Ads (728x90)




  ပြည်တွင်းထုတ် မြန်မာသံတော်ဆင့်ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့တွင် သမ္မတ၊ စာပေနှင့် စာနယ်ဇင်း လုပ်ငန်းတို့နှင့် ပတ်သက်၍ ရေးသားမှုများကို စာနယ်ဇင်းကောင်စီသို့ တိုင်ကြားထားရာ ညှိနှိုင်းဖြေရှင်းမှုမအောင်မြင်သည့်အတွက် သမ္မတနှင့်ဌာန၏ ဂုဏ်သိက္ခာကာကွယ်ရန် တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
အဆိုပါဂျာနယ်နှစ်စောင်ကို တရားစွဲဆိုရန် ဥပဒေအကြံပြု ချက်များ တောင်းခံထားပြီး သမ္မတကိုယ်စား တရားစွဲမည့်သူကိုလည်း ဥပဒေအကြံပြုချက်အတိုင်းသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာသံတော်ဆင့်ဂျာနယ်ကလည်း တိုင်ကြားခံရမှုအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ပြီးဖြစ်၍ ၀န်ကြီး၏ တရားဥပဒေအရ ဆောင်ရွက်ချက်အပေါ် ပြန်လည်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
Eleven ကမူ ယခုကိစ္စအတွက် သတင်းအချက်အလက် အတိအကျကို စုဆောင်းနေပြီး လတ်တလောတွင် မှတ်ချက်ပေးရန်မရှိကြောင်း Eleven Media အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားသည်။
မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဒေါက်တာမျိုးရန်နောင်သိမ်း နှင့် သံတော်ဆင့်ဒုတိယအယ်ဒီတာချုပ် အံ့ခေါင်မင်းတို့ တွေ့ဆုံ မေးမြန်းမှုတွင် ‘‘သမ္မတဦးသိန်းစိန် ဗလောင်းဗလဲလုပ်နေတယ်’’ဟု ဖော်ပြချက်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေးက စာနယ်ဇင်းကောင်စီယာယီထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
Weekly Elevenမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ပုံနှိပ်စက် ၀ယ်ယူမှုတွင် ဈေးနှုန်းကွာဟချက်ကို ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့ကို တိုင်ကြားမှုနဲ့ ပတ်သက်လို့ စာနယ်ဇင်း ကောင်စီမှာ နှစ်ခါသွားညှိနှိုင်းတယ်။ ဘာတွေညှိနှိုင်းတယ်ဆိုတာတော့ အသေးစိတ်ပြောလို့ မရသေးဘူး။ ပြန်ကြားရေးက သမ္မတကိုတောင်းပန်ဖို့ပြောတယ်။ ကျွန်တ်ာတို့က တောင်းပန်နိုင်တဲ့ အနေအထားကို ကောင်စီကတစ်ဆင့် အကြောင်းပြန်တယ်။အဲဒါ ကို ဒီနေ့(စက်တင်ဘာ ၂၂ရက်) မနက်မှာ ပြန်ကြားရေးက စာပြန်ပို့တယ်။ ကျွန်တော်တို့တောင်းပန်တဲ့ အနေအထားကို သဘောမတူတဲ့အတွက်၊ လက်မခံနိုင်တဲ့အတွက် ဥပဒေအရလုပ်မယ်လို့ ဦးပိုက်ထွေးလက်မှတ်ထိုးပြီး ပို့တာ။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာလုပ်ပြီးပြီ။ ဥပဒေအရရင်ဆိုင်ဖို့ပဲ ရှိတော့တယ်’’ဟု မြန်မာသံ တော်ဆင့်ဂျာနယ် တာဝန်ခံ အယ်ဒီတာကိုအောင်ထွန်းလင်း ကပြောသည်။
Weekly Elevenအား ပြန်ကြားရေးတိုင်စာနှင့်ပတ်သက်၍ ကောင်စီ၏ခေါ်စာ ပေးပို့ခဲ့သော် လည်း ပြန်ကြားရေးနှင့်ပတ်သက် ၍ ကောင်စီမှ ခေါ်ယူစာများထပ် မံမပို့ရန်သာ အကြောင်းပြန်ကြား ခဲ့ကြောင်း ကောင်စီအတွင်းရေး မှူးဦးကျော်မင်းဆွေက ပြော သည်။
‘‘ဒီကိစ္စကတော့ နှစ်ဦးနှစ်ဖက် သဘောထားနဲ့ဆိုင်တယ်။ ကောင်စီက တတ်နိုင်သရွေ့ညှိ ပေးတယ်။ မပြေလည်တာတစ်ခု၊ နှစ်ခုပေါ့။ နှစ်ဖက်လုံးပြေလည် အောင်လုပ်မယ်။ အခုကိစ္စက အ စိုးရဖြစ်နေလို့ ပုဂ္ဂလိကဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတာလည်း စဉ်းစားကြည့်ဖို့လိုတယ်။ တရားစွဲတဲ့အဆင့်မရောက်အောင် အတတ်နိုင်ဆုံးညှိပေးနိုင်တယ်။ နှစ်ဖက်မကျေနပ်တဲ့အခါမှာတော့ သူတို့ ဆန္ဒအရ တရားရုံးသွားကြတာ ပေါ့’’ဟု စာနယ်ဇင်းကောင်စီယာယီအတွင်းရေးမှူးဦးကျော်မင်း ဆွေကပြောသည်။
မကြာမီက ပြဋ္ဌာန်းလိုက်သော မီဒီယာဥပဒေတွင် ကောင်စီက အငြင်းပွားမှုများကိုတိုင်ကြား အသိပေး၍ ညှိနှိုင်းဖြေရှင်းနိုင်ပြီး နစ်နာသူက မကျေနပ်ပါကတရား ရုံးသို့ သွားရောက်တိုင်ကြားနိုင်ကြောင်းဖော်ပြထားသည်။
7day

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...