
ဆန္ဒပြတာ အကြောင်းမထူး၊ တရားစွဲမှ ထူးမယ် ထိုအဆောက်အအုံကို ၂၀၁၂ မေ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံ မှုကော်မရှင်က မြန်မာနိုင်ငံသားပိုင် Flying Tiger Engineering, စင်္ကာပူမှ Dimond Asia စသည့် ကုမဏီ ၂ ခုကို ဒေါ်လာ ၁၄.၄သန်းဖြင့် ဖက်စပ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။
ဟိုတယ်အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၂ အောက်တိုဘာတွင် ဆန္ဒပြကန့်ကွက်ခဲ့သော်လည်း ထူးခြားမှု ရှိမလာသဖြင့် ယခုတရားစွဲဆိုရန်ပြင်ဆင် ရခြင်းဖြစ်ကြောင်း ဦးကိုနီ၏ပြောကြားချက် အရသိရ သည်။
ထိုအကြောင်းကို တရားရုံးများရောင်းချမှု ရှေ့နေများဆန္ဒပြမည် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://burma.irrawaddy.org/archives/22098 တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
“၂၀၁၀ အောက်တိုဘာမှာ အဲဒီရုံးမှာရှိတဲ့ တရားရုံးတွေကို ချောင်ကြိုချောင်ကြား ရွှေ့ပစ်ပြီး ဒီ လွတ်နေတဲ့ရုံးကို ဟိုတယ် လုပ်တာပါ။ ဒီရုံးက သွားရေးလာရေးအဆင်ပြေတော့ ၀န်ထမ်းတွေအတွက် ပိုကောင်းတယ်။ ကျွန်တော်ကတော့ ဒီရုံးကို တရားရုံးပဲဖြစ်စေချင်တယ်” ဟု ဦးကိုနီက ဆိုသည်။
ဘယ်တော့ တရားစွဲမလဲတရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုခြင်းမပြုမီ ၂လ ကြိုတင်၍ နို့တစ်စာပို့ပေးရခြင်းဖြစ်ကြောင်း၊ လာမည့် ဇွန်လလယ်တွင် ၂လပြည့်မည်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံတချို့ကို ပုဂ္ဂလိကကို အောက်ပါအတိုင်း လုပ်ကိုင် ခွင့် ပေးထားသည်။ ၀န်ကြီးများရုံး - အနော်မာအနုပညာအဖွဲ့ - ပြတိုက်
တရားရုံးချုပ် - ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက် - ပြတိုက် နှင့် စာကြည့်တိုက်
တိုင်းစုပေါင်းရုံး - ဟိုတယ်
မီးရထားရုံးချုပ် - Dosim Engineering & Construction Co.Ltd - ဟိုတယ်
ဗဟိုအစိုးရရဲ့ အဖြေ
ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပါက ဒေါ်လာ ဘီလျံချီ ကုန်ကျမည်ဖြစ်၍ အရှည်ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို အရေးကြီးအဆိုအနေဖြင့်တင်သွင်းသော တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးကို ပုဂ္ဂလိကသို့လွှဲအပ်ခြင်း ဖျက်သိမ်းပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ထိုသို့ တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပညာရှင်ရှုဒေါင့်
ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကထိကဦးပြည့်ဖြိုးကျော်က “ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံ ဆိုပြီး ဘာမှအသုံးမကျဘဲ ပိတ်ထားတာတော့ မဖြစ်သင့်ဘူး။
သူ့ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးတွေအရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးဖြစ်သင့်တယ်” ဟု ဆိုသည်။
၂၀၀၉ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဥပဒေအရ အနှစ် ၁ဝဝ ကျော်သက် တမ်းရှိ ပါက ရှေးဟောင်း အမွေအနှစ်ပစ္စည်းဖြစ်ပြီး ထိုမျှသော သက်တမ်း မရှိသေးပါ ကလည်း အနုပညာလက်ရာမြောက်မှု၊ သမိုင်းဝင် အဖြစ်အပျက်များကို အခြေခံ၍ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသင့် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ချစ်ဆု ~
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။