Ads (728x90)


၁။ မရေးတော့ဟု ဆုံးဖြတ်မိသော်လည်း ဆရာတစ်ပါးမှ အကူအညီတောင်းသဖြင့် တစ်ကြောင်း၊ ဂျာနယ်လစ်တစ်ဦး၏ တာဝန်မဲ့အဖြေကို စိတ်ထဲတွင် ခိုးလိုးခုလုဖြစ်သဖြင့် တစ်ကြောင်းကြောင့် ရေးမိရပါသည်။ ရှေ့တစ်လှမ်းတိုး၊နောက်နှစ်လှမ်းဆုတ်စမ်းဟု စိုင်းထီးဆိုင် သီချင်းပင် ညည်းချင်လာပါသည်။

၂။ ဝေေ၀စီစီ လက်ပတောင်းကိစ္စ ပင်ဖြစ်ပါသည်။ မုံရွာမှ မန္တလေးသို့ သံဃာများပြောင်းရွေ့ကြသည်။ ဆေးရုံက ဆေးမှတ်တမ်းတွင် ရာဇ၀တ်မှု လူနာဟု တုံးထုပေးလိုက်သည်။ ဖေ့စ်ဘုတ်ပေါ်တင်၍ ဖွသူက ဖွသည်။ ဆဲသူကဆဲသည်။ ဆရာဝန်များကို အမျိုးနှင့်ချီ၍ ငါကိုင်တုတ်သူက တုတ်သည်။ ကောင်းပါသည်။ ဇာတိမာန်ထက်သန်ကြပါလေဟု မပြောပဲနေမိပါသည်။ ဂျာနယ်လစ်တစ်ယောက်က ရှယ်ပေးသည်။ သိသူက ရှင်းသောအခါ၊ မသိဘူးလေ၊ သူပြောတဲ့အတိုင်းတင်ပေးတာပဲဟု ဆိုသည်။ အလွန်အင်မတန် တာဝန်ယူမှုပြည့်ဝပါပေသည်။

၃။ ရာဇ၀တ်မှုလူနာသည် ရာဇ၀တ်သားလူနာဟုပြောခြင်းမဟုတ်ပါ။ ဘာသာပြန်လည်းလိုပါလိမ့်မည်။ ယခင်က ရဲအရေးယူပိုင်ခွင့်ရှိသော အမှုကိုပြောခြင်းလားမသိ။ အမှန်တော့ police case ကို ပြန်ထားခြင်းဖြစ်ပါသည်။ ရာဇ၀တ်သားကိုမှ ဆေးရုံက တံဆိပ်တုံးထုပေးခြင်းမဟုတ်ပါ။ ကားတိုက်ခံရသူဖြစ်စေ၊ အရိုက်ခံရသူဖြစ်စေ ရဲစစ်ချက်ယူနိုင်ရန် မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ ဆေးရုံတွင် တာဝန်ကျသောရဲမှ မှတ်တမ်းစစ်ချက်ယူထားနိုင်ရန်ဖြစ်သည်။ ခံရသူကဖြစ်ဖြစ်၊ လုပ်သူက ဖြစ်ဖြစ် တိုင်ချက်ဖွင့်လာလျှင် သက်သေသက္ကာယရှိနေစေရန်ဖြစ်သည်။ လူနာအတွက် အထောက်အကူရစေရန်သာဖြစ်သည်။ ကျူးလွန်ခံရသူက ကျူးလွန်သူအပေါ် ထိရောက်စွာတိုင်တန်းနိုင်ရေးအတွက်သာ ဖြစ်ပါသည်။

