Ads (728x90)

http://www.faubionmiddleschool.com/uploads/8/5/7/5/8575772/645827_orig.jpg

နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ကျောင်းစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ မလုပ်ဘဲ ကျောင်းသူကျောင်းသား ၁၁ ဦးကို ဆရာ၊ ဆရာမများ၏ ဆိုဆုံးမမှုကို မနာခံခြင်း၊ ကျောင်းကန်တင်းတွင် ဖဲဝိုင်းလောင်းကစားမှုပြုလုပ်ခြင်းစသည့် ကျောင်းစည်းကမ်းဖောက်ဖျက်သည့်ပြစ်မှု ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ ၂၀၁၃-၁၄ ခုနှစ် လက်ရှိစာသင်နှစ်တစ်နှစ်ကျအဖြစ် ဒုတိယပါမောက္ခချုပ် လက်မှတ်ဖြင့် ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ နစ်နာသူများက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာအစိုးရအဖွဲ့ကို အသနားခံစာနှင့် တိုင်ကြားစာများ ပေးပို့ထားသည်ဟု ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများက ဇူလိုင်၂၈ရက်တွင် မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဖဲကစားမိတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ကျပြစ်ဒဏ်ကြီးက များတယ်ဗျာ။ အခုအသနားခံစာ တင်ထားတယ်။ စာမေးပွဲပြန်ဖြေရရင်ကို ကျေနပ်ပါတယ်”ဟု တစ်နှစ်ကျပြစ်ဒဏ်ပေးခံရသူ ကိုညီဝင်းဖေက ပြောသည်။
ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကထိကဦးသုတက ကျောင်းသူကျောင်းသားများ စာမေးပွဲမဖြေရသေးဘဲ တစ်နှစ်ကျသတ်မှတ် ပြစ်ဒဏ်ပေးခြင်းသည် မည်သည့်ကျောင်းမျှမရှိကြောင်းနှင့် ပထမအဆင့်အဖြစ် ခေါ်ယူသတိပေးခြင်း၊ ဒုတိယအဆင့်အဖြစ် ပြင်းပြင်းထန်ထန်ခေါ်ယူ သတိပေးခြင်းတို့ဖြင့် မရမှသာလျှင် ပြစ်ဒဏ်ပေးသင့်သည်ဟု သုံးသပ်သည်။
အဆိုပါကျောင်းသူ၊ ကျောင်းသားများကို အရေးယူမှုနှင့်ပတ်သက်၍ နည်းပညာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်ကို မဇ္ဈိမ က တွေ့ဆုံမေးမြန်းရာ “ဖဲကစားတာကနေ ဆေးသမားဖြစ်လာနိုင်တယ်။ လမ်းလွဲသွားမှာ စိုးရိမ်တယ်။ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ လှည့်ပြီး စစ်ဆေးတာတွေလုပ်နေတယ်။ အသံကြားရင်ကို လိုက်ဖမ်းပါတယ်။ ကျောင်းမှာက ကျောင်းသား ၅,၀၀၀ ကျော်ရှိတယ်။ သူတို့ကိုလည်း သတိပေးတာတွေ အမြဲလုပ်တယ်။ စံနမူနာအဖြစ် အရေးယူပေးရတာပါ”ဟု ဒုတိယပါမောက္ခချုပ် ဦးတင်လေးမောင်က ပြောကြားသည်။
အသေးစိတ်အချက်အလက်များနှင့် မေးမြန်းလိုသည့်မေးခွန်းများကို စာရေးသားပေးထားခဲ့ရန်နှင့် တစ်ပတ် အတွင်း ပြန်လည်ဖြေကြားမည်ဟုဆိုသည်။
mizzima

