ့တာ သရေဆိုတာနဲ့ တောင်
မတန်ပါဘူး အမှန်တကယ်က ရှုံးနိမ့်သွားခဲ့ရတာပါ ပထမပိုင်းမပြီးဆုံးခင်ကတည်းက ၁ ယောက်
လျော့သွားခဲ့တဲ့ မလေးရှားအသင်းကို ဖိအားပေးပြီးကစားနေခဲ့ရမှာ မှန်ပေမယ့် ဒုတိယပိုင်းစ
ကတည်းက တစ်ယောက်လျော့နေတဲ့ မလေးရှား အသင်းရဲ့ ထိုးဖောက်မှုတွေကိုပဲ ကာကွယ်
နေခဲ့ရတာကများနေခဲ့တယ်။

ကြည့်နေရင်းနဲ့  ဘယ်လိုဖြစ်တာလဲ မြန်မာအသင်းရယ် ပြောင်းပြန်ကြီးပါလား တစ်ယောက်
လျော့နေတာက မလေးရှားအသင်းလေ ဘယ်လိုဖြစ်ပြီး ကစားကွက်ကပြောင်းပြန်ကြီး
ဖြစ်သွားခဲ့ရတာလဲ လို့ အားမလိုအားမရ မချင့်မရဲတွေဖြစ်မိကုန်တယ် ဒုတိယပိုင်းစကတည်းက
မြန်မာအသင်းရဲ့ ခြေက အားရစရာမရှိတော့ဘူး မလေးရှားရဲ့ တိုက်စစ်တွေကို တစ်ချိန်လုံး
ကာကွယ်နေခဲ့ရင်းနဲ့  တစ်ချက် တစ်ချက် တန်ပြန်တိုက်စစ် လေးတွေနဲ့ ဖိအားတော့ပြန်ပေးပါရဲ့ 
တစ်ကိုယ်ကောင်းဆန်မှု အဆုံးသတ်ပိုင်းမသေခြာမှုတွေနဲ့  ဘောလုံးကို အချိန်ကြာကြာကိုင်
ထားမှုတွေကြောင့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။

ကိုယ့်ဆီဘောလုံးရောက်လာပြီးရင် အခြားသူတစ်ယောက်နဲ့ အချိတ်အဆက်လုပ်ဖို့ စိတ်မ၀င်စား
တော့သလိုပဲ တစ်ယောက်ထဲဘောလုံးကိုအကြာကြီးကိုင်ထားတော့ မလေးက ကောင်တွေနဲ့ 
ငြိပြီး ပျက်ပြီပေါ့ ဒီလိုနဲ့ ပွဲသာပြီးသွားတယ် တစ်ယောက်လျော့နေတဲ့ မလေးရှားအသင်းကို
၁ ဂိုးမှ မသွင်းနိုင်ခဲ့ဘူး ကိုယ်တွေတောင် ကိုယ့်အသင်း ဂိုးမသွင်းနိုင်တာထက် မလေးကကောင်
တွေ ဘယ်အချိန်များ ဂိုးကောက်သွင်းသွားမလည်းမသိဘူးဆိုပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်နေခဲ့
ရတဲ့အဖြစ်မျိုးပါ တစ်ယောက်လျော့နေခဲ့တဲ့ မလေးရှားအင်းက တပ်မပျက်ပေမယ့်တစ်ယောက်မှ
မလျော့ပါပဲ လူစုံတက်စုံကန်နေခဲ့တဲ့ ကိုယ့်မြန်မာအသင်းက တပ်ပျက်နေခဲ့တာကြည့်ရတာဘယ်
လိုမှ ကြည့်လို့ မကောင်းတဲ့ပွဲတစ်ခုလိုပါပဲ

အရင်နေ့ ကယှဉ်ပြိုင်သွားတဲ့ ဖိလစ်ပိုင် နဲ့  လာအို ဗီယက်နမ်နဲ့ အင်ဒို ပွဲစဉ်တွေကြည့်ပြီး
ကိုယ့်မြန်မာအသင်းနဲ့ ပြန်ယှဉ်လိုက်တော့ လားလားမှမဆိုင်သလိုပါပဲ သူတို့ တွေဘာကြောင့်
အောင်မြင်မှုတွေ ရနေတာလည်း ဘာကြောင့် ကိုယ့်မြန်မာအသင်းက အောင်မြင်မှုတွေမရ
တာလည်း တွေးကြည့်တာနဲ့ တင်နားလည်သွားမိတယ် အခြားနိုင်ငံကအသင်းတွေတစ်နှစ်
ပြီးတစ်နှစ် ကောင်းသထက်ကောင်းလာနေပေမယ့် ကိုယ့်မြန်မာအသင်းက ဒုံရင်းက ဒုံရင်းပဲ
ဖြစ်နေလေတော့ ၀မ်းနည်းမိသလိုလိုပါပဲ သူတို့ အသင်းတွေနဲ့ ယှဉ်လိုက်ရင် အားရစရာမရှိတာ
အမှန်ပါပဲဗျာ။

