Ads (728x90)

Photo: မိမိလုပ်ရပ်မှာ မှားယွင်းခဲ့သည်ဟု ရန်ကုန်တိုက်စစ်မှူးကြည်လင်း ဆို
--------------------------------------------------------------------------

ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့သည့် ရန်ကုန်-ရတနာပုံ ပွဲစဉ်အပြီးတွင် ပရိသတ်များနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ကြည်လင်းက မိမိ၏လုပ်ရပ်မှာ မှားယွင်းခဲ့သော်လည်း ပရိသတ်ကို စော်ကားလိုသည့် စိတ်မရှိခဲ့ဟု မဇိ္ဈမသို့ ပြောကြားလိုက်သည်။

ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရသော ကွင်းလယ်ကစားသမား ကြည်လင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ (၂-၂) ဂိုး သရေကျခဲ့သော ပွဲစဉ်အပြီးတွင် ရန်ကုန်ပရိသတ်များနှင့် အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး ပရိသတ်များက ၎င်းတို့ကို စော်ကားသည်ဟုဆိုကာ ကစားသမား အဆောင်သို့ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကြည်လင်းက “ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ မှားယွင်းခဲ့ပါ တယ်။ ကျွန်တော် ဒေါသကို မထိန်းချုပ်နိုင်ခဲ့တာကိုတော့ ၀န်ခံပါတယ်။ ဒီကိစ္စမှာလည်း ဒေါသ ထွက်သွား ခဲ့တာကြောင့် ကျွန်တော့်ကို ဆဲသွားတဲ့ ပရိသတ်တွေကို သွားမေးမိတာပါ။ ဒီပွဲမှာ ကျွန်တော် ကစားခဲ့ရ တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကို ရင့်သီးတဲ့ စကားလုံးတွေကို အသုံးပြုပြီး ဆဲသွားတယ်။ ဒါ့ကြောင့် သူတို့က ကျွန်တော့်ကို ဘာလို့ ဆဲတာလဲလို့ မေးမိတာပါ။ ဒါကို သူတို့က ပရိသတ်ကို စော်ကား တယ်ဆိုပြီး ဖြစ်ကြတာပါ။ အမှန်ဆိုရင် ကျွန်တော်အနေနဲ့ ပရိသတ်ကို စော်ကားခဲ့တာမျိုး မရှိပါဘူး။ ကျွန်တော့်လုပ်ရပ်ကို မှားတယ်ဆိုတာ ၀န်ခံပေမယ့် တောင်းပန်တာတော့ မဟုတ်ဘူး။ တောင်းပန်တယ် ဆိုရင် ကျွန်တော့်ဘက်က အမှားလုပ်ပြီးမှ တောင်းပန်တာမျိုး၊ ပရိသတ်ကို စော်ကားခဲ့သလိုမျိုး ဖြစ်သွားပါ လိမ့်မယ်” ဟု မဇိ္ဈမသို့ပြောသည်။

ထို့အပြင် ရန်ကုန်နှင့် ရတနာပုံပွဲအပြီးတွင် ရန်ကုန်ပရိသတ်များကြောင့် ကစားသမားများ စီးနင်းလာသော ဘတ်စ်ကားမှန် သုံးချပ် ကွဲသွားခဲ့ပြီး ပွဲကစားနေချိန်တွင်လည်း ရန်ကုန်ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ကြသေးသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍မူ ရတနာပုံအသင်း မန်နေဂျာ ဦးအောင်ထွန်းဦးက ရန်ကုန်ယူနိုက်တက် အသင်းနှင့်ပွဲစဉ်တွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံတို့သည် မြန်မာနေရှင်နယ်လိဂ် စတင် တည်ထောင်ချိန်မှစတင်၍ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြသည့် အသင်းများဖြစ်ပြီး ၎င်းတို့ နှစ်သင်း၏ တွေ့ဆုံမှုများအပြီးတွင် ရန်ပွဲများနှင့် ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည်။

Ref ; #mizzima --------------------------------------------------------------------------

Ref ; #mizzima

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...