၎။ ထိုမျှလောက်ကိစ္စကိုတော့ ဂျာနယ်လစ် ဆိုသူများ သိသင့်ပါသည်။ မသိလျှင်လည်း သိအောင်လုပ်ရပါမည်။ “သိဘူးလေ သူပြောတဲ့ အတိုင်းတင်ပေးတာ” ဆိုသည်ကတော့ တာဝန်မဲ့လွန်းပါသည်။ ကျုပ်က ဂျာနယ်လစ်အနေနဲ့တင်တာမှမဟုတ်ပဲ။ ဖေ့ဘုတ်မှာ ပြန်ရှယ်တာပဲဗျာဟု ပြောလိုကပြောပါ။ ပြည်သူကမူ ဂျာနယ်လစ်တင်သောစာကို ပို၍တိကျသော အမှန်တရားအဖြစ် လက်ခံပါသည်။ ပို၍ လေးစားစွာ အမှန်ဟု ခံယူပါသည်။ ထို့အတွက် တာဝန်မယူသည့်တိုင် တာဝန်ကမူ ရှိနေပါမည်။

၅။ မြန်မာတို့၏ ဆွမ်းကြီးလောင်းချင်သော စိတ်ဓာတ်ကိုလည်း အံ့သြရပါသည်။ ဆဲပါသည်။ ရေရေလည်လည်ဆဲပါသည်။ နှစ်ပေါင်းများစွာ ခါးစည်းခံရသူတို့က နိုင်ငံအတွက် ခ၀ါချ၍ လက်တွဲနေသည့်တိုင် အရေးအခင်းကာလတွင် မွေးပင်မမွေးသေးသော သူလေးတို့က ဇာတိမာန်ဇာတိသွေး ထက်သန်ပြနေသည်မှာ ရယ်စရာလည်းကောင်း၊ စိတ်ညစ်စရာလည်းကောင်းပါသည်။ ပိုဆိုးသည်မှာ ငါနှင့် မတူ ငါ့ရန်သူစိတ်ဖြင့် လွတ်လပ်စွာ တွေးကြည့် တောကြည့်သူများအား ပယ်ပယ်နယ်နယ် ဆဲနေကြခြင်းကို စိတ်မချမ်းသာစရာမြင်နေရပါသည်။

၆။ ဖေ့စ်ဘုတ်တွင် မပြောရဟု မရှိပါ။ ပြောနိုင်ပါသည်။ မြန်မာပြည်နိုင်ငံရေးတွင် ဖေ့စ်ဘုတ်သည် နေရာတစ်ခုရလာခဲ့ပါပြီ။ သို့သော် သံကို သံကပင်ဖျက်၍ သံချေးတက်ခဲ့ရပါသည်။ ကိုယ့်ကိုယ်ကို မင်းလောင်းဟု ပြောသူကပြော၊ သဘောတူလျှင်ဖွ၊လက်ခုပ်တီး သဘောမတူလျှင် အားရပါးရဆဲနှင့် ဖြစ်ချင်တိုင်းဖြစ်နေသည်ကတော့ ရုပ်ပျက်လွန်းပါသည်။ နင်က ဘယ်လောက်တတ်လို့တုန်းဟု သူရို့နားမလည်လျှင်မေးမည်။ လက်ဝေခံများအကြောင်းပြောလျှင် ဟိုလူကြီးက စားထားတာ ဒီထက်မကများသေးဟု ကြေးတိုက်မည်။ လိုသောစကားရရန် ဆရာတော်ကြီးများပင်မချန်ကိုးကားမည်။ ဆူရာရွေးနှုတ် သည်းခြေထုတ်၍ ကောက်နှုတ်မည်။ ကောင်းပါသည်။

၇။ ကောင်းပါသည်။ ကိုယ့် အရည်အချင်း အဆင့်အတန်းကိုများများ ပြကြရန် တိုက်တွန်း လိုသည်မှတပါး အခြားဆိုရန်မရှိ။