မြန်မာအသင်းက ကစားသမားတွေ မကြိုးစားဘူး မဟုတ်ဘူးကြိုးစားကြပါတယ် သို့ ပေမယ့်
ကြိုးစားသလောက် အရာမထင် ဖြစ်နေခဲ့တာ ဘာကြောင့်များလဲဆိုတာ အဖြေရှာဖို့ တော့
လိုနေပါပြီ ကျွန်တော်တို့ မြန်မာဘောလုံးပရိတ်သတ်တွေ လိုချင်နေတာ ဒီလိုပုံစံမျိုးနဲ့ 
မြန်မာ့လက်ရွေးစင်အသင်းကို လိုချင်နေတာ မြင်ချင်နေတာမဟုတ်ဘူးနော် ဒီထက်မက
တစ်နှစ်ထက် တစ်နှစ် တိုးတက်ပြောင်းလဲလာတဲ့ ထူးချွန်ပြောင်မြောက်လာတဲ့ မြန်မာ့
လက်ရွေးစင်အသင်းအဖြစ်မြင်ချင်နေကြတာပါ ဒါကိုသိထားပေးကြစေလိုပါတယ်။

ဒီနေ့ ကန်သွားခဲ့တဲ့ မြန်မာအသင်းရဲ့ ခြေစွမ်းက ကျွန်တော်တို့ တစ်တွေမျှော်မှန်းထားတဲ့
မျှော်လင့်ထားတဲ့ခြေစွမ်းမျိုး အနေအထားမျိုးမဟုတ်တာတော့အသေအခြာပဲ ကြည့်ရင်း
ကြည့်ရင်းနဲ့  ပိုကောင်းတဲ့ခြေစွမ်းမျိုး မမြင်တွေ့ ရပါပဲနဲ့  ပိုမိုပြီး ညံ့လာတဲ့ ခြေစွမ်းမျိုးကိုပဲ
မြင်တွေ့ လာရတာဟာ ကျွန်တော်တို့ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအားလုံးအတွက်
ကတော့ အမှန်တစ်ကယ်ကို ရင်ထုမနာဖြစ်ရတဲ့ မြင်ကွင်းမျိုးပါ သရေကျခဲ့ပေမယ့် သရေကို
အရှုံးလို့ မြင်မိသွားခဲ့ကြပါပြီ။

ကျွန်တော်တို့ ဆိုတာ ပရိတ်သတ်တွေပါ ပရိတ်သတ်တွေ ဘယ်လောက်ပဲ အားခဲထားပါစေ
ဘယ်လောက်ပဲ ပံ့ပိုးမှုတွေလုပ်ပေးနေပါစေ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ အဓိကစွမ်းဆောင်
ပေးနိုင်တာက ကစားသမားတွေကိုယ်တိုင်ပါ ကျွန်တော်တို့ လို မြန်မာဘောလုံးကိုချစ်မြတ်နိုး
ကြတဲ့ပရိတ်သတ်တွေအတွက် ကျွန်တော်တို့ ရဲ့ ဟောဒီ မြန်မာနိုင်ငံကြီးအတွက် ငါ့အစ်ကိုတို့ 
ငါ့ညီတို့ ရဲ့  စွမ်းဆောင်ပေးနိုင်မှု အောင်မြင်မှု အသီးအပွင့်တွေကို ဆွတ်ခူးပေးနိုင်မှုက အဓိက
အရေးပါ အရာရောက်တာမို့  ရေကုန်ရေခန်း အရိုးကြေကြေ အရေခန်းခန်း ကြိုးစားပေးကြ
စေလိုပါတယ်ဆိုတာကို ဒီနေရာလေးကနေပဲတောင်းဆိုလိုက်ပါရစေ..။

Aung Kyaw Soe ( 23.11.2014 - 07:15 PM )


 မူရင်းပို့ စ် =>   https://www.facebook.com/photo.php?fbid=413332222155772&set=a.330876470401348.1073741828.100004369936057&type=1

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...