Ads (728x90)



--------------------------------------------------------------------------------
နောက်ဆုံး ၄ ပွဲဆက် တိုက် နိုင်ပွဲ ပျောက်နေ သော ရန်ကုန် ယူနိုက်တက် အသင်းသည် အေအက်ဖ်စီ ဖလား ပွဲစဉ်တွင် ဟောင်ကောင် ကလပ် South China အသင်းကို ၂-၀ ဖြင့် ဂိုးပြတ် အနိုင်ယူ ပြီး လမ်းကြောင်း မှန် ပေါ်သို့ ပြန်လည် ရောက် ရှိလာ ပြီ ဖြစ်သည်။ ရန်ကုန် အသင်း အတွက် ဘရာဇီး တိုက်စစ် အတွဲ ဖြစ်သော ဆီဇာ နှင့် အီမာဆင် တို့က ၁ ဂိုးစီ သွင်းယူ ခဲ့ပြီး ထူးခြားချက် မှာ ယခု ခေါင်းတိုက်သွင်း ဂိုးသည် ဆီဇာ ၏ ရန်ကုန် ယူနိုက်တက် ကစား သမား ဘ၀ တွင် ပ ထမ ဆုံး သွင်းယူ နိုင်သည့် ခေါင်းတိုက် ဂိုးဖြစ်သည်။ ယခု အချိန် တွင် ရန်ကုန် အသင်းသည် အေအက်ဖ်စီ သွင်းဂိုး ၉ ဂိုး အထိ ရှိနေပြီး ကျော်ကိုကို၊ ဆီဇာ နှင့် အီမာ ဆင် တို့က ၃ ဂိုး စီ သွင်း ယူ ထားခြင်း ဖြစ်သည်။

ယခု ပွဲသည် နှစ်သင်း စလုံး အတွက် အထူး အရေး ပါသည့် ပွဲဖြစ် သော ကြောင့် ဂရု စိုက် ကစား ခဲ့ပြီး ရန်ကုန် အသင်း သည် နည်းဗျူ ဟာ အပြောင်း အလဲ အချို့ လုပ်ခဲ့ သည်။ အား ကောင်းသည့် South China အသင်း ဘယ်တောင် ပံကို ထိန်းချုပ် နိုင်ရန် ရန်ကုန် အသင်း ၏ ညာသန် အလယ်တန်း လူ ရန်အောင် ကျော်ကို ညာနောက် ခံလူ အဖြစ် ကစား စေခဲ့သည်။

ရန်ကုန် အသင်းသည် ဂိုး - အောင်ဝေဖြိုး၊ နောက် - ရန်အောင်ကျော်၊ ကာဇူကီ၊ အလက်ဇန္ဒား၊ ခင်မောင်လွင်၊ လယ် - ဒေးဗစ်ထန်း၊ ရာဇာဝင်းသိန်း၊ အီမာဆင်၊ ပြည့်ဖြိုးအောင်၊ ရှေ့ - ဆီဇာ၊ ကျော်ကိုကိုတို့ ကစား ခဲ့ပြီး South China အသင်းတွင် အားထား ရသည့် မက်ဆီ ဒိုးနီးယား တိုက်စစ် မှူး ဘာရီဆစ်၊ နောက်ခံလူ ဂျက်ဆီ လီ တို့ အပါ အ၀င် အဓိက ကစား သမား အစုံ ပွဲထွက် ခဲ့သည်။

ပွဲစကတည်း က ရန်ကုန် အသင်း ဖိကစား နိုင်ခဲ့ပြီး ၃၅ မိနစ်တွင် ညာတောင်ပံ မှ ကျော်ကိုကို တင်ပေးသည့် ဘောလုံး ကို ဆီဇာ က ခေါင်းတိုက်ပြီး အဖွင့် ဂိုးသွင်း ယူခဲ့သည်။ ဒုတိယ ဂိုးကို မူ ဒုတိယပိုင်း ၇၆ မိနစ်တွင် ထောင့်ကန် ဘောမှ တစ်ဆင့် ဆီဇာ က ပြန်လည် ဖန်တီး ပေးခဲ့ပြီး အီမာဆင်က ခေါင်းတိုက် သွင်းယူ ခဲ့သည်။