================================================

မြန်မာပြည် ပညာရေး မတိုးတက်တာလဲမပြောပါနှင့်တော့ ၁၀ တန်းဆိုတဲ့
အချိန်ကာလလောက်ထိပဲကြိုးစားမှုဆိုတာရှိတော့တာပါ အဲ့ဒီနောက်ပိုင်း
၁၀ တန်းအောင်ပြီးလို့ တက္ကသိုလ်စတက်ပြီဆိုကတည်းကကျောင်းသူကျောင်းသား
၉၀% ရာခိုင်နှုန်းလောက်ဟာ အပျော်တမ်းကျောင်းတက်နေတယ်လို့ ပဲ ယူဆပြီး
တက္ကသိုလ်ကို တက်နေခဲ့ကြပါတယ် ကျောင်းတက်ရက်ပျက်တယ် ကျောင်းခေါ်ချိန်
လုံးဝမမှန် တစ်ပတ်မှာ ကျောင်းတက်ရက် ၅ ရက် ရှိရင် ၃ ရက်လောက် အနည်းဆုံး
ပျက်နေကြတဲ့သူတွေများပါတယ် ကျောင်းစာသင်ဖို့ ထက်အပျော်အပါးကိုလိုက်စား
လိုသူ အပျော်အပါးဘက်ကိုအားသန်သူက ရာခိုင်နှုန်း ၉၀% ကျော်နေခဲ့တဲ့အတွက်
ပညာရေးကဟိုးအောက်ဆုံးကို ရောက်နေရတယ်လို့ မြင်မိပါတယ် အမှန်တကယ်ကြိုးစား
လိုတဲ့ ကျောင်းသူကျောင်းသားတွေမရှိဘူးမဟုတ်ပါဘူး ရှိပါတယ် ရည်းမှန်းချက်တွေ
ရည်ရွယ်ချက် ကြီးကြီး မားမားတွေထားတဲ့ကျောင်းသူ ကျောင်းသားဆိုတာ
၁၀% ရာခိုင်နှုန်းတောင် မပြည့်တဲ့အနေအထားပါ မြန်မာပြည်မှာ ပညာတတ်တွေ
ပေါများလာမှ နိုင်ငံတိုးတက်မယ် နိုင်ငံရေးစီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ
ပညာတတ်တွေ မြောက်မြားစွာလိုအပ်ပါတယ်လို့ ပြောနေကြပေမယ့်
တစ်နေ့ တစ်ခြား ရှားပါးလားတဲ့ပညာတတ်တဲ့သူတွေထူးချွန်တဲ့သူတွေ
နောက်ဆို ၁၀၀% ရာခိုင်နှုန်းလောက်ကို မရှိတော့ဘူးဆိုရင် ဘယ်လိုလုပ်ကြလဲ
ကျောင်းမတက်လဲကိစ္စမရှိဘူး ဆရာကိုပိုင်တယ် ဆရာမကိုပိုင်တယ်
စာမေးပွဲလား .. ရတယ်အေးဆေး စာမရလဲ စာမေးပွဲမှ ရအောင်ခိုးချမယ်
နောက်ဆုံး မအောင်နိုင်ဘူးထင်လဲ အောင်သွားအောင် လာဘ်လေးထိုးလိုက်မယ်ဆိုတဲ့
အတွေးအခေါ်တွေ အယူအဆ အမှားတွေ လုပ်ရပ်အမှားတွေကြောင့်
တစ်နေ့ တခြား တနှစ်ထက် တနှစ် ဆုတ်ယုတ်လာတဲ့ မြန်မာပြည်ရဲ့ ပညာရေးအခြေအနေ
ဟူး ..... တွေးကြည့်ရင် တကယ်ရင်မောရတဲ့အနေအထားပါပဲဗျာ
တိုးတက်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့  ပညာတတ်မြောက်များစွာလိုအပ်ပါတယ်ဆိုခဲ့ရင်
တည်ဆောက်ရေး အခြေခံအုတ်မြစ်တွေထဲက တစ်ခုဖြစ်တဲ့ ပညာရေးမှာကခြစားနေခဲ့တော့
တိုးတက်တဲ့ နိုင်ငံတစ်ခုဆိုတာ ဘယ်လိုများ တည်ဆောက်လို့ ဖြစ်တော့မှာလဲလို့ သာ။

Aüñg Kÿáw Sôë ( 4:47 PM - 29.7.2014 )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...