Ads (728x90)
December 17, 2013 at 3:28am
ဒီနေ့  မြန်မာ  Vs အင်ဒို ပွဲကြည့် မယ်ဆိုပြီး ကွင်းထဲကိုရောက်ခဲ့ ပါတယ်
ကွင်းထဲမှာပရိတ်သတ်တွေအပြည့် နဲ့   Myanmar ...! Myanmar.. အော်တဲ့ အသံတွေ
မိုးလုံးဟိန်းလို့ ညံနေတယ်လို့ တောင်ထင်ရလောက်အောင်ကြောက်ခမန်းလိလိပါပဲ
ဒီနှစ်ဆောင်းတွင်းကယခင်နှစ်တွေထက်ပိုပြီးအေးတာကြောင့် ကွင်းထဲကလူငွေ့ နဲ့ တောင်
မနွေးထွေးပဲတော်တော်လေးကိုအေးစိမ့် နေတာပါ ချမ်းခိုက်ခိုက်တုန်နေပေမယ့် ချမ်းတဲ့ စိတ်ကို
ဘောလုံးကွင်းထဲကပရိတ်သတ်တွေရဲ့ အားပေးမှုအသံတွေကတော်တော်လေးကိုနွေးထွေးစေပါတယ်
ပရိတ်သတ်တွေရဲ့ မြန်မာ ... မြန်မာ ...ဆိုတဲ့ အော်သံတွေက ကြက်သီးတောင်
ထလောက်ပါတယ် အော်..ငါတို့ မြန်မာတွေ အမျိုးကိုတော်တော် ချစ်ကြတာပါပေပဲလား
အားကစားကိုတော်တော်ချစ်မြတ်နိုးကြတာပါလား ကိုယ့် မြန်မာအသင်းကိုစိတ်ရောလူရောနှစ်ပြီး
တကယ်ကိုအားပေးကြတာပါလားဆိုပြီးအတွေးတွေနဲ့ ကြက်သီးတွေဖျန်းဖျန်းထလို့ ပေါ့ 
မကြာပါဘူး ကြည်နူးနေတဲ့ ကြည်နူးမှုတွေ အထင်ကြီးမှုတွေလေးစားမှုတွေ သဲထဲကိုရေသွန်လိုက်သလိုပါပဲ
ဘာတစ်ခုမှကိုအရာထင်မကျန်ခဲ့ တော့ ပါဘူး ဘောလုံးပွဲတစ်ပွဲရဲ့ မိနစ် ၉၀ ဆိုတဲ့  အချိန်မပြည့် ခင်လေးမှာပဲ
ခွေးမြီးကောက်ကျည်တောက်စွပ်ထားပေမယ့် ပြန်ဖြောင့် သွားတဲ့ အဖြစ်အပျက် မင်းသားမျက်နှာဖုံးနောက်ကွယ်က
ဘီလူးမျက်နှာဖုံးကိုပြန်မြင်ရလိုက်တဲ့ အခိုက်အတန့် ကြက်သေသေသွားခဲ့ ရပါတယ် မထင်မှတ်တဲ့ ဖြစ်ရပ်ပေါ့ 
ကမ္ဘာ့ ဖလား ခြေစစ်ပွဲတုန်းက  မြန်မာ  Vs အိုမန်   ပွဲတုန်းက အဖြစ်အပျက်ပြီးသွားတော့  ဒီလို ဖြစ်ရပ်မျိုးတွေ
အလားတူတာမျိုးတွေ ထပ်မဖြစ်နိုင်လောက်တော့ ဘူးထင်ထားခဲ့ ပေမယ့် မျက်ဝါးထင်ထင် ထပ်မံပြီးတော့ 
တွေ့ လိုက်ရပြန်တယ် တကယ်ပါ ယူကြုံးမရတဲ့ စိတ် ရှက်တဲ့ စိတ်တောင်ဖြစ်မိပါတယ် ငါတို့ မြန်မာတွေ
ဘာကြောင့် များ ဒီအကျင့် ဆိုးတွေကိုမပြင်နိုင်ကြသေးတာလဲ မပြင်ကြသေးတာလဲဆိုပြီးတော့ ပေါ့ 
ပရိတ်သတ်တွေထဲမှာဆိုးသွမ်းပရိတ်သတ်တွေဘာကြောင့် ရှိနေရသေးတာလဲ သူတို့ သူတို့ တွေစိတ်ထဲမှာ
ဘာကြောင့် များ ဒီလို ဖြစ်ရပ်မျိုးတွေဖြစ်စေဖို့ ဖြစ်လာဖို့  လုပ်ဆောင်ဖို့ စိတ်တွေရှိနေကြသေးတာလဲ
ဒီလိုပြောလို့  ပရိတ်သတ်တွေကို အပြစ်ပြောတာ အပြစ်ဖို့ တာတော့ မဟုတ်ပါဘူး ဒီလို ဖြစ်ရတာက
အချို့  အချို့ သောသူတွေမှာလဲ အပြစ်ရှိပါတယ် ပထမဦးဆုံးပြောရမယ်ဆိုရင်တော့  ...
