Ads (728x90)

ရွှေလီဓာတ်အားပေးစက်ရုံပြင်နေ၍ လျှပ်စစ်မီးတစ်နာရီကျော် ဖြတ်မည်ရွှေလီ ဓာတ်အားပေး စက်ရုံ ကြံ့ခိုင်မှုပိုင်းကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နေ၍  ရန်ကုန်မြို့ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် လျှပ်စစ်မီးပေး ဝေမှုကို လျှော့ချမည်ဖြစ်ရာ ယခုလကုန် အထိ မီးပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာ ဦးထွန်းကြွယ်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
“ဓာတ်အားပေး စက်ရုံ ကြံ့ခိုင်ရေး လုပ်နေလို့ ဓာတ်အား ထုတ်လုပ်မှု နည်းသွားတာကြောင့် ရန်ကုန်ရော ပြည်နယ်နဲ့ တိုင်းတွေပါ မီးပျက် မယ်။ ရန်ကုန်က နေ့ပိုင်းတွေမှာ တစ်ရက်ကို တစ်နာရီကျော်ထိ ပြတ်တောက်မှုတွေ ရှိနိုင်တယ်”ဟု အထက်ပါ အင်ဂျင်နီယာက ပြောသည်။ ရန်ကုန်မြို့တွင် နံနက်ငါးနာရီနှင့် ညခုနစ်နာရီအတွင်း ပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီး တစ်နာရီကျော်ကြာ ပြတ်တောက်နိုင်ကြောင်း ၎င်းကဆိုသည်။ ရွှေလီ ဓာတ်အားပေး စက်ရုံ ပြုပြင်မှုကို ဧပြီ၂၃ရက်မှ စတင်ပြုလုပ်နေပြီး မီးစတင် ဖြတ်နေပြီ ဖြစ်သည်။စက်ရုံပြုပြင်မှုမှာ လကုန်ပိုင်းတွင် အပြီးသတ်မည် ဖြစ်ရာ လျှပ်စစ်မီး ဖြတ်တောက်မှုသည် ဧပြီလကုန်ထိသာ ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေလီ ဓာတ်အားပေး စက်ရုံသည် ယခင်က မဂ္ဂါဝပ် ၃၀၀ ကျော် ဓာတ်အားပေး ထုတ်လုပ်ပေး နေရာမှ ဧပြီ ၂၄ ရက်တွင် မဂ္ဂါဝပ် ၁၂၀ သာ ပေးပို့ နိုင်တော့ကြောင်း ဦးထွန်းကြွယ်က ပြောသည်။ “သတ်မှတ် ချက်နဲ့ ပျက်ရင်တော့ ပိုအဆင်ပြေမယ်။ မကြာခဏ ပျက်တာ မဟုတ်ဘဲ မီးကတစ်ရက်လုံးမှ တစ်နာရီပျက်တာဆိုတော့ အရင်နှစ်တွေ မီးပျက်တာထက်စာရင် နည်းတယ်လို့ ပြောရမယ်။ ဒါပေမဲ့ဘယ်အချိန်ပျက်မယ်မှန်း မသိတော့ အဆင်မပြေဘူး”ဟု ကမာရွတ်လှည်းတန်းတွင် နေထိုင်သောအိမ်ရှင်မတစ်ဦးက ပြောသည်။ မီးဖြတ်တောက်မှုကို အများပြည်သူအတွက် ပေးသော အချိန်များထဲမှ လျှော့ချ သွားမည်ဖြစ်ပြီး မီးဖြတ်တောက်မှု များခဲ့သော စက်မှုဇုန်များကို လျှော့ချခြင်း မရှိသေးဘဲ အုပ်စုနှစ်စုခွဲကာ တစ်ရက်လျှင် ငါးနာရီနှုန်းဖြင့် ဆက်လက်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
7Day News

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...