မြန်မာပြည်တွင် ၂၀၁၂-ခု ဇွန်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံရမှုများနှင့် ၂၀၁၃-ခု မက်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခအဝဝကို မနှစ်လို မရှုရက်သော သံဃာ့ဥသျှောင် ဆရာတော်ကြီးများ ဦးဆောင်ဖွဲ့စည်းမည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
အစည်းဝေးသို့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာ ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယ၊ ရေတံခွန်တောင် သစ္စဝေဒဂူဆရာတော် ဦးခေမာစာရ၊ တံတားဦးမြို့နယ်၊ တောင်ပြနန်းကျေးရွာ၊ ပညာပါရမီ ရွှေကျောင်းဆရာတော် ဦးဝါယမ(ဗဟိုဝန်ဆောင်) မစိုးရိမ်တိုက်ဟောင်းမှ ဦးဣန္ဒာစက္ကာဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူတို့ အမှူးရှိသော မန္တလေးမြို့၊ လေးပြင်လေးရပ်မှ ရဟန်းပျိုသံဃာများနှင့် ဘာသာရေး အသင်းအဖွဲ့များ တက်ရောက်ကြလေသည်။
မူဆလင်နှင့် မြန်မာတို့ အကြား ပြဿနာမပေါ်ပေါက်ရေးနှင့် ပြဿနာပေါ်ပေါက်လာသော် တရားဥပဒေ နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ရေး ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများ ကျယ်ပြန့်စွာ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းလိုခြင်းဖြစ်သည်
၆-၅-၂၀၁၃-ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီးမှာလည
အင်းစိန်ရွာမ ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ မဟာထေရ်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရ ဘဒ္ဒန္တသီလက္ခန္တာဘိဝံသ၊ ဘဒ္ဒန္တဣန္ဒပါလတို့ ဦးဆောင်ဖွဲ့စည်းမည် ဖြစ်ကြောင်းသိရသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။