နံပါတ် ( 1 ) ပြဿ     နာ လက်မှတ်ကိစ္စ
အင်ဒိုနဲ့ ပွဲမတိုင်မီအရင်အရင်ပွဲစဉ်တွေတိုင်းမှာ ဒီလက်မှတ်ကိစ္စကတော်တော်ဆိုးရွားတဲ့ အခန်းကဏ္ဍကနေ
ပါဝင်နေခဲ့ တာပါ ထိုင်းနဲ့ ပွဲမှာအဆိုးဆုံးလို့ ပြောလို့ ရမယ်ထင်ပါတယ် 1000 တန် 2000 တန်လက်မှတ်တွေက
35000 လောက် 40000 လောက်ထိတောင်ဖြစ်သွားတယ်ဆိုတာက တော်တော် တော့ တရားလွန်တယ်လို့ 
ထင်မိပါတယ် ထိုင်းနဲ့ ပွဲမှာသာ ခု အင်ဒိုပွဲလိုရှုံးနိမ့် ခဲ့ မယ်ဆိုရင် ဒီနေ့ သာ ထိုင်နဲ့ ပွဲတုန်းကလိုဖြစ်ခဲ့ ရင်
ဒီနေ့ ပွဲလိုသာ ထိုင်းကိုရှုံးနိမ့် ခဲ့ မယ်ဆိုရင် မြန်မာပရိတ်သတ်တွေရဲ့ ပေါက်ကွဲမှုတွေအထွဋ်အထိပ်ကို
ရောက်သွားမှာသေချာပါတယ်ခင်ဗျားတို့  ( တာဝန်ရှိသူတွေ ) ပဲစဉ်းစားကြည့် လေဗျာ  1000 တန် တို့ 
2000 တန်တို့ ဆိုတဲ့ လက်မှတ်တွေကို မတန်တဆဈေးတွေပေးပြီးဝယ်ကြည့် ထားကြတဲ့ သူတွေအနေနဲ့ 
သူတို့ လိုချင်တဲ့  အနေအထား သူတို့ လိုချင်တဲ့ ရလားမျိုးထွက်ပေါ်လာအောင်မစွမ်းဆောင်ပေးနိုင်ခဲ့ ဘူးဆိုရင်
ဘယ်လောက်ထိအောင်ပေါက်ကွဲထွက်ကုန်မလဲ လူတွေမှာစိတ်ကအဓိကလေ စိတ်ပေါက်သွားရင်
စိတ်ထင်ရာကိုလုပ်တတ်ကြတာလူတွေရဲ့ သဘာဝပဲ အဲ့ ဒါကြောင့် ဒီနေ့ ပွဲမှာ အရုပ်ဆိုးအကျည်းတန်တဲ့ 
ဖြစ်ရပ်တွေ ဖြစ်ရတာ ပရိတ်သတ်တွေရဲ့ အပြစ်လို့ တော့ မဆိုသာဘူး ဒါပေမယ့်  ရိုင်းစိုင်းတဲ့  လုပ်ရပ်တွေကို
လုပ်တဲ့ သူတွေကိုတော့ ရှုံ့ ချပါတယ် ...
ဟုတ်ပီဗျာ ဆက်ပြောမယ် ဒီလိုလက်မှတ်တွေဘာကြောင့် ဈေးတွေဒီလိုဖြစ်ရတာလဲ ဒီလောက်ထိဖြစ်ရတာလဲ
စည်းကမ်းမကျ နည်းစနစ်မကျ လို့ ဖြစ်ရတာ စည်းကမ်းမရှိလို့ ဖြစ်ရတာလို့ ပဲပြောချင်တယ် တကယ်ဆိုရင်
ကွင်းက လူဦးရေ 30000 ဆံ့ တယ်လို့ ပြောတယ် ပရိတ်သတ် 30000 ဆိုတော့ လက်မှတ်လဲ 30000 ပဲ
ဖြစ်ရမှာပဲမဟုတ်ဘူးလား ဒါပေမယ့် ကွင်းထဲမှာ လူဦးရေက 30000 ထက်ကျော်လွန်နေသလိုပဲဗျ
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ... ဟိုအရင်ရက်တွေက လက်မှတ်စစ်မှာလုပ်တဲ့ တစ်ယောက်ကပြောပါတယ်
လက်မှတ်တွေကို စည်းကမ်းတကျ နည်းစနစ်တကျ နဲ့ စိစစ်ပြီးမှ ကွင်းထဲကိုဝင်ခွင့် ပေးပါသတဲ့ 
အဲ့ ဒီနေ့ သူပြောတုန်းက ကျွန်တော် ပြန်မေးလိုက်ပါတယ် အဲ့ ဒါဆို ကွင်းထဲမှာ ထိုင်ခုံ 30000 ပဲရှိလို့ 
လက်မှတ် 30000 ပဲရောင်းပါတယ်လို့  TV တွေကနေ သတင်းစာတွေကနေ တရားဝင်ထုတ်ပြန်ကြေညာတယ်
နောက်ဆုံးလက်မှတ်တွေကုန်သွားလို့  လက်မှတ်ဝယ်မရတဲ့ ပရိတ်သတ်တွေကိုတောင်းပန်ပါတယ်ဆိုတာပါ
ကြေညာပါသေးတယ် ဒါဆိုရင်.... မှောင်ခိုသမားတွေ ဆီမှာ 35000 တန် 40000 တန်ဆိုတဲ့ လက်မှတ်တွေက
ဘာတွေတယ် ဘယ်ကလာသလဲ အတုတွေလား ဆိုတော့  လက်မှတ်ကတော့  30000 ပဲပေါ့ ဝင်ခွင့် ပေးထားတဲ့ 
အဲ့ ဒီမှာ စည်းစနစ်မကျတာ နည်းလမ်းမကျတာတွေတွေ့ ရယ်  သူငယ်ချင်းတစ်ယောက်ကပြောတယ်
ထိုင်းနဲ့ ပွဲမှာ ကမ္ဘောဒီယားနေ့ ကပွဲစဉ်လက်မှတ်ကြီးမှားယူသွားပြီးသွားကြည့် တာ ကြည့် ခဲ့ ရတယ်ပြောတယ်
နောက်သူငယ်ချင်းတစ်ယောက်ပြောတာက ဟိုလူတောင်မရဘူး ဒီလူတောင်မရဘူးဆိုတဲ လက်မှတ်ကိစ္စတွေ
ဖြစ်နေပေမယ့်  ကွင်းထဲကို မီးသတ်က ၀န်ထမ်းပေါက်စလေးကတောင် လူ 10 ယောက်လောက်ကို ကိုဆွဲထည့် တာ
တွေ့ ခဲ့ ရတယ်တဲ့  နောက်တစ်ယောက်ပြောထားတာကတော့ သူရေးထားတဲ့ အတိုင်းဖတ်ကြည့် လိုက်ဗျာ
အောက်ပါအတိုင်းပါပဲ......
