Ads (728x90)



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html


ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June  မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp)  လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့  the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို  ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ  မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ..။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။


the voice journal တရားစွဲခံရသော သတင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို  သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို  အောက်ပါလင့်မှာ  ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167

ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။



လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။

 အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့  အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။  အများသိတဲ့ ၀မ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။
အဲဒီ ၀မ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22</p><p>

သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။



Norinco's VT1A MBT 2000, Main Battle Tank


Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို  အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။ 

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။

မည်သူမဆို share နိုင်ပါသည်..။
Like · · Share

  • Kogyi Khayan ရှယ်တယ်ဗျာ
  • Seafaring Bird တိုင်းပြည်ကိုမြေ လှန်ပြီးရောင်းစားတာ ဘဲ။
  • Min Thitsar နိုင်ငံတကာတွေ အဲဒီသတင်းတွေသေသေချာဖြန့်ချီပြိး အားလုံးဝိုင်းတိုက်မှ၇မျာပါ။ မြန်ပြည်ရဲ့ မ၇ိုးသားသော အစိုးရရဲ့ ယန္ဒယားနဲ့ တရုပ်ရဲ့ အချောင်နှုက်မှု။နိုင်ငံတကာ သဘာဝသန်းကျင်အဖွဲတွေပါ ဆွဲသွင်းကြပါ
  • Bo Aung ၀က်မက လိုချင်တာမနာလိုပြီး Facebook ကော်ပီ tap နေပြီ ၇ဘိုမြင်တယ်နော်...:))
  • Cho Tu Zal ရှယ်ပါတယ်ဗျာ
  • Than Naing ရှယ်တယ်ဗျာ
  • Kyaw San Hlaing ကျေးဇူး ကြီးမား လှပါတယ် သွားလေသူကြီးရေ......
  • Tay Zar Htun အာဏာရှင် စနစ်ဆိုးရဲ့ အမျိုးမျိုးသော ဒုက္ခပေးမှုတွေဟာ အခုနေတိုင်အောင် မပြီးမကုန်နိုင်သေးပါကလား ....
  • Nyi Nyi Oo ဝေလိုက်ပါတယ်။
  • Chit Aung Hla Patrick နော်ရင်ကိုလဲမှန်တယ် အကုန်မှန်တယ် ဒါလေးဘဲလွဲသွားတာ
    the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..အရင်ဝန်ကြီးက အုန်းမြင့် လို့ ခေါ်ပါတယ်။ ၂ရက်တပိုင်းသတ္တုဝန်ကြီးလုပ်သွားပီး စာရင်းစုပ်ချူပ်ဖြစ်သွားတာက တခြားတယောက်ပါခမျာ။
  • Tay Zar Htun ရှေ့နောက်မကြည့် ထင်မိထင်ရာ ညာဏ်ပညာတုံး အသုံးမကျ စစ်အစိုးရရဲ့ ဆိုးမွေလက်ကျန် ပစ္စုပ္ပန်မှာ ထင်လာရိုက်ခတ် အကြပ်အတည်းစုံ စုပြုံခံစား အားအင်တွေပြုန်း နှလုံးမလှ အရှုံးပြနေတဲ့ ပြည်မြန်မာ ....
  • Htay Win သွာလေသူကြီး....ဒုက္ခတော်တော်ပေးတယ်
  • Tay Zar Htun မင်းတုန်းမင်းလက်ထက်က ကင်းဝန်မင်းကြီးဦးကောင်း မိုးကုတ်ကျောက်တွင်းတွေရောင်းခဲ့တာထက် ပိုဆိုးနေပြီထင်ရဲ့
  • Thein Win ကြက်စူမင်းတြား ကြီး ရဲ့ ..ကိုယ်ကျိုး ရှာ စီမံကိန်း အ လွဲတွေ..
  • Mann Mg Mg စာတွေကိုရှယ်မရလို့ကူညီပါ။ဖုန်း
  • Kyaw Min တစ်ခုခုများလား
  • Khin Myanmar သွားလေသူကြီးဆိုတဲ့အသုံးအနှုန်းက သေသွားတဲ့သူကို သုံးတာနော် အဲဒါကတကယ်သေသွားတာလား တကယ်သေသွားတာဆိုရင် ......
