Ads (728x90)



တကယ်လို့ ခင်ဗျားအနေနဲ့ ကိုယ့်မိန်းမအပေါ် ခွင့်မလွတ်နိုင်လောက်အောင်
ဒေါသထွက်နေပြီဆို ဘာလုပ်မလဲ….။
အေးအေးဆေးဆေး ညှိုနှိုင်းမလား ?? တုတ်နဲ့ရိုက် လက်သီးနဲ့ထထိုးတာမျိုး လုပ်မလား ??
အပြီးအပိုင် လမ်းခွဲဖို့ ကွာရှင်းကြတာမျိုး လုပ်မလား  ??
ဗီယမ်နမ်နိုင်ငံက အမျိုးသားတစ်ဦးကတော့ ဒါမျိုးတွေ တစ်ခုမှ မလုပ်ပါဘူး။ သူလုပ်တာက ကိုယ့်ဘဝကိုယ်ပဲ အညွှန့်တုံး လိုက်တာဖြစ်ပါတယ်။
ဗီယမ်နမ်နိုင်ငံ Tien Giang ပြည်နယ်က အသက် ၅၄ နှစ်အရွယ် လူတစ်ဦးဟာ ဇနီးဖြစ်သူကို မခံမရပ်နိုင်လောက်အောင် စိတ်ဆိုးဒေါသထွက်လွန်းတာကြောင့် ကိုယ့်ယောက်ျားအင်္ဂါကို ကိုယ့်ဘာသာကိုယ် ပြန်ဖြတ်ခဲ့တယ်လို့ ဗီယမ်နမ် သတင်းဆိုက်ဒ် Tuoitrenews က ဖော်ပြခဲ့ပါတယ်။
ဒီလူ့ခေါင်းထဲ ဘယ်လိုအတွေးမျိုးရှိတယ် ဆိုတာ မခန့်မှန်းနိုင်ပေမဲ့ သူ့သတ္တိကတော့ ကြောက်စရာကောင်းပါတယ်။ ဖြတ်ပြီးပြီးခြင်း တစ်စက်လေးမှ နောင်တမရတဲ့အပြင် အချိန်မီ ပြန်ဆက်လို့မရနိုင်အောင်  တူးမြောင်းတစ်ခုထဲ သွားလွှင့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆရာဝန်တွေဟာ သွေးထွက်မှုကို ရပ်တန့်အောင် အလျင်အမြန် ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိနေတဲ့အပိုင်းကို ချုပ်ပေးခဲ့ကြတယ်လို့ Can Tho မြို့ အထွေထွေဆေးရုံကြီးက ဆရာဝန် Nguyen Phuoc Loc က ပြောကြားခဲ့ပါတယ်။
ဒေါက်တာ Loc ရဲ့အဆိုအရ ကျန်ရှိနေတဲ့အပိုင်းနဲ့ ဆီးသွားခြင်းကိုတော့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူကို စိတ်ဆိုးဒေါသ ထွက်လွန်းတာကြောင့် ဒီလိုလုပ်ခဲ့တာဖြစ်ပြီး သူ့အိမ်နားက တူးမြောင်းတစ်ခုထဲ လွင့်ပစ်ခဲ့တာလို့ ဆရာဝန်များကို ထိုလူကပြောကြားခဲ့ပါတယ်။
သူရဲ့ဆွေမျိုးသားချင်းတွေကလည်း ဒီ”ဖြတ်ပိုင်း”ကို ရှာမတွေ့ခဲ့ဘူး လို့ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဖြတ်ထားတဲ့အသားစကို ပလတ်စတစ်အိတ်ထဲထည့်ခြင်း
သို့မဟုတ် ရေခဲဘူးထဲ ထည့်ခြင်းကဲ့သို့ မှန်ကန်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ဆေးရုံကိုအမြန်ဆုံးလာမှ ပြန်ဆက်နိုင်မှာဖြစ်တယ်လို့ ဆရာဝန်များက ပြောကြားခဲ့ပါတယ်။
မတ်လ ၈ ရက်နေ့တုန်းကလည် ဗီယမ်နမ်နိုင်ငံမှာ ဒီလိုအင်္ဂါဖြတ်တောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒီအမှုကတော့ ဇနီးဖြစ်သူက သဝန်တိုတာကြောင့် ခင်ပွန်းဖြစ်သူရဲ့ အင်္ဂါကို ဖြတ်ခဲ့တာဖြစ်ပါတယ်။

Phothutaw

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...