---------------------------------------------------------------------------------------------------------------
လက်တို့ပီးတော့ ပြောရဦးမယ်
sea games sea games
ဘောလုံးပွဲတွေ လူများမယ်မှန်းတော့သိပါတယ်
ဒါကြောင့်လဲ ပွဲကုန်မကြည့်ပဲ တစ်ပွဲလောက်ကြည့်ရရင်ပဲတော်ပါပြီလို့ဆုံးဖြတ်ထားတော့ အေးဆေးပေါ့
သူငယ်ချင်းရောင်းရင်းတွေက ထိုင်းနဲ့ပွဲကြည့်မယ်တဲ့
အိုကေပေါ့ ကြည့်မယ်ပေါ့
ကြားရတဲ့သတင်းက လက်မှတ်မရဘူး မှောင်ခိုပဲရတယ်တဲ့
ကန်မယ့်နေမှာလည်း တူတော်မောင်နှစ်ယောက် လက်မှတ်တိုးနေရာ သုဝဏ္ဏဆီသွားတော့
မနက်ဆယ်နာရီကျော်ရုံလေးးးး
သူတို့လည်းအားတက်သရောတိုးပေးနေတာပါပဲ
လက်မှတ်ရောင်းတဲ့နေရာနဲ့ လက်တကမ်းအလိုရောက်တော့ ကုန်သွားပြီတဲ့
ထားလိုက်ပါတယ် ကိုယ်တွေနောက်ကျလို့ဖြစ်မှာပါဆိုပြီးးး
ဘေးမှာကြားလိုက်ရတာက လက်မှတ်ယူမလား သုံးသောင်းခွဲနဲ့လုပ်ပေးမယ်
ချက်ချင်းရမယ်နော်တဲ့ လိုရင်းကခုမှစမှာပါ
ကိုယ်လိုသူလို ဘောလုံးပရိတ်သတ်တွေလက်မှတ်မရ
ကိုယ့်ထက် ဘောလုံးနဲ့ရင်းနှီးသူတွေ လက်မှတ်မရ
ဘောလုံးအသိုင်းအ၀ိုင်းနဲ့ ခင်မင်လွန်းသူတွေ လက်မှတ်မရ
ဘောလုံးလောကမှာ နာမည်ရှိသူတွေ လက်ရှိကန်နေဆဲသူတွေအပါအ၀င်ပေါ့ လက်မှတ်မရ
ဖွင့်ပွဲအခမ်းအနားမှာ ပါဝင်ဖြေဖျော်ပေးခဲ့သူတွေလက်မှတ်မရ
ဒီလိုသိရတော့ တကယ်ပဲ သမာသမတ်ကျလာသလိုလို
လူတန်းစားမခွဲခြားတော့သလိုလို ထင်ယောင်ထင်မှားနဲ့
သူတို့တောင်ဒီလိုဖြစ်ရတာ ကိုယ်တွေတော့ နားလိုက်တော့ပေါ့
ဒါပေမယ့်လည်းးး
ကြားလိုက်တာက ကိုးတန်းကျောင်းသားတစ်ယောက်က VIP တန်းမှာလက်မှတ်ရပါသတဲ့
သူငယ်ချင်းတစ်ယောက်ကပေးတာမို့ သူငယ်ချင်းလေးယောက်နဲ့သွားကြည့်ပါတယ်
လက်မှတ်ပေးသူပါဆို ပေါင်းငါးယောက်ပေါ့ ဒါကကိုယ်သိထားတဲ့အရေအတွက်ပါပဲ
ဒီလိုကိုယ့်နိုင်ငံကအိမ်ရှင်လုပ်တဲ့ ဒီလိုပွဲမျိုးကို ကိုးတန်းကလေးမှမဟုတ်ပါဘူး ငါးနှစ်ကလေးပဲဖြစ်ဖြစ်
ကြည့်သင့်ပါတယ် ကြည့်လည်းကြည့်စေချင်ပါတယ် ကြည့်ခွင့်ရလို့လည်းဝမ်းသာပါတယ်
ထပ်ပြီးဒါပေမယ့်ချင်တာတစ်ခုပါပဲ
ဒီလိုအရွယ်မရောက် ဘာမှနေရာမရ အရေးမကြီးတဲ့ ကလေးတွေကိုနှိမ်ချခြင်းမဟုတ်ပါဘူး
တစ်ချို့မိဘတွေဆို ဒီလိုလူပြည့်ညပ်နေတဲ့နေရာမျိုးကို သွားခွင့်ပြုမယ်တောင်မထင်ဘူး
