“ပထမအယောက် ၇၀ လောက်ရှိတယ်။ တားမြစ်နယ်မြေထဲ မလုပ် ဖို့ပြောတယ်။ သူတို့ရန်ပြုဖို့ ကြိုးစား ကြတော့ ဒိုင်းတွေနဲ့ အသံပေးလှန့် လိုက်တော့ ပြန်သွားကြတယ်။ ပြီးမှလူစုပြီး ပြန်လာတာ အယောက် ၂၀၀ လောက်ရှိတယ်” “ကျွန်တော်တို့က ဦးဆောင်တဲ့ကွန်ရက်အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးဖို့လုပ်တော့ ဖြစ်ကြတာ။ သူတို့က ခဲတွေ၊ စက်ဘီး ကုံးသီးတွေနဲ့ ပစ်တယ်။ တုတ်နဲ့ဝင်ရိုက်တယ်။ ကျွန်တော်တို့က ပထမနောက်ကို ဆုတ်တယ်။ လူစုခွဲဖို့ ပြောလို့မရတော့မှ မိုးပေါ်ကိုခြောက်လှန့်ပြီး ပစ်တာပါ” ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ထွန်းက ပြောသည်။
ထိပ်တိုက်တွေ့ဆုံမှုကြောင့် ၎င်းနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၊ မြို့နယ်မှူးအပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများမှ သုံးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက်လက်ပြောသည်။ ထိပ်တိုက်တွေ့ဆုံမှုတွင် ဒေသခံများက ပုလင်းထဲ ဓာတ်ဆီထည့် ပြုလုပ်သော လက်လုပ်မီးလောင်ဗုံးများကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ပြီး ဒေသခံများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံးမှုကြောင့်ဟု တုံ့ပြန်ပြောဆိုကြသည်။
“ကိုယ့်လယ်ကိုယ် ပြန်ထွန်ဖို့ ကြိုးစားတာ။ သက်ဆိုင်ရာက တားလို့ဖြစ်ရတာ” ဟု မိုးကြိုးပြင်(မြောက်) ရွာသားတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသော ဒေသခံ သုံး ဦးကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး စိုးရိမ်စရာအခြေအ နေမရှိဟု ဒေသခံလူမှုရေး အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။ ကွန်ရက်အဖွဲ့တစ်ခုမှ အဖွဲ့ ၀င်တစ်ဦးနှင့် ဒေသခံနှစ်ဦးကို ထိန်း သိမ်းထားကြောင်း မုံရွာခရိုင်ရဲတပ် ဖွဲ့မှ ဆက်လက်သတင်းရရှိသည်။
“အားလုံးကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းဖြစ်စေချင်ပါတယ်။ တရားဥပဒေကို ချိုးဖောက် ရင်တော့ တာဝန်အတိုင်း ဆောင်ရွက်ရပါတယ်”ဟု စစ်ကိုင်းတိုင်း ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်များတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ကိုအောင်စိုး၊ ကိုထက်၊ ရန်ကုန်ဝိဇ္ဇာ/သိပံ္ပ ကျောင်းသား သမဂအဖွဲ့မှ ကိုသောင်းထိုက်ဦးတို့ ပါဝင်ပြီး ယင်းကွန်ရက်အဖွဲ့ဝင်များ ၏ သွေးထိုးလှုံ့ဆော် မှုများကြောင့် ဒေသခံရွာသား များက လက်လုပ် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းအပါ အ၀င် အကြမ်းဖက် လုပ်ရပ်များကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်ပိုင်ရုပ်သံဌာနများမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
တာဝန်ရှိသူများ အနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ် ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် အညီ ဆောင်ရွက်ပေးနေပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် သတိ ပေးခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများ ဆိုးရွားလာခဲ့သဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်မှုများကို ဆောင်ရွက်ရခြင်းဖြစ်ကာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး ရမိသူများအား ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
“အခုပါတဲ့သူတွေက လျော်ကြေးမယူကြတဲ့သူများပါတယ်။ ဘာပဲပြောပြော ခဏခဏ ဒီလိုဆူပူတာတွေက မကောင်းဘူး။ အေးအေးချမ်းချမ်းပဲ ပြီးစေချင်တယ်”ဟု ၀က်မှေးကျေးရွာသားတစ်ဦးက ပြောသည်။ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း အခင်းဖြစ်ပွားပြီး နောက် ယနေ့နေ့ခင်းပိုင်းတွင် ပြည်သူတို့၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှုများအား အကြမ်းဖက် နှိမ်နှင်းခြင်းကို လုံးဝလက်မခံနိုင်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်မြေကို အခြေပြု လုပ်ကိုင် စားသောက်နေရသော လယ်သမားများကို မည်သည့် အာမခံချက် ပေးနိုင်မည်ကို အစိုးရက ညှိနှိုင်း အဖြေရှာရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်အတွင်း စတင်ခဲ့ သော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ဒေသခံများက ဆက်တိုက်ကန့်ကွက်ခဲ့ကြရာ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်တွင် အထွေထွေ သပိတ်စခန်းများကို အင်အားသုံး ဖြိုခွဲခံရပြီး သံဃာတော်အများစု အပါအ၀င် ဒေသခံများ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့၍ ဝေဖန်မှုများစွာရှိ သည်။ ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီး ဆနပြမှုများ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှား သူများ ရှိနေကြောင်းလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ သည်။
ယနေ့ဖြစ်စဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၁၅
ဦး ဆူပူအကြမ်းဖက်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့်
တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် အမှတ် (၁၆) ရဲတပ်ရင်းတို့က
လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။