Ads (728x90)


======================== ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ အုပ်စုတွင်းနောက်ဆုံးပွဲစဉ်အဖြစ် မနေ့က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိင်ကစားခဲ့ရာ မြန်မာအသင်းက ၀-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အင်ဒိုနီးရှားအသင်းနှင့် ရမှတ်တူခဲ့သော်လည်း Head to Head စည်းမျဉ်းအရ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ်သည်။ ပွဲပြိးသတင်းစာရှင်းလင်းပွဲတွင် မြန်မာနည်းပြချူပ် ပက်ဆောင်ဟွာက မိမိအနေနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းကို မသိပဲ ဂိုးကွာခြားချက်စနစ်ဖြင့်သာ ဆုံးဖြတ်မည်ဟု ထင်သည့်အတွက် ယခုလို အရံကစားသမား အများစု ထည့်သွင်း ကစားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပက်ဆောင်ဟွာက... "ပလေယာတွေဟာ ဒီနေ့ ကတယ့်ကို ကြိုးစားပန်းစား ကစားသွားတာဖြစ်ပြီး ပရိသတ်တွေကလည်း နှစ်နှစ်ကာကာ အားပေးခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲအရှုံးဟာ ကျွန်တော့်ရဲ့ အားနည်းချက် ဖြစ်တာမို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်ဟာ ဒီပွဲရဲ့ Rules ကို သိပ်နားမလည်ခဲ့ပါဘူး။ ပေးဂိုး ရဂိုးနဲ့ တွက်ပြီး အုပ်စုအဆင့် တက်ဖို့ ဆုံးဖြတ်မယ်ပဲ ကျွန်တော် ထင်ခဲ့ပါတယ်။ ၃ ဂိုး နဲ့ရှုံးရင်တောင် မြန်မာအသင်း အုပ်စုအဆင့် တက်မယ်လို့ ထင်ခဲ့တာပါ။ ကျွန်တော့် ဗွီဒိယိုသမားကိုတောင် နေပြည်တော်မှာပဲစောင့် ရန်ကုန်ပြန်မလာနဲ့လို့တောင် မှာခဲ့တာပါ။ ကျွန်တော် ကစားသမားတွေကို အရမ်းတောင်းပန်ပါတယ်။ Head to Head နဲ့ ဆုံးဖြတ်တဲ့ပွဲမျိုး ကျွန်တော် တစ်ခါမှ မကစားခဲ့ဖူးပါဘူး။ ပွဲပြီးသွားမှာ အင်ဒိုနီးရှားတွေ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲလို့ မေးကြည့်တော့မှ အခုလို မြန်မာ ပြုတ်ပြီ ဆိုတာ သိရတာပါ။ အခုအကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ကျွန်တော့် အရည်အချင်းဟာ ဒီလောက်ပဲရှိလို့ အင်ဒိုနီးရှားကို ရှုံးခဲ့တာဖြစ်ကြောင်း ၀န်ခံပါတယ်။ အားလုံးကို တောင်းပန်ပါတယ်။" ဟုပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင် မြန်မာအသင်း အနေဖြင့် နည်းပြချူပ် ပက်ဆောင်ဟွာ တစ်ဦးတည်းသာ ရှိသည်မဟုတ်ပဲ စီနီယာလက်ထောက်နည်းပြ အဖြစ် ဦးတင်မြင့်အောင်၊ အသင်းမန်နေဂျာအဖြစ် ဦးစိုးမိုးကျော် တို့လည်းရှိနေခဲ့ရာ အဆိုပါ တာဝန်ရှိသူများ အနေဖြင့်ရော ယခုကိစ္စကို မသိနားမလည်ခြင်း ဖြစ်သည်ဟု ဆင်ခြေပေး၍ ရမည် မဟုတ်ပေ။ ပက်ဆောင်ဟွာကို မြန်မာ့လက်ရွေးစင် နည်းပြချူပ်အဖြစ်မှ ထုတ်ပယ်ပြီးဖြစ်ကြောင်း မြန်မာ့ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။ 
 (ဇော်လွင်ဝင်း)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...