by သက္က မိုးညို on Monday, 3 December 2012 at 19:27 ·




Share

  • Jelly Lay and 122 others like this.
  • သက္က မိုးညို ဦးညောက် Diamond MonkeyMonkey တားရေးပီးပီ
  • Diamond MonkeyMonkey သာဓု သာဓု သာဓု
  • Nyo Gyi Thanks a lot for this note.
  • Diamond MonkeyMonkey ရှယ်ပလိုက်ပီ :)
  • Naing Linn Aung မဲမဲမြင်ရင် ရိုက်ကွာ... မကျေနပ်ရင် ဆန္ဒပြဗျာ... ဘာမှသိစရာမလိုဘူး... သူများအော်လို့ လိုက်အော်တတ်ရင်ရပြီ... အစိုးရကို များများဆဲပေး... ဒါဆိုခင်ဗျား အွန်လိုင်း ဟီးရိုးဖြစ်ပြီ... အဲဒါမြန်မာပြည်...
    စိတ်လေတယ် တကယ်ပဲ...
    ဆရာဝန်တွေကိုပါ မဆီမဆိုင် ဆွဲထည့်ချင်နေကြတယ်...
  • Sai Han Pha ဘာကိုမှသေချာနားမလည်.. သူများတွေဖြစ်ချင်ရာဖြစ် သတင်းရေးရပြီးရော လျှောက်လုပ်နေတဲ့ media တစ်ချို့ ကို စိတ်လေမိတယ်...
  • Shine Ko Ko အဲ့ဒါတော့တအားလွန်သွားပြီဗျာ
  • Mo Cha မြန် လိုက်တာ ဆရာ သက္က ရေး လိုက်တာ ။ ဒိ ထက်မက ရေး သင့်သေးတယ်ဗျာ ။ မဟုတ်လျှင်ရတယ်ထင်တဲ့ အချိုးမျိုးန့ဲ နလပိန်း တုံး များ က အချွန်န့ဲ မ တတ်ကြလွန်းလို့ ပါ။
  • သက္က မိုးညို ချက်နေလို့ ၁၀မိနစ်နဲ့ ရေးလိုက်တာေိေိ
  • U Aung Than လေးစားပါတယ်ဆရာသက်။
  • Mole Gyi ဟိတ်လူ နိုက်ဂျူတီလားဗျ။ ပြဿနာပတ်ရှာရအောင်ဗျာ ... ။ ပျင်းထှာ
  • Aung Paingphyoe share လိုက်ပါတယ်
  • သက္က မိုးညို လေးစားစရာ တစ်ကွက်မှ မရှိပါ။ ပြောချင်ရာပြောနေသူတစ်ဦးမျှသာေိေိ
  • U Aung Than ရှယ်ပီဆရာ
  • MinKo Aung ဆဲလိုက်ပီ ..... အဲ ဟုတ်ပါဘူးမှားလို့ ရှဲလ်လိုက်ပီ ပြောတာ ... :)
  • သက္က မိုးညို အင်း နှိုက်ဂျူတီ Mole Gyi
  • Kyaw Kyaw Oo အခု လိုသိတဲ့ သူက ထင်သာမြင်သာ အောင် ရှင်းပြ လိုက်တော့ ရှင်း သွှားတာပေါ့ ။ ။
    ဒါတွှေက အခု မှမြင်ဘူးတော့  ဂရုဏာ သက်ပီး ဒေါသဖြစ်ကြရတာပါ။ ။
    မြန်မာ စာ က တခါတလေကျ ဘာသာပြန် လွှဲ ရင် ဒုက္ခ ရောက်ရော။ ။
    ကျေးဇူးပါ
    ရှင်းပြတဲ့ အတွှက်။ ။
    နောင်လဲ ဘာသာပြန် လွှဲတာ တွှေ့ ခဲ့ရင်လည်း ဝင်ရောက် ရှင်းပြကြပါ။ ။
  • သက္က မိုးညို တချို့ ဆေးရုံတွေက PC လို့ရေးတုန်းပါ
  • Min Thant Zin Share kwint pu par, SaYar...
  • Diamond MonkeyMonkey ခုလဲကြည့် ဘုန်းကြီးတွေ မီးလောင်နာက infection control မရဘူး လူတွေ အုံနေတယ် တကယ်လို့ ပေးမတွေ့ ပေးဓါတ်ပုံမရိုက်ရင် ဆရာဝန်ကို ဆဲကြအုံးမယ် အခုတော့ အနာတွေ infection ၀င်နေပြီ
  • Diamond MonkeyMonkey နောက်ပြန်လှည့်မှာ မဟုတ်ဘူး ရှေ့ဘူတာက စစ်တပ် ဘူတာ ဖြစ်သွားမယ် သတိထား ဆန်ဒ ပြကြပါဗျာ
  • Myat Paing သူတို့က ဖွဖို့လောက်ပဲ နားလည်တာပါ ..... တခြားဘာမှနားလည်တာ မဟုတ်ဘူးဗျ ....