ကိုးတန်းအရွယ်တွေမှာ VIP ဆိုတဲ့လက်မှတ်တွေနေရာယူနေချိန်
တကယ်တမ်း အဲ့ဒီနေရာမှာ ရှိနေသင့်တဲ့သူတွေ နေရာမဲ့ လက်မှတ်မဲ့နေတာမဖြစ်သင့်ပါဘူး
VIP ဆိုတဲ့နေရာမှာ တာဝန်ရှိသူတွေ အားကစားသမားတွေ ဖိတ်ကြားခံရသူတွေ ပံ့ပိုးကူညီသူတွေ ၀န်ထမ်းအကြီးအကဲတွေရှိသင့်တာမဟုတ်လား 2011 တုန်းက ယူ23 အသင်းမှာပါဝင်ခဲ့သူတွေ အဲ့ဒီနေရာမှာရှိနေခဲ့ရင် ပိုထိုက်တန်ပါတယ် ဒါကကိုယ့်အတွေးမို့ထားပါ
ခုတော့ ကိုးတန်းအရွယ်ကလေးတွေလက်ထဲVIP လက်မှတ်တွေပလူပျံနေတာ မဖြစ်သင့်ပါဘူး တကယ်တွေးကြည့်ရင် ငါးယောက်မှာ ငါးယောက်လုံး ဘောလုံးဝါသနာပါရဲ့လား အားကစားဝါသနာပါရဲ့လား မကြည့်ဖူးလို့လာတာလား သူငယ်ချင်းခေါ်လို့လိုက်တာလား စသဖြင့်
မသေချာတဲ့ ကလေးတွေကမှ အဆင်ပြေနေသေးတာပါ
်ကိုယ်သိထားတဲ့လူကြီးလူကောင်းတွေ ကိုယ်ခင်မင်ရာ အားကစားသမားတွေ ကိုယ်ရင်းနှီးရာအနုပညာရှင်တွေ ကလောင်ရှင်ကြီးတွေ ကိုယ့်ဝန်းကျင်ကပရိတ်သတ်တွေ လက်မှတ်မရ လက်မှတ်ခက်ခဲ မှောင်ခိုနဲ့တိုးနေချိန်မှာ သူငယ်ချင်းမိဘကောင်းမှုနဲ့ VIP လက်မှတ်တွေကို မတိုးရ တန်းမစီရပဲ ကိုးတန်းအရွယ်လက်ထဲVIP လက်မှတ်တွေအလွယ်ရနေခဲ့တဲ့
အံ့အားသင့်စရာ လက်မှတ်ပြန့်နှံမှု လက်မှတ်ဖြန့်ဖြူးမှု လက်မှတ်ရောင်းချမှုအဖြစ် အမှတ်တရရှိစေခဲ့သော
Sea game ဘောလုံးပွဲပါပဲ လက်မှတ်တွေကိုစည်းစနစ်တကျထုတ်တယ် ကန့်သတ်တယ် သေချာစစ်ဆေးတယ်ဆိုတာတွေ ရာထူးရှိလူကြီးတွေကိုတောင် လက်မှတ်မပေးပါဘူး ကြားကြားနေမိလို့ပိုလည်း အံ့အားသင့်မိပါတယ်
ကိုယ်တွေ့ပါပဲ
Feeling ……ကျွန်တော်/ကျွန်မတို့ဟာ ကိုးတန်းနဲ့ပြိုင်တာတောင် (လုံးဝ) အနိုင်မရပါဘူးခင်ဗျာ/ရှင်
Next Feeling…… Sea game ပွဲပြီးမှ ပင်စင်ယူခဲ့သင့်တယ်ဖေဖေ ခုတော့ ပင်စင်ယူတာ သိပ်စောလွန်းတယ်ဖေဖေ
------------------------------------------------------------------------------------------------------------
ကဲ ... အဲ့ ဒါဆိုရင်တော့ လက်မှတ်ကိစ္စက ဘာမှမဟုတ်ဘူးထင်ရပေမယ့် လက်ရှိဖြစ်သွားတဲ့ ပြဿ      နာမှာတော့ 
အဓိကတရားခံအနေနဲ့  လက်မှတ်ကိစ္စထိပ်ဆုံးကပါဝင်နေတာအသေအခြားပါပဲ   ဒါလေးတွေကိုလဲပြုပြင်
စေချင်ပါတယ်................
