Ads (728x90)



ချစ်သူ.....

နင်မသိခဲ့ ဘူးမလား

ငါကြေကွဲဝမ်းနည်းနေတယ်ဆိုတာ

နှလုံးသားကငိုကြွေးနေပေမယ့် 

ငါအပြုံးမပျက်ခဲ့ ပါဘူး

မင်းမရှိရင်မဖြစ်တဲ့ ငါ့ ဘ၀လို့ 

သတ်မှတ်ထားခဲ့ ပေမယ့် 

ငါမရှိလဲဖြစ်တယ်လို့ 

နင်သတ်မှတ်ထားခဲ့ လေပြီးလား ...

ဟန်ဆောင်ပြုံးနေရတာကို

ငါမုန်းနေပြီချစ်သူရယ်...

နင်ပျော်နေခဲ့ ပါတယ်...

သူစိမ်းတွေကြားမှာလေ

အပေါ်ယံမျက်နှာဖုံးတွေနဲ့ 

သူတို့ ရဲ့ အကြင်နာအတုတွေ

မင်းမက်မောတမ်းတနေခဲ့ တာ ငါသိပါတယ်

ငါ့ ချစ်ခြင်းမေတ္တာတွေကို

မသိကျိုးကျွံပြုထားခဲ့ တဲ့ မင်းကို

ရက်စက်လွန်းသူကြီးလို့  ငါမပြောရက်ပါဘူး

နင့် ကိုငါအသဲပေါက်ထွက်မတတ် ချစ်နေခဲ့ လိုပါ

ပျက်ဆီးသွားတဲ့  ငါ့ အိမ်မက်ကမ္ဘာငယ်လေး

နင်ပြန်တည်ဆောက်ပေးဖို့ 

စိတ်ကူးမှ ရှိပါလေစချစ်သူ...

ငါမျှော်လင့် ထားခဲ့ တဲ့ မနက်ဖြန်ဆိုတာ

အတိတ်မှာေ၀၀ါးလို့ ကျန်ခဲ့ ပြီးလား

ဆို့ နင့် မှုတွေကြားက ရှိုက်သံသဲ့ သဲ့ 

မင်းကြားနိုင်ခဲ့ မယ်ဆိုရင်တော့ 

ငါ့ ရင်ခွင် ကမ္ဘာငယ်လေးဆီကို

မင်းအပြေးလေး လှမ်းလာခဲ့ ပါလားချစ်သူရယ်....။


13.9.2013
10 : 40 PM

Ref : http://www.for-poem.blogspot.com/2013/09/110.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...