Ads (728x90)



===========
Credit ရေးသူအမည်မပါသော..မေးလ်းထဲ ကဟာသများသာဖြစ်ပါသည်.. မူရင်းရေးသူတိုင်းအားလေးစားလျှက

ရုပ်ပျိုကိုယ်နုဆေး
ကိုဘမောင်တို့ မိသားစု မြို့ပေါ်သို့ အလည်လာကြသည်။ ရှော့ပင်းမောကြီးထဲမှာ ရှိသောဆိုင်တိုင်း၊ ဆိုင်တိုင်း ကိုဘမောင်တို့ အတွက် အထူးအဆန်းပင်ဖြစ်သည်။ ကိုဘမောင် မိန်းမကတော့ အ၀တ်အထည်တန်းမှာ ရွေးနေသည်မှာ မပြီးတော့။ သားအဖ နှစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်ကြသည်။ ဓာတ်လှေကားကြီးကို သွားတွေ့သည်။
“ဖေဖေ… အဲ့ဒါဘာကြီးတုန်းဟင်….”
“အဖေလည်း တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး သားရဲ့”
ထိုစဉ် အသက် ၄၀ ကျော် မိန်းမ ၀၀ ဖိုင့်ဖိုင့်ကြီးတစ်ယောက် ဓာတ်လှေကား ခလုပ်ကိုနှိပ်သည်။ ဓာတ်လှေခါး တံခါး ပွင့်လာသည်။ ထိုမိန်းမကြီး ဓာတ်လှေကားထဲသို့ ၀င်သွားသည်။ ဓာတ်လှေကား တံခါးပိတ်သွားသည်။ ထိုမိန်းမကြီး အပေါ်ထပ်သို့ တပ်သွားသည်။ ကိုဘမောင်တို့ သားအဖ မျက်တောင်မခတ်ကြည့်နေကြသည်။
ခဏနေသော်… ဓာတ်လှေခါး တံခါး ပြန်ပွင့်လာသည်။ အသက် ၂၄ နှစ်အရွယ် ကောင်မချောချောလေး တစ်ယောက် ဓာတ်လှေကားထဲမှ ထွက်လာသည်။ ကိုဘမောင်တို့ သားအဖ အံအားသင့်သွားသည်။
“ဟ နိပ်ဟာ.. ဟေ့သားရေ… မင်းအမေကို မြန်မြန်သွားခေါ်”


ဝမ်းချုပ်လို့
လယ်သမားတစ်ယောက် ဆရာဝန်ဆီရောက်လာတယ်….
“ဆရာ ကျုပ်မြင်းက ၀မ်းချုပ်နေလို့ အဲ့ဒါ ဘယ်လိုလုပ်ရမလဲ”
“လွယ်ပါတယ်… ဟောဒီ ဆေးကို ယူသွား။ အိမ်ရောက်ရင် ပိုက်တစ်လုံးရှာ ဆေးကို ပိုက်ထဲထည့်။ ပြီးရင် ပိုက်ကို မြင်းဖင်ထဲထည့်၊ ဟိုဘက်ကနေ မှုတ်လိုက်၊ ခင်ဗျားမြင်း ၀မ်းမချုပ်တော့ဘူး”
နောက်တစ်နေ့ လယ်သမား ဆရာဝန်ထံ ထပ်ရောက်လာသည်။ ဆရာ ကျွန်တော် နေမကောင်းလို့..
“ဘယ်လိုဖြစ်တာလဲ” ဟု ဆရာဝန်ကမေးသည်။
“အင်း ကျွန်တော် ပိုက်ကို မမှုတ်ခင်… ဟို ယုတ်ပတ်တဲ့မြင်းက အရင်မှုတ်လိုက်လို့”