နံပါတ် ( 2 )  Fan ပရိတ်သတ်ဖွဲ့ စည်းထားမှုရဲ့ လိုအပ်ချက်
မြန်မာအသင်းကိုအားပေးဖို့ ဆီးဂိမ်းပြိုင်ပွဲမစခင်ကတည်းက ဖန်အသင်းအဖွဲ့ ဖွဲ့ တာကိုတော့ 
လူတိုင်းသိကြလိမ့် မယ်ထင်ပါတယ် ဟုတ်ပီဗျာ အားပေးဖို့ အသင်းအဖွဲ့ ဖွဲ့ တာကောင်းပေမယ့် 
မကောင်းတာက အဲ့ ဒီအဖွဲ့ တွေက အခြားသော သာမန် ပရိတ်သတ်တွေနဲ့ ဂိုဏ်းကွဲသွားစေပါတယ်
မြန်မာအသင်းကိုအားပေးတဲ့ ပရိတ်သတ်ချင်းတူပေမယ့် မတူကွဲပြားသွားတာတွေကများစွာရှိပါတယ်
တကယ်ဖြစ်သင့် တာက ဖွဲ့ စည်းထားတဲ့ ဖန်အဖွဲ့ အစည်းဆိုတာလဲ အခြားသောအခြားသော
ပရိတ်သတ်တွေနဲ့ တသွေးထဲတသားထဲဖြစ်နေဖို့ လိုအပ်ပါတယ် ဖြစ်သင့် တာကတော့ 
လက်ရှိပြဿ     ဖြစ်တဲ့ အချိန်မျိုးမှာ ဖွဲ့ စည်းထားတဲ့ ဖန်အဖွဲ့ အစည်း အသင်းဝင်တွေက
ပြဿ     နာအကြီးအကျယ်မဖြစ်ခင်မှာ စတင်ဖြစ်တဲ့ အချိန်မျာ ထိန်းသိမ်းပေးကြဖို့ လဲ
လိုအပ်ပါတယ်လက်ရှိအနေအထားကတော့  ရိုးရိုးပရိတ်သတ်နဲ့  ဖန်ဖွဲ့ ထားတဲ့ 
ပရိတ်သတ်တွေက ဂိုဏ်းဃဏ ကွဲနေသလိုပါပဲ သူတို့ ဖြစ်တာငါတို့ နဲ့ မဆိုင်ဘူး
ဆိုတဲ့ စိတ်မျိုးတွေမွေးနေကြတာ မှားယွင်းတဲ့ အမှားအယွင်းပါပဲ ဖျက်လိုဖျက်ဆီး
ပြုလုပ်ခါစအချိန်မှာ ၀ိုင်းဝန်းပြီး ထိန်းသိမ်းတာ ဖျန်ဖြေတာ မျိုးတွေသာပရိတ်သတ်အချင်းချင်း
ပြုလုပ်ပေးခဲ့ မယဆိုရင် ဒီနေ့ လို ရုပ်ဆိုးအကျည်းတန်တဲ့ ပွဲမျိုးတွေဖြစ်လာမှာမဟုတ်ပါဘူး
ဖန်အဖွဲ့ အစည်းမှမဟုတ်ပါဘူး ရိုးရိုးသာမန် ပွဲကြည့် ပရိတ်သတ်အချင်းချင်းတောင် မှ
တစ်ယောက်အမှားလုပ်တော့ မယ်....လုပ်နေတယ်ဆိုရင်တောင် ထိန်းသိမ်းပေးရင်
အမှားနည်းသွားနိုင်သလို အမှားလဲဖြစ်တော့ မှာမဟုတ်ပါဘူး တစ်ယောက် က
ဟေးလား ၀ါးလား စလိုက်ရင်  တစ်ယောက်က စပြီး သောင်းကျန်းလိုက်ရင်
နောက်က သံယောင်လိုက်ပြီး ဟေးလား ၀ါးလား လုပ်ဖို့  သောင်းကျန်းဖို့ ပဲ
အဆင်သင့် ဖြစ်နေတဲ့  ဆိုးသွမ်းတဲ့  မြန်မာပရိတ်သတ်အချို့ ရဲ့ အောက်တန်းကျတဲ့ 
လုံးဝမှအဆင့် မရှိတဲ့ လုပ်ရပ်တွေစိတ်ဓာတ်တွေကို ပြုပြင်လိုက်ဖို့ လဲ အများကြီးကို
လိုအပ်ပါတယ်  ဒီနေ့ အထိမပြင်ကျသေးသလို နောင်တချိန်ထိလဲ ပြင်ကြမယ့် လမ်းစ
မမြင်မိသေးပါဘူး................. လိုအပ်ချက်တွေကိုလေ့ လာဆန်းစစ်ပြီးပြုပြင်ဖို့ လိုပါတယ် ။
နံပါတ် ( 3 ) ကွင်းတွင်း / ပြင်ပ  လုံခြုံရေးချထားမှု ညံ့ ဖျင်းခြင်း
ကွင်းအတွင်း  ၊  ကွင်းပြင်ပ မှာ လုံခြုံရေးပိုင်းမှာ အားနည်းချက်တွေလဲတွေ့ ရပါတယ်
မြန်မာ  Vs အိုမန်ပွဲတုန်းကဖြစ်စဉ်ကိုကြုံဘူးထားကြပြီပဲ မြန်မာပရိတ်သတ်တွေရဲ့ 
အားပေမှုကြမ်းတဲ့ အကြောင်းလဲသိထားပြီးသားပဲ ဒါတောင် တစ်ခါသေဘူးတာတောင်မှ
ပျဉ်ဖိုးနားမလည်သေးတဲ့ အတိုင်းပါပဲ ပေါ့ လျော့ လွန်းတာကိုတွေ့ ရမှာပါ
တကယ်သာ လုံလောက်တဲ့ လုံခြုံရေးဝန်ထမ်းတွေကိုချထားပေးခဲ့ မယ်ဆိုရင်
ဒီလို နိုင်ငံတကာ ရဲ့ အမြင်မှာ အရှက်တကွဲ အကျိုးနည်းစေမယ့် ဖြစ်ရပ်မျိုးတွေ
ဖြစ်လာနိုင်စရာအကြောင်းနည်းပါသွားစေမှာပါ ဒီနေ့ ကွင်းထဲကဖြစ်အပျက်က
