Ads (728x90)


----------------------------------------------------------------------------

မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်း အတွက် နိုင်ငံတကာ အတွေ့အကြုံ ရရှိ စေရန်နှင့် လက်ရှိ ဆောင်ရွက်လျက် ရှိသော လေ့ကျင့်မှုများ အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံမှ ဖူဆယ်ကလပ် အသင်းတစ်ခု ဖြစ်သည့် Jyu Jyo FC နှင့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ် အသင်းတို့ ခြေစမ်း ကစားနိုင်ရန် စီစဉ်ထားသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းနှင့် ခြေစမ်းကစားမည့် Jyu Jyo FC ဖူဆယ်ကလပ် အသင်းသည် ရန်ကုန်မြို့သို့ ယနေ့ (၁၇-၃-၂၀၁၄) ညနေ ၅ နာရီတွင် လေကြောင်း ခရီးစဉ် NH 112 ဖြင့် ရောက်ရှိမည်ဖြစ်ပြီး သုဝဏ္ဏ ဘောလုံးကွင်း အနီးရှိ Goal Hotel တွင် တည်းခိုမည် ဖြစ်သည်။ ခြေစမ်းပွဲများ အနေဖြင့် မတ်လ (၁၉)ရက်၊ (၂၀)ရက် နှင့် (၂၂)ရက်တို့တွင် မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ် အသင်းနှင့် ခြေစမ်းပွဲ (၃)ပွဲတိတိ ယှဉ်ပြိုင် ကစားကြရန် စီစဉ်ထားရှိပြီး အမျိုးသား မိုးလုံလေလုံ အားကစားရုံ (၁)တွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဂျပန် Jyo Jyu FC ဖူဆယ်ကလပ် နှင့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းတို့ ခြေစမ်း ကစားကြပုံ များအား ဘောလုံးချစ် ပရိသတ်ကြီး အနေဖြင့် အဆင်ပြေ ချောမွေ့စွာ ကြည့်ရှု အားပေးနိုင်ရန် အတွက် ကွင်းဝင်ကြေးကို အခမဲ့အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ခြေစမ်းပွဲစဉ် များအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို (၁၈-၃-၂၀၁၄)ရက်၊ နေ့လည် (၁)နာရီတွင် MFF အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သောကြောင့် သတင်း မီဒီယာများ အားလုံး တက်ရောက် သတင်းယူနိုင် ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ် ပါသည်။

Ref ; #MFF


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...