Ads (728x90)



မောင်တောမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်
အတွက် ကြေငြာချက်များကို အချိန်မပြတ် ကြေငြာပေးနေကြောင်းသိရ
သည်။မောင်တောမြို့နယ် တောင်ပိုင်းရှိ ပင်လယ်နှင့် နီးစပ်သော
ရပ်ကွက်၊ ကျေးရွာအုပ်စုရှိအိမ်ထောင်စုများကို (၂၀၁၃)ခုနှစ် မေလ(၁၄)
ရက်နေ့ တွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရှိ သ၀င်ချောင်းကမ်းနား
ရွာကျေးရွာအုပ်စုကို အာရ်ဗီကျောင်းသို့ ပြောင်းရွှေ့ပြီး အင်းဒင်အနောက်
ကျေး ရွာအုပ်စုကို အင်းဒင်အရှေ့ရွာ၏ ဗလီနှင့် အမကကျောင်း၊
ကျောက်ပန္ဒူ(နတလ)ကျေးရွာအုပ်စုကို အရှေ့ဘက်တောင်ကုန်း (ကင်းစခန်း)နှင့် အနီးတစ်ဝိုက်၊ (နတလ)ကျေးရွာအိမ်ထောင်စုယာယီတဲ
များကို ပြောင်းရွှေ့ပြီး စေတီရွာကိုကုန်းမြင့် ပကိုင်းမြင်းလွတ်ကျောက်
ပန္ဒူရွာရှိဗလီနှင့် ခိုင်ခံ့နေအိမ်(၆)လုံးကို၎င်း၊ မြင်းလွတ်(အနောက်ရွာ)နှင့်
ကမ်းနား(ရွာဟောင်း)ကျေးရွာအုပ်စုကို ဗလီနှင့် ခိုင်ခံ့နေအိမ် (၁၀)လုံး
သို့ ပြောင်းရွှေ့ပြီး သပြေတောကျေးရွာ၊ ဇုံကာရာရွာ၊ သာယာတောရွာကို
မြင်းလွတ်အုပ်စု (အလယ်ရွာ)ရှိ ဗလီနှင့် ခိုင်ခံ့နေအိမ် (၁၀)လုံးနှင့်
သပြေတောရွာကို ကျောင်းတောင် (မွီးသီရွာ) အုပ်စုဗလီနှင့် အမကကျောင်း
ကိုလည်းကောင်း၊ ဥဒေါင်းကျေးရွာအုပ်စု အနောက်ရွာကို ဥဒေါင်းအရှေ့ရွာ
ရှိ ခိုင်ခံ့နေအိမ်များ အစရှိသော ပင်လယ်နှင့် နီးသော ရွာများကို မဟာစင်
မုန်တိုင်းအန္တရာယ်တွင် ကင်းလွတ်ရန် ခိုင်ခံ့သော အဆောက်အအုံများ၊
ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ဒေသဆိုင်ရာ အာဏာပိုင်
အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့
အစည်းများက ၀ိုင်းဝန်းပြီးရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

SkyNet TV Browser
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...