လုံခြုံရေးမရှိဘူးတော့ မဟုတ်ဘူး ရှိပါတယ် သို့ ပေမယ့်  လုံလောက်သောလုံခြုံရေး
လိုအပ်သော နေရာတွေမှာချထားမှု အဲ့ ဒါတွေအားနည်းသွားတာကိုတွေ့ ရပါတယ်
ပေ 30' လောက် 40' လောက် အမြင့် ရှိတဲ့ သံဇကာ ကာထားတဲ့ ရှေ့ မှာ ရပ်မယ့် အစား 
ဂိုးရဲ့ နောက်တည့် တည့်  ဟိုဘက်ဒီဘက်က အကာအရန်မရှိတဲ့ နေရာတွေမှာသာ လုံခြုံရေးတွေ
လုံလောက်စွာချထားခဲ့ မယ်ဆိုရင် ဒီလိုဖြစ်ရပ်မျိုးးတွေကို အတတ်နိုင်ဆုံးထိန်းချုပ်သွားနိုင်မယ်
ထင်ပါတယ် ......... ဒါကိုလဲလေ့လာဆန်းစစ်ပြီး ပြုပြင်စေချင်ပါတယ်
နံပါတ် ( 4 ) နည်းပြ ပက်ဆောင်ဟွာ ရဲ့  အလေးမထားမှု တာဝန်မဲ့ မှု မှားယွင်းတဲ့ ဆုံးဖြတ်မှု
နည်းပြဆိုတာ ဘောလုံးအသင်း တစ်သင်းရဲ့ အခရာကျပါတယ် သူအကောင်းဆုံးစွမ်းဆောင်နိုင်ရင်
အကောင်းဆုံးသင်ပြပေးနိုင်ခဲ့ ရင် အကောင်းဆုံး အသင်း( ကစားသမား ) ကိုစီမံခန့် ခွဲပေးနိုင်ခဲ့ ရင်
ဒီနေ့ လိုရလာဒ်မျိုးထွက်ပေါ်လာနိုင်စရာအကြောင်းမရှိပါဘူး သူ့ ရဲ့ လူထုတ်ပုံတွေ လူစားလဲပုံတွေက
ဒီနေ့ ပွဲမှာ ပြောစရာတွေဖြစ်လာခဲ့ ပါတယ် ရင်ပွဲတွေကနဲ့ မတူပဲ လူထုတ်ကစားစေခဲ့ လို့ 
ပထမပိုင်း တစ်ပိုင်းလုံး အင်ဒိုအသင်းရဲ့ ခြယ်လှယ်မှုတွေကို ခံစားခဲ့ ရတယ်
တိုက်စစ်ပိုင်းမှာ သုံးနေကျ ကျော်ကိုကို လိုကစားသမားမျိုးကို စတင်ပွဲမထုတ်ပဲနဲ့ 
ဘောလုံးပွဲတွေနဲ့  အနည်းငယ် အလှမ်းဝေးနေခဲ့ တဲ့  ကောင်းစည်သူ ကိုပဲထည့် ကစားခိုင်းခဲ့ တယ်
အဲ့ ဒီတော့  မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းက  ကောင်းစည်သူတစ်ယောက်ထဲနဲ့  အင်ဒိုကိုဖိအား
မပေးနိုင်ခဲ့ ဘူးဒီတော့  အင်ဒိုအသင်း ကနောက်ပိုင်းလှည့် ကြည့် စရာမလိုပဲတိုက်စစ်ကိုပဲ
စိတ်ကြိုက်တိုက်စစ်ဖွင့် ပီးကစားသွားခဲ့ တယ် ပထမပိုင်းတပိုင်းလုံး လူစားမလဲပဲနဲ့ အဲ့ ဒီအနေအထားနဲ့ ပဲ
ကစားသွားခဲ့ တယ်  ဒုတိယပိုင်းလူစားလဲတော့  ကျော်ကိုကို တော့ ထည့် ပါတယ် ဒေဗစ်ထန်း တို့ 
ကျော်ဇေယျာဝင်းတို့ ကို တပြိုင်နက်ထဲထုတ်ပီးလူစားလဲပြစ်လိုက်တယ် ခြေကျင်းဝတ်ဒဏ်ရာကြောင့် 
ဆေးနားနေတဲ့  ကြည်လင်း ဆေးထိုးပြီး ကန်ဖို့ ဝင်လာခဲ့ ပေမယ့်  သွေးပူလေ့ ကျင့် ခန်းပဲလုပ်ခိုင်းပြီး
ထည့် မကစားစေခဲ့ ဘူး ကြည် လင်းကိုထည့် ကစားစေခဲ့ မယ်ဆိုရင် တဖက်အသင်းအပေါ်မှာ ဖိအားတစ်ခု
တော့ ဖြစ်သွားစေမှာအမှန်ပါပဲ အနည်းဆုံးတော့ အင်ဒိုကစားသမား နှစ်ယောက်လောက်တော့ ကြည်လင်းကို
ကပ်ဖို့ ထားလိုက်မှာအသေအချာပဲ ဒါပေမယ့် သူ့ အစား သက်နိုင်ကိုပဲ ထည့် ကစားခိုင်းလိုက်တယ်  ရုန်းအားရှိတဲ့ 
ပံ့ ပိုးမှုတွေလုပ်ပေးနိုင်တဲ့  ဒေးဗစ်ထန်း ကိုထုတ်ပီးလူစားလဲခိုင်းလိုက်တာလဲ မှားယွင်းတဲ့ အမှားအယွင်းတခုပါပဲ
ပွဲစပြီဆိုကတည်းက Lineup ထုတ်ခဲ့ တဲ့ လူစာရင်းအမှားကြောင့်   Positions ပိုင်းမှာ အင်ဒိုအသာရသွားခဲ့ တာပါ
သူသာ လူစာရင်း မှန်ကန်စွာရွေးခြယ်ပေးခဲ့ မယ်ဆိုရင် အင်ဒိုကိုရှုံးစရာအကြောင်းမရှိပါဘူး.....
