Ads (728x90)





ငါ့ ရင်ကို မီးနဲ့ မရှို့ ပါနဲ့ တော့ 

နှလုံးသားလေး လောင်ကျွမ်းပြာကျတော့ မယ်

နောက်ထပ် ငါမလိုချင်တော့ ဘူး

မင်းရဲ့ ဥပေက္ခာပြုခြင်းတွေကို

တစ်နေ့ ဝေးရမယ်လို့ များ

ကံကြမ္မာဇာတ်ဆရာစေညွှန်ခဲ့ တာလား

တခဏတာ အတွက်ရွေးချယ်ထားတာမဟုတ်ဘူးနော်

တစ်ဘ၀စာအတွက်ရည်စူးထားခဲ့ တာပါ

ဘယ်သူဖျက်ဖျက် မပျက်ကြဖို့ 

တို့ နှစ်ယောက် သစ္စာအတူဆိုခဲ့ ဘူးကြတယ်

ခုချိန်မှာ အရူးထခဲ့ တာလို့ မင်းမြင်နေပီလား

အိမ်မက်မဟုတ်ဘူး တကယ့် အဖြစ်အပျက်တွေပါ

ဖြတ်ရခက်တဲ့ အကြင်နာကြိုးတွေ

လွယ်လွယ်လေးဖြတ်ဖို့  မင်းကြံနေပြီလား...

မရက်စက်ပါနဲ့ ချစ်သူ...

မင်းနဲ့ ဝေးရင် ငါသေနိုင်တယ်

ညှာတာပါချစ်သူ စည်းမတားလိုက်ပါနဲ့ 

စည်းခြားသွားခဲ့ ရင် မက်ခဲ့ တဲ့ အိမ်မက်တွေနဲ့ အတူ

ငါ..ထာဝရ သေဆုံးသွားလိမ့် မယ်

တိုင်တည်သစ္စာတွေ မမေ့ ပါနဲ့ 

ငါ့ ဘ၀ရဲ့ ပျော်ရွှင်စရာက မင်းပဲရှိလို့ ပါချစ်သူ..။


Write By ;Åüñg Kÿáw Sôë

13.9.2013
11 : 30 PM
 
Ref : http://www.for-poem.blogspot.com/2013/09/111.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...