ဒုတိယ ပိုင်းတွင် စည်းကြပ် ဒိုင်လူကြီး ကို လေးစား မှု မရှိဘဲ ကြမ်းတမ်း စွာ ဆက်ဆံ ခဲ့သည့် South China အသင်း နည်းပြ အဖွဲ့ ၀င်တစ်ဦး ကွင်း အတွင်း မှ မောင်းထုတ် ခံခဲ့ ရပြီး နောက်ခံ လူ လီချီဟို မှာ လည်း ၂ ၀ါ၊ ၁ နီဖြင့် ထုတ် ပယ် ခံခဲ့ရ သည်။

ယခု နိုင်ပွဲ ကြောင့် ရန်ကုန် အသင်းသည် ၃ ပွဲကစား ရမှတ် ၆ မှတ် ရထား ပြီး နောက်တစ်ဆင့် တက်ရန် များစွာ အခြေ အနေကောင်း သွားပြီ ဖြစ်သည်။

ပွဲပြီး သတင်းစာ ရှင်းလင်း ပွဲတွင် ရန်ကုန် အသင်း နည်းပြချုပ် အဲရစ် ၀ီလျံက အသင်း ကစား ပုံကို အားရ ကျေနပ် ကြောင်း ပြောသည်။

“ကစား သမား တွေရဲ့ စွမ်းဆောင် ရည်ကို ကျေနပ် ပါတယ်။ သူတို့ အတွက် ကျွန်တော် ဂုဏ်ယူ တယ်။ အကြာ ကြီး နိုင်ပွဲ ပျောက်နေရာ ကနေ အောင်ပွဲ ပြန်ရတယ် ဆိုတာ အရမ်း ကောင်းတယ်” ဟု အဲရစ် ကဆိုသည်။ ဆက်လက်ပြီး ၄င်းက ရန်ကုန် အသင်းတွင် ပြည်တွင်း ပြည်ပ ပြိုင်ပွဲ နှစ်ခု စလုံး အတွက် အရည် အသွေး ပြည့် ကစား နိုင်သည့် ကစား သမား အရေ အတွက် မှာ ၁၂ ဦးသာ ရှိကြောင်း၊ လူငယ် များကို ယခု ထက် ပိုကောင်း လာရန် အချိန် ပေး လေ့ကျင့်ရ မည်ဖြစ်ကြောင်း၊ ယနေ့ ပွဲတွင် ရသည့် ဂိုးများမှာ တစ်ဦး ချင်း အရည် အချင်း ထက် အသင်းလိုက် ပေါင်းစည်းမှု ကို ထင်ဟပ် စေသည် ဟု ယုံကြည် ကြောင်း ပြောသည်။

South China အသင်းနည်း ပြချုပ် ယန်ချင်ကွမ် က ရန်ကုန် အသင်း၏ အဓိက တိုက်စစ် မှူး နှစ်ဦး ဖြစ်သော ဆီဇာ နှင့် အီမာဆင် တို့၏ တိုးအား ကို ကောင်းစွာ မထိန်း ချုပ် နိုင်ခဲ့ ကြောင်း၊ ယနေ့ ပွဲတွင် ဟောင်ကောင် ကလပ် အသင်း အနေဖြင့် ကြိုးစား ကစား ခဲ့သော်လည်း ကံမကောင်း ခဲ့ကြောင်း၊ ပူပြင်း လွန်းသည့် ရာသီ ဥတု မှာလည်း အကြောင်း တစ်ချက် ဖြစ်ကြောင်း ပြောသည်။

Ref ; #YUFC ygnutd.com


 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...