Ads (728x90)


----------------------------------------------------------------------------------

2014 AFC Cup အုပ်စု(G) ပွဲစဉ် တစ်ပွဲဖြစ်သည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် တောင်တရုတ် အသင်းတို့ ယနေ့ညနေ (၄)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် ရန်ကုန်ယူနိုက်တက် အသင်းက တောင်တရုတ် အသင်းကို ၂-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက် အသင်းသည် အိမ်ရှင် အသင်းပီပီ တောင်တရုတ် အသင်းဘက်သို့ ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစားခဲ့ပြီး အဖွင့်ဂိုးကို (၃၅) မိနစ်တွင် ဆီဇာက သွင်းယူခဲ့သည်။ ဒုတိယပိုင်း (၇၆) မိနစ်တွင် အီမာဆင်က အိမ်ရှင်အသင်း အတွက် ဒုတိယဂိုးကို ခေါင်းတိုက်ပြီး သွင်းယူ ခဲ့သည်။ တောင်တရုတ် အသင်းသည် ရန်ကုန် နောက်ခံလူ ကာဇူကီ လူစားလဲလှယ်ခံ ရသည့်နောက် မကြာခဏ တိုက်စစ်ဆင် ထိုးဖောက်မှု များပြုလုပ် သော် လည်း ခင်မောင်လွင်၊ အောင်သိုက်၊ အလက်ဇန္ဒား တို့ကောင်းစွာ ခုခံကာကွယ် နိုင်ခဲ့သဖြင့် ဂိုးမရရှိခဲ့ပေ။ ယနေ့ပွဲစဉ်တွင် ရာသီဥတု အပူချိန်ကြောင့် ပွဲချိန် ပထမပိုင်း မိနစ်(၃၀)တွင် တစ်မိနစ်၊ ဒုတိယပိုင်း မိနစ်(၃၀)တွင် တစ်မိနစ်စီ ကွင်းလယ်ဒိုင်က ရေသောက်ချိန် အနားပေး ခဲ့သည်။ အာရှ ဘောလုံး အဖွဲ့ချုပ် AFC အနေဖြင့် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် ကျော်လွန်ချိန်တွင် ကစားသည့် ပွဲများအား အထက်ပါအတိုင်း ရေသောက်နားချိန် ခွင့်ပြုပေးထားသည်။ ရန်ကုန် အသင်းသည် ယနေ့ပွဲစဉ် အနိုင်ကြောင့် ရမှတ်(၆)မှတ် ရရှိထားပြီး အမှတ်ပေး ဇယား အဆင့်(၂) နေရာတွင် ရပ်တည်လျက် ရှိသည်။

ယနေ့ပွဲစဉ် ၀င်ရောက်ကြည့်ရှုသည့် ပရိသတ် အရေအတွက် - ၂၀၀၀ ဦး
ရန်ကုန် ယူနိုက်တက် အသင်း ပွဲထွက် ကစားသမား စာရင်း
အောင်ဝေဖြိုး၊ ဒေးဗစ်ထန်း၊ အလက်ဇန္ဒား၊ ကာဇူကီ၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ အီမာဆင်၊ ပြည့်ဖြိုးအောင်၊ ဆီဇာ၊ ကျော်ကိုကို
အရန် ကစားသမားများ
တေဇာအောင်၊ အောင်ဇော်၊ အောင်မိုး၊ အောင်သိုက်၊ အောင်ကျော်ထွေး၊ သန်းထက်အောင်၊ ရန်နိုင်အောင်

South China အသင်း ပွဲထွက် ကစားသမား စာရင်း
ရက်ဟောင်း၊ လီချီဟို၊ ဆန်၊ ချန်ဆောင်ကီ၊ လီဝေလင်၊ ချန်ဝေဟို၊ လီဟောင်လင်၊ ကော့ကင်ပေါင်၊ လောင်ချောင်ပေါင်၊ ဂျက်ဆီလီ၊ ဘာရီဆစ်
အရန် ကစားသမားများ
လောင်ဟန်ကစ်၊ ဂျိုအိုအီမာ၊ ဆာဆာကာကွတ်၊ ချန်ဆောင်ကွမ်၊ မိုက်ကယ် ချီဟို၊ လိုကောင်ဝေ၊ ချန်လီဟင်၊ လောင်ဟင်ကစ်

Ref ; #MFF



Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...