    ဆရာသက္ကမိုးညို Share ခွင့်ပြုပါဆရာ
  • Red Angel အော် ဖြစ်မှ ဖြစ်ရလေ မန်းကီးရယ်
  • Win Htike ဖွသည် မွသည် ထို နောက်မိမိကိုယ်ကို ရောင်းသည် အော်ချာနယ်လစ်
  • Nay Ma Kha ကြိုဆိုပါသည်
  • Maung Maung Myint ဆရာသက် share လုပ်ခွင့်ပြုပါ။ ဆဲရမယ့်နေရာတွေ့လို့ပါ။
  • Nay Ma Kha ဟုတ်တယ်နော် ဒိုင်တော့မစားစေနဲ့ဗျာ
  • Aung Htet Htun ရှယ်ပီ... သဘောတူတူ မတူတူ.. ဒါပဲ ဆရာ သက္က.... ခွိ
  • Ko Zwe ဖွလိုက်လို့ အင်တာနက်ဈေးမတက်ဖြစ်သေးဘူး . . .
  • Ko Zwe ဖွလိုက်လို့ လက်ပတောင်းတောင်ကိစ္စ လူသိများသွားတယ် . . .
  • Ko Zwe ဖွလိုက်လို့ . . ..
  • Kyaw Thura ရာဇဝတ်မှုလူနာ ဆိုတာ Police Case ကိုမြန်မာဘာသာတိုက်ရိုက်ပြန်ထားခြင်းတစ်မျိုးပါ။

    ရဲမှုခင်းလူနာ၊ မှုခင်းလူနာ စသည်ဖြင့်လည်း ဘာသာပြန်ကြပါတယ်။ မှုခင်းနဲ့သက်ဆိုင်တဲ့ ကားတိုက်မှု၊ ရိုက်မှု၊ အဆိပ်သောက်မှု အားလုံး အကုန်လုံးကို အဲဒီခေါင်းစဉ် တစ်မျိုးတည်းအောက်မှာပဲ တံဆိ
    ပ်တုံးထုပါတယ်။

    တရားရုံးတွင် တရားစွဲဆိုတဲ့ အမှုတွေ ကို အကြမ်းဖျင်းအားဖြင့်
    (၁) ရဲအရေးပိုင်သောအမှု
    (၂)ရဲအရေးမပိုင်သောအမှု ဆိုပြီးနှစ်မျိုး ခွဲပ
ါတယ်။

    ရဲအရေးပိုင်သောအမှု (PC- Police case) ဆိုသည်မှာ " ရာဇဝတ်မှု " ကို ဆိုလိုပြီး....

    ရဲအရေးမပိုင်သောအမှု ဆိုသည်မှာ "တရားမမှု" ကို ဆိုလိုပါသည်။

    " ရာဇဝတ်မှု -လူနာ " ဆိုသည်မှာ ရာဇ၀တ်သားလို့ ပြောတာလည်းမဟုတ်။ တရားခံလို့ တံဆိပ်တပ်တာလည်း မဟုတ်။ ရဲနဲ့ဆိုင်တဲ့ လူနာ။ ရဲအရေးပိုင်သောအမှုဖြစ်နေတဲ့လူနာ လို့ဆိုလိုတာပါ။

    တရားလို(သို့ မဟုတ်) တရားခံ (သို့ မဟုတ်) သက်သေ လည်းဖြစ်နိုင်ပါသည်။
  • Ko Zwe နည်းနည်းလွဲနေတယ် . . .
  • Star Zaw ပိုင်ပီဆိုပီးထုလိုက်တာ......ကိုယ်ငတုံးဆိုတာပေါ်သွားတာပေါ့......:P

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...