ဘယ်လိုမှ မရဘူး
အသက် ၈၅ နှစ်ရှိပြီဖြစ်သော အဘိုးအိုတစ်ယောက် ကျန်းမာရေးစစ်ရာတွင် သုတ်ပိုးအရည်အတွက် စစ်ဆေးရန်ပါ လိုအပ်ကြောင်း ဆရာဝန်က ပြောသည်။ “ကဲ အဖိုး ဟောဒီ ပုလင်းကိုယူသွား.. မနက်ဖြန်ကျရင် ကျွန်တော့်ဆီကို နမူနာ ယူလာခဲ့ပါ”
နောက်တစ်နေ့…. အဖိုးအို ပုလင်းခွံအတိုင်းပင် ပြန်ရောက်လာသည်။
“ဘယ်လိုဖြစ်တာလဲ အဖိုး”
“မပြောချင်တော့ပါဘူး ဆရာရယ်… အိမ်ရောက်တော့ ကျွန်တော် ကြိုးစားတယ်။ ပထမ ဘယ်ဘက်လက်နဲ့… မရဘူး။ နောက် ညာဖက်လက်နဲ့ မရဘူး။ အဲ့ဒါနဲ့ ကျွန်တော့်မိန်းမကို ကူခိုင်းရတယ်။ မိန်းမကလည်း ပထမ ညာဖက်လက်နဲ့… မရဘူး။ နောက်..ဘယ်ဖက်လက်နဲ့….. ဒါလည်း မရဘူး။ နောက်ဆုံး သူ့ပါးစပ်နဲ့ ကြိုးစားတယ်… အံပုံ သာထွက်လာတယ် မရဘူးဆရာရေ… အဲ့ဒါနဲ့ ဘေးအိမ်က မေရီ ကို အကူအညီတောင်းရတယ်။ မေရီလည်း ကူညီရှာပါတယ်ဆရာရယ်… သူ့ လက်နှစ်ဖက်နဲ့ .. မရဘူး၊ နောက်ဆုံး တံခေါက်ခွက်ကြားထဲ.. ဒါလည်း မရဘူး ဆရာ”
“ဟင်.. ဘေးအိမ်က လူတောင် အကူအညီတောင်းရတယ်.. ဟုတ်လား အဖိုး”
“ဟုတ်တယ်လေ ဆရာရဲ့… ဆရာပေးလိုက်တဲ့ ပုလင်းအဖုံးက ကြပ်နေတော့ ဘယ်လိုမှကို ဖွင့်လို့မရတာ”


ကျေးဇူးတင်ပါတယ် ဘုရားသခင်
ညက မှောင်မှောင်၊ တောနက်ကြီးထဲမှာ မုဆိုးတစ်ယောက်ဟာ ၀က်ဝံ အကြီးကြီးတစ်ကောင်ကို လိုက်နေပါသတဲ့။ မုဆိုးဟာ ၀က်ဝံကို သေနတ်နဲ့ ပစ်ချလိုက်တယ်… သို့ပေမယ့် လွဲသွားခဲ့တယ်။ ခုတော့ ပြေးနေရသူဟာ ၀က်ဝံမဟုတ်တော့ပဲ… မုဆိုးဟာ ၀က်ဝံရဲ့ လိုက်ခြင်းကို ခံရတော့တယ်။
မုဆိုးဟာ သူပြေးနိုင်သလောက်မြန်မြန်ပြေးတယ်၊ နောက်ဆုံးမှာတော့ မတ်စောက်လှတဲ့ တောင်စွန်းကို ရောက်လာပါသတဲ့။ ၀က်ဝံကလည်း နီးသထက်နီးလာပြီ။
နောက်ဆုံးမှာ မုဆိုးဟာ ဒူးထောက်လိုက်ပါတယ်။ ပြီးတော့ လက်နှစ်ဖက်ကို ယှက်ကာ ဘုရားသခင်ထံကို ဆုတောင်းပါတော့တယ်…. “အို.. ဘုရားသခင်… ဒီဝက်ဝံကို ယဉ်ကျေးလာအောင် ဘာသာရေး ကိုးကွယ်လာအောင် ဖန်ဆင်းပေးတော်မူပါ”
ရုတ်တရက် မိုးကြိုးတွေ ထစ်ချုန်းပစ်လာတယ်… ကောင်းကင်ကြီးအထက်ကနေ အလင်းရောင်တန်းကြီးဟာ မုဆိုးရှေ့နားက ၀က်ဝံကြီးပေါ်ကို ထိုးကျလာသတဲ့။ ၀က်ဝံကြီးလည်း ပြေးလာရာကနေ ရုတ်တရက် ရပ်သွားသတဲ့။ ပြီးတော့ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်နဲ့ ဟိုကြည့် ဒီကြည့်ကြည့်နေတယ်… နောက်တော့ မုဆိုးကိုမြင်တော့….
“အို.. ဘုရားသခင်…. ခုလိုမျိုး ကျွန်တော်အတွက် အစားအစာ ဖန်ဆင်းပေးတော်မူတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ၀က်ဝံကြီးက ပြောလေသတဲ့။

