Ads (728x90)


923506_512701705432015_1891813513_n
၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတားအောက်ခြေရှိ ရှုခင်းသာ
နေရာ တွင် စုံတွဲ တစ်တွဲ  ကို စစ်သားသုံးယောက်မှ လုယက်မှုဖြစ်ပွားခဲ့သည်။  လုယက်
သူ စစ်သား ၃ ဦး မှ အမျိုးသား ၏  လည်ပင်းကို  ညှစ် သတ် ကာ ဇက် ချိုး ပြီး နောက် ဧရာ ၀တီ
မြစ်ထဲ သို့  တွန်း ချ ခဲ့ ပြီးအမျိုး သမီး အား ဆက်လက် ရန် ပြု ရန် စီစဉ် ချိန် တွင် သူမ က
ကြောက်လန့်အော်ဟစ်သဖြင့်အနီးအနားရှိ ရပ်ကွက်သူ ရပ်ကွက်သားများက ရောက်ရှိလာသဖြင့်
စစ်သားသုံးယောက်ထွက်ပြေးသွားခဲ့ကြသည်။
အမျိုး သမီး တိုင်တန်း ချက် နှင့် ရပ် ကွက် နေ ပြည်သူ များ ၏ အကူအညီပေးချက် အရ ရဲစခန်းသို့အ
ကူအညီတောင်းရာ အမှတ်(၂) စခန်းမှ တာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့် ရဲများရောက်ရှိလာပြီး
တရားခံကို လိုက်လံရှာဖွေရာ တွင်  ရပ်ကွက်ထဲ နေပြည်သူများ ၏ အကူအညီ ဖြင့် ထွက်ပြေးသွား
သည့် စစ်သားသုံးဦး အနက် မှ  နှစ်ဦး ကို ဖမ်းမိခဲ့သည်။ လက်နက် ကိုယ်စီ ကိုင်ဆောင်ထား
သည့် ထို လူသတ် ၊ လုယက် မှု ကျူးလွန် သူ ၃ ဦး အား ရဲစခန်း သို့  ပို့  ဆောင်ရန် စီစဉ် ခိုက်
ပြည် အခြေစိုက် တပ် စခန်း တစ်ခု မှ ဗိုလ်ကြီး အဆင့် ရှိသူ တစ်ဦးရောက်ရှိလာပြီး “တပ်ပြေးများ
လိုက်လံဖမ်းဆီးနေတာ ယခု တော့ မိပြီ ” ဆို၍  ရဲတပ် ဖွဲ့  က ဖမ်းဆီးထား သည့်  စစ်သားနှစ်ဦးကို
ရဲတပ် ဖွဲ့  ထံ မှ တောင်းခံ ရာ  ရဲမှုခင်းဖြစ် သော် လည်း တပ်ပြေး ဖြစ် သောကြောင့်  စစ်တပ် နှင့်
ဆိုင် ကြောင်း ပြော ဆို ၍ ရဲ က ပြန် လည် လွှဲ ပြောင်း ပေး ခဲ့ ရသည်။
ထိုနေ့  ည တွင် ဇက် ကျိုး ကာ သေဆုံး နေသည့် အမျိုးသား ၏ အလာင်း ကို မြစ်ရေ ထဲ မှ ပြန် လည်
ဆယ် နိုင်ခဲ့ သည်။
စစ်သား များ က ပြည်မြို့  ထဲ တွင် လက်နက်ဖြင့် အနုကြမ်းစီး ဓါးပြတိုက် လူသတ်မှု အတွက်  ပြည်သူ
များ က ဒေါသ ထွက် ပြီး မကျေနပ်နိုင်ကြပဲ အမှတ်(၂) ရဲစခန်းတွင် စုရုံးကြကာ တရားခံများအား ဖမ်းဆီး
အရေးယူ ပေး ရန် တောင်းဆို ခဲ့ ကြသည်။ ပြည် မြို့နယ်ရဲတပ်ဖွဲ့မှူး မှ မည်သူပင်ဖြစ်စေ ပြစ်မှုကျူး
လွန် ပါက ဖမ်းဆီးအရေးယူသွားမည် ဟု ပြောဆို သော်လည်း ယခု အချိန် ထိ ထို တရား ခံ များ အား
စစ်တပ် က လွှဲ ပြောင်း ခြင်း မရှိသေးချေ။
Photo and News Credit : Pon Nya

by FNG

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...