Ads (728x90)




မေ့ လိုက်တော့ တဲ့  . . .

ပြောထွက်လာတဲ့ မင်းနှုတ်ဖျားကစကား

အသွားထက်ထက်ဓားတလက်နဲ့ 

နှလုံးသားကိုမွှန်းလိုက်သလိုပါပဲ

ငါ့ အတွက်အရမ်းအခံရခက်စေတယ်

မင်းအလိုကိုလိုက်အကြိုက်နေပေးခဲ့ တာပဲ

ဘာပြစ်ချက်နဲ့ ငါ့ ကိုစွန့် ခွါရက်တာလဲ

မတွေးတတ်တော့ လောက်အောင်ပါပဲကွာ

ငါ့ ရင်ခုန်သံဟာမင်းအတွက်

မင်းရင်ခုန်သံဟာငါ့ အတွက်ဖြစ်ချင်ခဲ့ တာ

ငါ့ အမှားတာ့ မဟုတ်ပါဘူးနော်

မင်းလုပ်ရပ်တွေကြောင့် 

အခြားတစ်ယောက်ကိုရင်ခုန်နေခဲ့ တယ်လို့ 

သံသယစိတ်နဲ့ ထင်မြင်ခဲ့ မိရင်

ငါ့ ကို မင်းအပြစ်မမြင်လိုက်ပါနဲ့ 

ငါသဝန်တိုနေခဲ့ မိလို့ ပါ

ပြဿနာတက်တိုင်းငါအလျော့ပေးခဲ့ တာ

Message တွေပို့ ပြီးချော့ ခဲ့တာ

တစ်ညလုံးမအိပ်ပဲဖုန်းတွေခေါ်ခဲ့ လို့ 

အသူတစ်ရာထက်နက်တဲ့ မျက်တွင်းဟောက်ပက်

ခုထိသက်သေအဖြစ်ရှိနေပါသေးတယ်

ငါ့ အချစ်ကို ယုံကြည်ပြီး နားခိုဖို့ ရင်ခွင်တစုံ

လိုအပ်တယ်မင်းထင်ရင် ငါ့ ရင်ခွင်ကမ္ဘာငယ်က

မင်းအတွက် နားခိုဖို့ အသင့်ပါပဲ

ခုန်နေတဲ့ မင်းရင်ခုန်သံ မင်းပြန်စမ်းကြည့် လို့ 

အခြားသူတစ်ယောက်အတွက်ခုန်နေတယ်ဆိုရင်

Sorry ပါပဲ ထာဝရအတွက်နှုတ်ဆက်လိုက်ပါတယ်

မင်းသွားလိုရာသွားပါတော့  good bye !. . ။



Write By; Åüñg Kÿáw Sôë

14.9.2013
2 : 00 AM
 
Ref : http://www.for-poem.blogspot.com/2013/09/112-good-bye.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...