အသက်အရွယ်က စကားပြောတယ်
CIA ရဲ့ အကြီးအကဲဟာ စုံထောက် အသစ်သုံးယောက်ကို ခန့်ဖို့အတွက် စစ်ဆေးနေပါတယ်။ ၂၅ နှစ်၊ ၃၅နှစ် နဲ့ ၄၅ နှစ် ရှိပြီဖြစ်တဲ့ အသစ်လူသုံးယောက်ကို သေနတ် တစ်လက်စီ ပေးလိုက်ပါသတဲ့။ နောက်ပြီးတော့ သူတို့ရဲ့ မိန်းမတွေကို အခန်းတစ်ခုစီမှာ ထည့်ထားပြီးတော့ “ကောင်းပြီ၊ မင်းတို့ မိန်းမတွေ ထည့်ထားတဲ့ အခန်းထဲကို ၀င်သွား၊ ပြီးရင် ဟောဒီ သေနတ်နဲ့တေ့ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်”
အသက် ၂၅ နှစ်အရွယ်ရှိတဲ့ စုံထောက်ကောင်လေးက ချက်ချင်းပြန်ဖြေတယ် “ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော့်မိန်းမကို ကျွန်တော်အရမ်းချစ်တယ်”
အသက် ၃၅နှစ်၊ သေနတ်ကိုင်ပြီး အထဲကို ၀င်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာတယ်.. “ကျွန်တော် မပစ်ရက်ဘူး.. ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်သေးတယ်”
အသက် ၄၅ နှစ်၊ သေနတ်ကိုင်ပြီး အထဲဝင်သွားတယ်…. ခြောက်လုံးပြူး သေနတ်က သေနတ်သံ ၆ ချက်ထွက်လာတယ်… ပြီးတော့ လင်မယားနှစ်ယောက် စကားများသံတွေ ထွက်လာတယ်။ စုံထောက် အကြီးအကဲ အခန်းထဲကို ပြေးဝင်လာတယ်… စုံထောက်အသစ်ကပြောတယ် “ဘယ်ငတုံးက သေနတ်ထဲကို ကျည်ဆံအတုတွေ ထည့်ထားတာတုံး… ဒီမှာ ၆ ချက်ပစ်တာတောင်မှ တစ်ချက်မှ ကျည်မထွက်ဘူး”

တွေးပုံလေးကို သဘောကျတယ်.. ဒါပေမယ့် အဖြေက မဟုတ်ဘူး
ဆိုးပေ စာသင်ခန်းထဲတွင် ဆရာမနှင့် ငြင်းနေသည်။ ဆရာမကမေးသည်
ဆရာမ။ ။“ဆိုးပေ… သစ်ကိုင်းပေါ်မှာ ငှက် ၄ ကောင်နားနေတယ်… တစ်ကောင်ကို သေနတ်နဲ့ ပစ်လိုက်တယ်၊ အဲ့ဒါဆို ဘယ်နှစ်ကောင်ကျန်မလဲ?”
ဆိုးပေ။ ။“တစ်ကောင်မှ မကျန်ဘူး ဆရာမရဲ့”
ဆရာမ။ ။“မဟုတ်ဘူးလေ ဆိုးပေရဲ့ ၁ ကောင်ကို သေနတ်နဲ့ ပစ်လိုက်မှ တော့ ၃ ကောင်ကျန်ရမှပေါ့”
ဆိုးပေ။ ။“ဆရာမကလည်း.. ၁ကောင်ကို သေနတ်နဲ့ ပစ်မှတော့ ကျန်တဲ့ အကောင်တွေလည်း လန့်ပြီး ပျံပြေးပြီပေါ့.. ဒါ့ကြောင့် သစ်ကိုင်းပေါ်မှာ တစ်ကောင်မှ မကျန်ဘူး”
ဆရာမ။ ။“အင်း.. မင်းစဉ်းစားပုံလေးကို သဘောကျတယ်… ဒါပေမယ့် အဖြေက ၃ ကောင်ကွဲ့”
ဆိုးပေ။ ။ “ဒါနဲ့ ကျွန်တော် ဆရာမကို မေးခွန်းတစ်ခု မေးလို့ရမလား?”
ဆရာမ။ ။ “အင်း မေးပါဦး ဆိုးပေရဲ့”
ဆိုးပေ။ ။ “မိန်းကလေး ၃ယောက်၊ ရေခဲမုန့်ကို စားနေတယ်။ တစ်ယောက်က ရေခဲမုန့်ကို လျှာနဲ့ လျှက်နေတယ်၊ နောက်တစ်ယောက်က ရေခဲမုန့်ကို ကိုက်စားနေတယ်၊ နောက်တစ်လျှောက်က ရေခဲမုန့်ကို ငုံထားတယ်။ ဘယ်တစ်ယောက်က အိမ်ထောင်သည် ဖြစ်မလည်း”
ဆရာမအနည်းငယ်တွေသွားသည်… ထို့နောက်
ဆရာမ။ ။ “ရေခဲမုန့်ကို ငုံထားတဲ့တစ်ယောက်”
ဆိုးပေ။ ။ “မှားတယ်။ လက်ထပ်လက်စွပ် ၀တ်ထားတဲ့တစ်ယောက်။ ဒါပေမယ့် ဆရာမစဉ်းစားပုံလေးကို ကျွန်တော် သဘောကျတယ်”
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...