Ads (728x90)


*****************************************

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်မှာနေတဲ့ ဦးကျော်ထွန်းလင်းတို့ မိသားစုဟာ ရခိုင်လူမျိုးများ ဖြစ်ကြပါတယ်။
“အိုအေစစ်”အမည်နဲ့ ဂျယ်လီနှင့် အချိုရည်မျိုးစုံ ထုတ်လုပ်ပါတယ်။ အိုအေစစ် သဘာဝ မကျည်းဖျော်ရည်ဟာ မူဆယ်မြို့မှာ လူကြိုက်အများဆုံး ဈေးကွက်ဝင် ရောင်းကုန်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။
“၉၆၉”အမှတ်တံဆိပ်တွေ တွင်ကျယ်လာချိန်မှာတော့ ဦးကျော်ထွန်းလင်းက အိုအေစစ်ရဲ့ လိုဂိုထဲမှာ (၉၆၉)တံဆိပ် ခပ်နှိပ်လိုက်ပါတော့တယ်။ ဒီအခါ ဖောက်သည်ယူနေကြ ကုလားဆိုင်တွေက မယူတော့ပါဘူး။ မြန်မာဆိုင်တွေကလည်း (၉၆၉)လိုဂိုဖြုတ်ဖို့ အကြံပြုလာပါတယ်။ မဖြုတ်တဲ့အခါမှာ မြန်မာဆိုင်တွေကလည်း ဆိုင်တင်မရောင်းတော့ပါဘူး ဆိုင်မှာကပ်ထားတဲ့ စတေကာ ကြော်ငြာတွေကိုလည်း ဆုပ်ဖြဲပစ်လိုက် ပါတော့တယ်။
အကြောင်းပြတာကတော့ သဘာဝမကျည်းဖျော်ရည်စစ်စစ်ကို ဝယ်ယူအားပေးသူ အများစုဟာ ကုလားတွေ ဖြစ်နေလို့ပါတဲ့။ ကုလားတွေက (၉၆၉)တံဆိပ်ပါရင် မဝယ်ကြတော့လို့ပါတဲ့။
ဒီလိုနဲ့ ရောင်းအားထက်ဝက် ထိုးကြသွားတာတောင် ကိုကျော်ထွန်းလင်းက တောင့်ခံထားဆဲပါ။
(၉၆၉)တံဆိပ်ပါလို့ မြန်မာပိုင်ကုန်ပစ္စည်းကို မြန်မာဆိုင်တွေက မထားရဲကြပေမယ့် (၇၈၆) တံဆိပ်ပါတဲ့ ကုန်ပစ္စည်းတွေတော့ မြန်မာဆိုင်ရှင်တွေက တင်ရောင်းကြပါတယ်။ အထူးသဖြင့် (၇၈၆)တံဆိပ်ပါ “အာလူးကြော်”ကိုတော့ မြန်မာဆိုင်အားလုံးနီးပါး မှာ တင်ရောင်းပေးနေကြတာ တွေ့ရလို့ ဝမ်းနည်းပက်လက် ဖြစ်နေမိတယ်လို့ ဦးကျော်ထွန်းလင်းက ပြောပြပါတယ်။
မူဆယ်သူတွေ အများကြီး ကြိုးစားရဦးမယ်နော်......................။
 
by :
.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...