Ads (728x90)


မန္တလေး၊ မေ ၁၅

ဒီနေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာ စာမျက်နှာ(၈)မှာပါဝင်တဲ့ "မန္တလေးမြို့တော်အတွင်း လေလွင့်တောင်းရမ်းစားသောက်သည့်သူများအား ဖမ်းဆီး" ဆိုတဲ့ သတင်းမှာ ကလေးတွေရဲ့ ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြထားတာဟာ "ကလေးသူငယ်များရဲ့ အခွင့်အရေးဆိုင်ရာဥပဒေ"ကို ချိုးဖောက်ရာရောက်နေတယ်လို့ ကလေးချစ်သူများကွန်ယက်က ပြောပါတယ်။
"အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ပတ်သက်တဲ့ အခုလို သတင်းမျိုးဖော်ပြတဲ့အခါ ကလေးငယ်ဓာတ်ပုံ ဖော်ပြဖို့ လုံးဝ မသင့်တော်ပါဘူး။ ဒါဟာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်နေပါတယ်"လို့ ကလေးချစ်သူများကွန်ယက်အဖွဲ့ဝင်တစ်ဦးက မြန်မာဓိကကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးချစ်သူများ ကွန်ယက်အနေနဲ့ ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ကလေးချစ်သူများကွန်ယက်ဟာ မန္တလေးမြို့အခြေစိုက်အရပ်ဘက်အဖွဲ့အစည်း (၁၃)ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ကွန်ယက်တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် အကူအညီ ပေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
မန္တလေးမြို့ပေါ်မှာ အမှိုက်ကောက်တဲ့ကလေးတွေ၊ ပိုက်ဆံတောင်းရမ်းတဲ့ကလေးတွေ ရာနဲ့ချီ ရှိနိုင်ပြီး၊ မေလ ၉ ရက်နေ့က မန္တလေးမြို့၊ ၈၄ လမ်းပေါ်မှာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေဆုံးတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...