နောက်ပြီး ပွဲအပြီးမှာ အနိုင်အရှုံးရလာဒ်တွေ ဂိုးကွာခြားချက်တွေနဲ့ ပြန်ကြည့် ပြီး နောက်တဆင့် တက်မတက်
ဆုံးဖြတ်တဲ့  ဆုံးဖြတ်ချက်မဟုတ်ပဲ  AFC  ... က အသစ်ပြောင်းလဲထားတဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်တဲ့ Head to Head  ဆိုတဲ့  အနိုင်အရှုံး သရေ ဆိုတဲ့ ပွဲစဉ်ပဲကြည့် ပြီး  နောက်တဆင့်  တက်ဖို့ အဆုံးအဖြတ်ကို သူမသိပါဘူးလို့ သတင်းစာ
ရှင်းလင်းပွဲမှာပြောသွားတဲ့ စကားက တာဝန်မဲ့ လွန်းလှပါတယ်  အစကတော့ ရွှေရအောင် စွမ်းဆောင်ပေးမှာပါလို့ 
ပြောထားခဲ့ ပြီး ခုလို ရှုံးသွားပြီ နောက်တဆင့် တောင်မတက်လှမ်းရတော့ ဘူးဆိုတော့ မှ အဲ့ ဒီစည်းမျဉ်းစည်းကမ်းကို
မသိပါဘူးလို့ ပြောထွက်ခဲ့ တဲ့ အရူးကွက်နင်းခဲ့ တဲ့  အကွက်ကြီးကို အံ့ သြလို့ မဆုံးပါဘူး နည်းပြတစ်ယောက်လုပ်နေပြီး
အပြင်က သာမန်လူတွေတောင် တော်တော် များများ သိနေတဲ့  ဒီအကြောင်း အရာကို သူကမသိဘူးဆိုတဲ့ စကားတခွန်းနဲ့ 
မျက်နှာလွှဲခဲ ပစ် လုပ်သွားတာပါ  လစာ တစ်လကို  ဒေါ်လာ $120000 လောက် ရယူထားပြီး နိုင်ငံ တစ်နိုင်ငံရဲ့ 
အသင်းကို နည်းပြနေပြီး ဒီ စည်းမျဉ်းကို မသိဘူးလို့ ပြောခဲ့ တာကတော့ တာဝန်မဲ့ လွန်းလှပါတယ် အဲ့ ဒါကြောင့် 
မြန်မာအသင်းကို  ကိုင်တွယ်မယ့် နည်းပြ တွေကို  သေချာ လေ့ လာသုံးသပ်ဆုံးဖြတ်ပြီးမှ ခန့် အပ်သင့် ပါတယ်။
နံပါတ် ( 5 )ပြုပြင် ပြောင်းလဲဖို့ လိုနေသည့် မြန်မာပရိတ်သတ်အချို့ ရဲ့ စိတ်ဓာတ်
မြန်မာပရိတ်သတ်တွေရဲ့  မြန်မာ့ ဘောလုံးအပေါ်မှာ ချစ်စိတ် အားပေးတဲ့ စိတ်ကတော့ တကယ်ကို
ကြောက်ခမန်းလိလိပါပဲ တကယ်လဲလေးစားမိပါတယ် ဘယ်အချိန်မှာဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင်
မြန်မာအသင်းကိုအားပေးဖို့ ဆိုရင် မြန်မာပရိတ်သတ်တွေအားလုံးကအဆင့် သင့် ပဲဖြစ်နေတတ်ကြပါတယ်
သို့ ပေမယ့် လဲ အားပေးတဲ့ နေရာမှာ အစွန်းရောက်မှုတွေနဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ နောက်ပြီးတော့ 
စဉ်းစားချင့် ချိန်မှုအားနည်းတာတွေကိုတော့  အချို့ အချို့ သောပရိတ်သတ်တွေမှာရှိနေကြဆဲပါပဲ အဲ့ လိုမျိုး
စိတ်ဓာတ်တွေကိုတော့  အမြန်ပြန်ပြင်ကြဖို့ တော့ လိုနေပီထင်ပါတယ် နိုင်ငံတကာပွဲတွေတိုင်းမှာ
နိုင်နေရင် အကောင်းဆုံးအားပေးမှုဖြစ်ပေမယ့်  ရှုံးသွားခဲ့ ရင် အရေးနိမ့် နေခဲ့ ရင်မြန်မာပရိတ်သတ်အချို့ ရဲ့ 
အားပေးမှုတွေက အကောင်းကနေ အဆိုးဘက်ကိုပြောင်းလဲသွားတတ်ကြပါတယ် အဲ့ လိုမျိုးတွေမဖြစ်စေဖို့ 
ပရိတ်သတ်တွေရဲ့ စိတ်ဓာတ်တွေကို ပြုပြင်စေချင်မိပါတယ် ရှုံးသွားခဲ့ ရင် အရေးနိမ့် နေခဲ့ ရင် ကွင်းထဲမှာ
ဆိုးသွမ်းပရိတ်သတ်တွေအဖြစ် အစွန်းရောက်စွာ သောင်းကျန်းကြတာ ကို မြန်မာ  Vs အိုမန်ပွဲတုန်းကတကြိမ်း
ရန်ကုန်  Vs နေပြည်တော်ပွဲမှာတကြိမ် ခု မြန်မာ  Vs အင်ဒိုပွဲမှာ တကြိမ်အကြိမ်ကြိမ် ကြုံတွေ့ လာရပါတယ်
