Ads (728x90)

Photo: မြန်မာနှင့် ဂျပန် ဖူဆယ် ခြေစမ်းပွဲအတွက် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

--------------------------------------------------------------------------------

ဂျပန်နိုင်ငံမှ ဖူဆယ်ကလပ် အသင်းတစ်ခု ဖြစ်သည့် Jyu Jyo FC နှင့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ် အသင်းတို့ ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁း၀၀)နာရီ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဂျပန် ဖူဆယ် အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းနှင့် Jyu Jyo FC ကလပ်အသင်း ဥက္ကဋ္ဌ မစ္စတာ တာကာအို ဆာကဲနှင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် အီရန်နိုင်ငံသား ဆာအိဒ် ၊ MFF ဖူဆယ်ဌာန တာဝန်ခံ ဦးကြည်မင်းသိန်း၊ MFF တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF Media Director ဦးစိုးမိုးကျော်၊ MNL CEO မစ္စတာ ဂျေဆင်း နှင့် တာဝန်ရှိသူများ၊ နှစ်ဖက် ကစားသမားများ၊ မီဒီယာများ တက်ရောက်ခဲ့ ကြသည်။

သတင်းစာ ရှင်းလင်းပွဲ ဖြေကြားချက်များ အရ အထက်ပါ ဂျပန်ကလပ် အသင်းသည် ဂျပန် တက္ကသိုလ် ဖူဆယ်အဆင့်တွင် အဆင့်အမြင့်ဆုံး အသင်းတစ်သင်း ဖြစ်ပြီး ဂျပန်ဖူဆယ်လိဂ် ပထမတန်းတွင် ၀င်ရောက် ကစားနေသော ကစားသမား အများစု ပါဝင်လျက် ရှိသည်။ မြန်မာ့ လက်ရွေးစင် အသင်းမှာမူ ပြီးခဲ့သည့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် ကစားသမား များအား အခြေခံ ဖွဲ့စည်း ထားသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းနှင့် Jyu Jyo FC ဖူဆယ်ကလပ် အသင်း ခြေစမ်းပွဲများကို မတ်လ (၁၉)ရက်၊ (၂၀)ရက် နှင့် (၂၂)ရက်နေ့ နေစဉ် ညနေ(၃)နာရီမှ စတင်ကာ ခြေစမ်းပွဲများ ကျင်းပမည်ဖြစ်ပြီး အမျိုးသား မိုးလုံလေလုံ အားကစားရုံ (၁)တွင် ပရိသတ်များ အခမဲ့ လာရောက်အားပေး ကြည့်ရှုနိုင်မည် ဖြစ်သည်။

Ref ; #MFF

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...