မြန်မာ့ ဘောလုံးလောက တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်သော နည်းပြကောင်းများ ပေါ်ထွက်လာရေး၊ ပြည်တွင်း ဘောလုံးအသင်း အဆင့်ဆင့်တွင် တာဝန် ထမ်းဆောင် နေကြသည့် နည်းပြများ အနေဖြင့် နည်းစနစ်ပိုင်း၊ စီမံခန့်ခွဲမှု အပိုင်းများ၌ နိုင်ငံတကာ အဆင့် အတွေ့အကြုံ ကောင်းများ ရရှိစေရေး တို့အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် အာရှ ဘောလုံး အဖွဲ့ချုပ် (AFC)နှင့် ပူးပေါင်း စီစဉ်ကာ AFC 'C' Certificate Coaching Course ကို ပုံမှန် ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။ ယခုလည်း AFC 'C' လိုင်စင် နည်းပြသင်တန်း တစ်ရပ်ကို (၁၈-၃-၂၀၁၄) တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။ AFC 'C' လိုင်စင် သင်တန်းကို (၁၈-၃-၂၀၁၄)မှ စတင်၍ သင်တန်းကာလ (၂)ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်း နည်းပြအဖြစ် AFC Regional Instructor ဖြစ်သူ ဦးဝင်းသူမိုးမှ ဦးဆောင် သင်ကြားပေးသွား မည်ဖြစ်သည်။
Ref ; #MFF

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။