(ခုခေတ်စားနေတဲ့ Ipadနဲ့ အကြော်အကြောင်းကို ဖတ်ရင်း ရယ်ရတာနဲ့ ဒီဟာသလေးရေးဖြစ်သွားတာပါ။ ဘယ်သူ့ကိုမှ ပုတ်ခတ်စော်ကားလိုစိတ်မရှိပါဘူး ။ ဟာသအမြင်နဲ့သာ ဖတ်ကြည့်စေလိုပါတယ်။ အရမ်းမရယ်ရပေမယ့် အပျင်းပြေမယ်ထင်ပါတယ်။)
အစ်ကိုရေ....
မြောင်သတိရစွာနဲ့စာရေးလိုက်ပါတယ်။
အစ်ကို့ကို မြောင့်ဘ၀လေး အကြောင်းနည်းနည်းပြောချင်လို့ပါ ။ မြောင်တို့က ဆင်းရဲပါတယ်။
ဆင်းရဲတာမှ လုံးချင်းတောင်မ၀ယ်နိုင်ပါဘူး။ ကွန်ဒိုလေးနဲ့ နေနေရတာပါ။
ပူလွန်းပေမယ့်လည်း ပန်ကာမ၀ယ်နိုင်လို့ Air Conလေးပဲ တပ်နိုင်တာပါ။ Busကား
မစီးနိုင်လို့ ၁၃၀၀ccအောက်ကားလေးပဲ စီးနေရတာပါ။ ဖုန်းဆိုလည်း
ခုနောက်ဆုံးထွက် ၁၅၀၀တန်ဖုန်းကို မကိုင်နိုင်ပါဘူးအစ်ကို။
ဟိုးအရင်ထဲက၀ယ်ထားခဲ့ရတဲ့ ၁၅သိန်းတန်ဖုန်းလေးနဲ့ပဲ ကျေနပ်နေရတာပါ။
ဟန်းဆက်ဆိုလည်း Iponeနားမကပ်နိုင်လို့ Samsung S4ပဲ ကိုယ့်မုန့်ဖိုးလေးနဲ့
ဝယ်ထားရတာပါ။ အဲလောက်ထိ ဆင်းရဲတာပါအစ်ကို။ အမေက ဗယာကြော်ရောင်းပါတယ်။
တစ်နေ့လုပ်မှတစ်နေ့စားရတာပါအစ်ကို။
ဝင်ငွေကလည်း တစ်နေ့မှ လေးငါးဆယ်သိန်းပဲ ရတာပါ။ မချောင်လည်တော့
တစ်နေ့တစ်နေ့ လုပ်လိုက်ရတာအစ်ကိုရယ်။ အားတုန်းလေး fbသုံးနေရတာ
ခါးတောင်ညောင်းတယ်။ fbသုံးလို့ အထင်မကြီးပါနဲ့အုံးအစ်ကို။
ဘေးအိမ်ကအလကားလွှင့်တဲ့ wifiကို အပိုင်ဝယ်ပြီး သုံးနေရတာပါ။ မြောင့်အဖြစ်က
အဲလိုပါ။ လိုင်းကျချိန်ဆို Ipadနဲ့သုံးလို့မရလို့ Androidဖုန်းလေးဖွင့်ပြီး
Hနဲ့သုံးနေရတာပါ။ မြောင့်အ၀တ်အစားတွေကလည်း အကုန်အစုတ်တွေပါ။ ဈေးထဲမှာ
မ၀ယ်နိုင်လို့ Supermarketမှာ Brandတွေကို တက်ဝယ်ရတဲ့ အခြေအနေပါ။
အလှပြင်ပစ္စည်းတွေလည်း အိမ်မှာမရှိတော့ အပြင်ထွက်မယ်ဆို Studioမှာပဲ
သွားသွားပြင်နေရတယ်။ သွားပြင်ရင်းနဲ့ ဓာတ်ပုံပါ
တစ်ခါတည်းရိုက်ခဲ့တယ်အစ်ကို။ အလုပ်လုပ်ပြီးဘ၀ကို ရုန်းကန်နေရတော့
ဓာတ်ပုံရိုက်ဖို့ အချိန်မပေးနိုင်ဘူး အစ်ကိုရေ။ ပြီးတော့
မြောင်ကျောင်းဆက်မတက်တော့ဘူး အစ်ကို။ အမေက မထားနိုင်တော့ဘူးတဲ့။ ဒါမို့
အဝေးသင်တက်ရင်း နိုင်ငံခြားမှာပဲဘွဲ့ယူတော့မယ်။
ဘယ်တတ်နိုင်မလဲအစ်ကိုရယ်။ ဖြစ်လာသမျှ အကောင်းချည်းပေါ့။ အဲဒါ
မြောင့်ဘ၀လေးပါ။ ဒီလောက်သနားစရာကောင်းတဲ့ မြောင့်ဘ၀လေးကို
ဘယ်သူမှစာနာသနားကြဘူးအစ်ကို။ သူငယ်ချင်းမရှိလို့ fbပေါ်မှာ ရင်ဖွင့်တာ
အကုန်လုံးက ဝေဖန်ပုတ်ခတ်ကြတယ်။ အပြစ်ပြောကြတယ်။ အဆိုးဆုံးက ရုပ်လေးလှပြီး
လိမ်တယ်တဲ့။ မြောင်သိပါတယ် မြောင့်ရုပ်လေးက မလှပါဘူး။
နည်းနည်းပါးပါးပြင်လိုက်မှသာ သက်မွန်မြင့်ထက် ပိုချောသွားတာပါ။ ပြီးတော့
မြောင်မလိမ်ပါဘူး။ တကယ်ကို ဆင်းရဲတာပါ။ မယုံရင် အိမ်လာကြည့်လို့ ရပါတယ်လို့
ပြောပေးပါနော်အစ်ကို။ ရှာလို့မတွေ့ရင် ရေကူးကန်ရှိတဲ့အိမ်လို့မေးလိုက် ပါ လူတိုင်းသိပါတယ်။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်နော် အစ်ကို။
ရမ်းမြောင်မြောင်မြိုးမြက်
credit--->သူငယ်ချင်းအတွက်သူငယ် ချင်း
(ဖတ်တဲ့သူရဲ့အပြုံးတစ်ချက်က ရေးတဲ့သူအတွက်အားဆေးတစ်ခွက်ပါ)
အစ်ကိုရေ....
မြောင်သတိရစွာနဲ့စာရေးလိုက်ပါတယ
အစ်ကို့ကို မြောင့်ဘ၀လေး အကြောင်းနည်းနည်းပြောချင်လို့ပါ
ရမ်းမြောင်မြောင်မြိုးမြက်
credit--->သူငယ်ချင်းအတွက်သူငယ်
(ဖတ်တဲ့သူရဲ့အပြုံးတစ်ချက်က ရေးတဲ့သူအတွက်အားဆေးတစ်ခွက်ပါ)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။