Ads (728x90)


ရန်ကုန်ယူနိုက်တက် အနေနဲ့ ဂျေလိဂ် ကလပ် Yokohama F. Marinos နဲ့ မိတ်ဖက်အသင်း အဖြစ် စာချူပ် ချုပ်ဆိုလိုက်တာဟာ ကလပ်အသင်းအတွက် သာမက မြန်မာနိုင် ငံ ဘောလုံး လောက အတွက်ပါ ကောင်းမွန်တဲ့ လက္ခဏာ တစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် ထင်မြင်မိတယ်။ ဘာကြောင့် ဒီလိုထင်မိလဲ ဆိုတော့ J- League ဟာ အာရှတိုက်ရဲ့ အကောင်းဆုံး (ထိပ်ဆုံး) လိဂ်တစ်ခု အဖြစ် အောင်မြင်နေလို့ပါပဲ။ AFC က Top class A Ranking သတ်မှတ်ပေးထားပါတယ်။ နောက်ပြီး Yokohama F. Marinos အသင်းဟာ လက်ရှိ J- League အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဂျပန် နိုင်ငံရဲ့ ကြီးလေးကြီး စာရင်းဝင်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း အနေနဲ့ အာရှထိပ်တန်း ကလပ် Yokohama F. Marinos နဲ့ မိတ်ဖက်အသင်း အဖြစ် စာချူပ် ချုပ်ဆိုလိုက်တာဟာ မြန်မာနေရှင်နယ်လိဂ် စတင်ကတည်း ကနေပြီး လက်ရှိအချိန်အထိ ပထမဦးဆုံး မိတ်ဖက်ပြုလုပ်နိုင်ခဲ့တာ အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။ အရင်တုန်းက ထိုင်းကလပ်အသင်းတွေနဲ့သာ မိတ်ဖက်အသင်း အဖြစ် ထူထောင်ခဲ့ရာကနေ မြန်မာနေရှင်နယ်လိဂ် အသင်း တစ်ခု အနေနဲ့ အာရှ အဆင့်အထိ တိုးဝင် လိုက် တယ် ဆို ရင်လည်း မမှားပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် အာရှအဆင့် ကလပ်အသင်းတွေနဲ့ ရင်ဘောင်တန်းနိုင်ရေး အတွက် ပထမအဆင့် ခြေလှမ်းကို အောင်မြင်စွာ လှမ်းတက်နိုင်ခဲ့တာပါ။

အာရှတိုက်ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ACL အာရှ ချန်ပီယံလိဂ်ကို ၀င်ရောက်ယှဉ်ဖူးတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ နောက်ပြီး အာရှအဆင့် ပြိုင်ပွဲတွေမှာ အောင်မြင်မှု အချို့လည်း ရရှိထားပါသေးတယ်။ အပျော်တမ်းအဆင့်ကနေ မြန်မာနေရှင်နယ်လိဂ် (ပရို) လိဂ် အဖြစ် စတင် ပြောင်းလဲစဉ်က မြန်မာ့ဘောလုံးလောကမှ ဘာမှ အစဉ်သင့်မဖြစ်သေးတဲ့ အခြေအနေပါ။ ဒီအခြေအနေကနေ ၀ုန်ကနဲ ပြောင်းလဲလိုက်တဲ့အတွက် မြန်မာနေရှင်နယ်လိဂ် အသင်းတွေမှာ တကယ်တမ်း နိုင်ငံတကာက အသင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စံနှုန်းတစ်ခု ကွာ ဟနေ တာ တွေ့ရမှာပါ။ ဒီလို မှားယွင်းနေခဲ့တဲ့ အရင်တုန်းက အဖြစ်အပျက်တွေကို တစ်ဖြည်းဖြည်းနဲ့ ပြင်ဆင်ရင်း ဆက်လျှောက်လှမ်းနေတဲ့ မြန်မာနေရှင်နယ်လိဂ် ကြီး အနေနဲ့ရော ကလပ်အသင်းတွေ အနေနဲ့ပါ ဒီလို အာရှတိုက်ရဲ့ ထိပ်တန်းလည်းဖြစ် ငွေကြေးအရ လည်း အောင်မြင်မှုရနေတဲ့ ဂျေလိဂ် ထိပ်တန်းကလပ်အသင်း Yokohama F. Marinos နဲ့ မိတ်ဖက်ခွင့်ရပြီး သူတို့ဆီကနေ အတွေ့အကြုံကောင်းတွေ နည်းပညာကောင်းတွေ ရယူနိုင်မယ့် အခွင့်အရေးဟာ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရန်ကုန် ပရိသတ်တွေအတွက် အလွန်ဝမ်း သာစရာ သတင်းလို့တောင် ဆိုနိုင်ပါတယ်။

ရန်ကုန်ယူနိုက်တက်နှင့် Yokohama F. Marinos တို့ အပြန်အလှန် အတွေ့အကြုံ၊ အကူအညီတွေ မျှဝေရင်း ထာဝရ ကောင်းမွန်သော မိတ်ဖက်အသင်းများ အဖြစ် ရပ်တည် နိုင်ကြပါစေ . . . .။ ။



GOOD

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...