အဲ့ လိုမျိုးတွေသောင်းကျန်းလို့  ရှုံးနေတဲ့ ပွဲက အနိုင်ဖြစ်သွားရောလား အရေးနိမ့် နေရာကနေရော
အသာစီးရသွားရောလား ဘာတွေများ ဘာတွေများ အဖတ်တင်သွားလို့ လဲ နောက်ဆုံး အဖတ်တင်သွားတာက
ကိုယ်တိုင်က နိုင်ငံပိုင်ပစ္စည်းဖျက်ဆီးမှု  အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့  ထောင်ထဲပဲရောက်သွားရမှာပါ
ကွင်းထဲကိုဝင်ရောက်အားပေးတဲ့ အချိန်မှာ မူးယစ်စေတဲ့ အရာတွေသောက်စားပြီးရင်ဝင်ပြီးအားမပေးနဲ့ လို့ တော့ 
မတားပါဘူး မပိတ်ပင်ပါဘူး မပြောပါဘူး သို့ ပေမယ့် လဲ မူးယစ်ရမ်းကားမှုတွေကိုတော့ စိတ်ထင်တိုင်းမလုပ်ကြစေ
ချင်တော့ ဘူး  ခင်ဗျားတို့  ခင်ဗျားတို့ လို ဆိုသွမ်းပရိတ်သတ်တွေကြောင့် နိုင်ငံတကာအလယ်မှာ အရှက်တကွဲ
အကျိုးနည်း ဖြစ်ရတယ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ် နိုင်ငံရဲ့ ပုံရိပ်ကိုထိခိုက်စေနိုင်တယ် ခင်ဗျားတို့ တွေ
ဆိုးသွမ်းခဲ့ လို့ ခင်ဗျားတို့ ဘာပြန်ရခဲ့ လဲ့  တစ်ခနတာလေး မိုက်ခဲ့ တဲ့  ခင်ဗျားတို့ လုပ်ရပ်တွေကြောင့် 
နိုင်ငံတကာပွဲ ကျင်းပခွင့် တွေပိတ်ခံရနိုင်သလို ကွင်းအတွင်းမှာကွင်းပိတ်ပြီးပရိတ်သတ်မဲ့ ပွဲတွေကျင်းပစေမယ်ဆိုရင်
ဘယ်သူတွေနစ်နာမလဲ ခင်ဗျားတို့ ချစ်လှပါတယ်ဆိုတဲ့ အသဲနှလုံးထဲကနေ အားပေးပါတယ်ဆိုတဲ့  မြန်မာအသင်း
ကန်တာကိုခင်ဗျားတို့ မမြင်ရ မကြည့် ရတော့ ဘူး အဲ့ ဒါတွေပဲအဖတ်တင်မယ် အဲ့ ဒါကြောင့် အဲ့ ဒါမျိုးတွေကို
ပြင်စေချင်ပါတယ်ဗျာ  ဘောလုံးပွဲဆိုတာကလဲ ပြိုင်ပွဲပါပဲ  ပြိုင်ပွဲမှာ အနိုင်အရှုံးဆိုတာရှိစမြဲပါပဲ အဲ့ ဒါကို
စဉ်းစားတွေးခေါ်တတ်ဖို့ လိုပါတယ်  ကိုယ့် အသင်းရှုံးနေလို့ ဆိုပြီး မိုက်ရူးရဲဆန်စွာ သောင်းကျန်းခဲ့ မယ်ဆိုရင်
ဘယ်သူတွေပဲနစ်နာမလဲဆိုတာကိုပါ ပြန်လည်စဉ်းစားကြည့် စေချင်ပါတယ်။
နောင်တချိန် နိုင်ငံတကာပွဲတွေနဲ့  ခုလိုဆီးဂိမ်းပွဲတွေမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့ မယ်ဆိုရင်
ကြုံတွေ့ ခဲ့ ဘူးတဲ့ အဖြစ်ပျက်တွေကို နမူနာယူပြီး လိုအပ်ချက်တွေပြုပြင်ပြီး အေးချမ်းသော ပြိုင်ပွဲတွေ
အဖြစ်နဲ့ စတင် ပြီး  အေးချမ်းသော အနေအထားနဲ့ ပဲ မသိမသာလေးပဲ ပီးဆုံးစေချင်မိပါတယ်
နိုင်ငံတကာသိအောင် အရှက်တကွဲ အကျိုးနည်းဖြစ်မယ့် အကြောင်းအရာတွေကိုဖြစ်စဉ်တွေ ကို
နောက်ထပ် နောက်ထပ်ယှဉ်ပြိုင်မယ့် နိုင်ငံတကာပွဲတွေမှာထပ်မံပြီးတော့ မမြင်တွေ့ ချင်တော့ ပါဘူး ။
တချိန်တုန်းကရွှေခေတ်ဖြစ်ခဲ့ တဲ့  မြန်မာ့ ဘောလုံးအားကစားကို ကမ္ဘာကိုမလွှမ်းပေမယ့် 
အရှေ့ တောင် အာရှမှာတော့ လွှမ်းမိုးစေချင်မိပါတယ်ဗျာ..........
အမှားများစွာကို အမှန်ပြင်နိုင်ကြပါစေ...................
လေးစားစွာဖြင့်  ....
Aung Kyaw Soe
--------------------
>>>>>စိတ်ကြိုက်ကူးယူဖော်ပြပြီး စိတ်ကြိုက်ပြန်လည်မျှဝေနိုင်ပါသည်
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...