  • Pa Yit အရင်တုန်းကလုပ်ခဲ့တာတွေ၊လွဲခဲ့တာတွေကိုပြန်တည့်ဖို့လောက်ပဲလုပ်ကြပြီး ... ပြန်တည့်လို့မရတာတွေကိုအမြစ်ကစပြီးတူးထုတ်ပစ်ဖို့၊အသစ်ပြန်စဖို့...ဘယ်သူကမှမလုပ်ရဲတာကိုတွေ့ရပါတယ်..၊ပြည်သူအကျိုးကိုတကယ်ကြည့်ရင်၊ကိုယ်ကြိုးတကယ်စွန့်ရင်..သွားလေသူကြီးမှမဟုတ်ပါဘူး..၊စစ်တပ်ကမှားနေလဲလွဲနေလဲ..အဲဒီအပိုင်းတွေကိုတူးထုတ် ရှင်းထုတ်နိုင်ရပါမယ်၊
  • Khant Nyar တကယ်သေသွားတာဆိုရင် happy happy happy
  • Nay Khant Naing မသေသေးဘူးဆိုရင် အမြန်ဆုံးအသေဆိုးနဲ့သေပါစေဗျာ။
  • KoToe Aung Let me share, pls!
  • ငရဲ သား အစိုးရသစ် စတင်ဖွဲ့စည်းကတည်းက ရှိခဲ့တဲ့ သတ္ထုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်ဟာ လက်ရှိ စာရင်းစစ်ချုပ် ရာထူးရသွားပါတယ် ကို Chit Aung Hla Patrick ခင်ဗျား..။ ဦးအုန်းမြင့်က ယခင် သမ၀ါယမ/မွေးရေ၀န်ကြီးကနေ မွေးရေ၀န်ကြီးဖြစ်သွားတာပါ..။ သမ၀ါယမကို ဦးကျော်ဆန်းကို ခွဲပေးလိုက်တာပါ..။
  • David June ကျေးဇူးပါ။
  • Lotus Man အ လား aအ လာ မ ကောင်း လွန်း လို့ ပြော မိ ပါ သည်။
    အ ကြိမ် ကြိမ် အ ခါ ခါ တ ရုတ် နဲ့ ပြ သ နာ ဖြစ် လို့ မ ကောင်း ပါ။ မီး မ ရှိ တဲ့ တိုင်း ပြည် မှာ မီး ကြိုး တွေ အ တွက် ကြေး နီ လိုပါ တယ်။ထို့ အ တူ ပြည် သူ ရဲ့ အ ခွင့် အ ရေး လဲ ကာ ကွယ် ဖို့ လို မှာ ဖြစ် ပါ တယ်။ တောင် သူ တွေ ကို လျော် ကြေး ပေး ရင် သင့် တင့် မျှ တ ရ ပါ မယ်။ နိုင် ငံ သား တ ယောက် တ ဖွဲ ထက် သန်း ခြောက်ဆယ် ရှိ တဲ့ ပြည် တိုး တက် ဖို့ က ပို အ ရေး ကြီး ရ မှာ ပါ။ လွှတ် တော် က ဆွဲ တဲ့ ဥ ပ ဒေ လဲ အား လုံး လိုက် နာ ရ မှာ ပါ ။တောင်း ခံ ရန် မ လို ပဲ သ ပိတ် မှောက် ချင် ရင် လွှတ် တော် ထဲ သွား ပြင် ရ မှာ ပါ။ အ စိုးရ ချည်း ပဲ မ ကောင်း ဘူး လုပ် လို့ မ သင့် ပါ။ ကျောင်း သား သ မ ဂ္ဂ များ လဲ ပြည် သူ နဲ့ ပြည့် အ ကျိုး စီး ပွါး - နိုင် ငံ ရေး နဲ့ ကိုယ့် နိုင် ငံ နဲ့ နိုင် ငံ တ ကာ အ ရေး တို့ ကို ဘက် မျှ ရေး စဉ်း စား တတ် ရ ပါ မယ်။အ စိုး ရ က အ ကျိုး အ မြတ်ခွဲ ဝေ ပုံ ပြည် သူ ကို ချ ပြ ရ မှာ ပါ။ သက် ဆိုင် ရာ ဝန် ကြီး အ သစ် က ရဲ ရဲ ဝင့်ဝင့် ချ ပြ ရ မှာ ပါ။ အ တိုက် အ ခံ က ပြည် သူ့ အ ကျိုး စီး ပွါး ကာ ကွယ် ရင်း Ngo တွေ နဲ့ EIA စစ် ပေး ပြီး တင်း ကြပ် တဲ့ သ ဘာ ဝ ပတ် ဝန်း ကျင် ကာ ကွယ် ရေး စ နစ် ထား စေ ရင်း ပြည့် အ ကျိုး စီး ပွါး အ တွက် ကောင်း ရင် လုပ် ငန်း လုပ် နိုင် အောင် mediator လုပ် ပေး နိုင် ရင် ပို ကောင်း တာ ပေါ့။ ပြည် နာ မှာ ကြောက် ရ ပါ တယ်။ တို့ တ တွေ ညောင် သီး လဲ စား လေး ညို့ သံ လည်း နား ထောင် တတ် ကြ ရ အောင် ဗျာ။
  • Nyo Win Maung ခုလိုပြည့်ပြည့်စုံစုံလေးဖတ်ရတာကျေးဇူးတင်ပါသည်။
  • Moe Kyaw Thu the truth cannot hide long. there r so many sources for a news. news can't b hide. bridging the pieces of news frm the corners it is becoming clearer n clearer who is doing what n why the MPs r ignoring this. ppl in that area r helpless.
  • Moe Thu ကျေးဇူးတင်ပါတယ် အချက်အလက်ပြည့်စုံအောင် တင်ပြပေးပါ၊
  • TeZa Hlaing စဉ်းစားသင့် တဲ့ ကိစ္စပါ အရင်ဆုံးဒီစီမံကိန်းကိုပွင့် လင်းမြင်သာမှုရှိဖို့ အရင်တောင်းဆိုရပါမယ် ..တိုင်ပြည်တိုးတက်ရေးအတွက်ဆိုရင်လုပ်ပါဒါပေမယ့် ဒေသခံတွေအကျိုးအတွက် တိုင်းပြည်အကျိုးအတွက် ပွင့် လင်းမြင်သာမှုရှိရှိဆောင်ရွက်ပါ
    အရင်ကုမ္ပဏီတွေလုပ်ခဲ့ သလို ဒေသခံတွေအကျိုးကိုလည်းဆောင်ရွက်ပေးဖို့ အရင်တောင်းရမယ်ပြီးမှ နောက်တဆင့် ဆောင်ရွက်ရမယ်
  • Aung Aung Mdy တရုတ်ကိုအဲဒီလောက်ကြောက်နေလားကိုယ့်အမျိုသားရေးထိခိုက်လာရင်တပ်ထဲဝင်မယ်အသက်ပေးတိုက်မှာသွေးမကြောင်နဲ့တရုတ်စော်ကားတာများနေပြီရှမ်းပြည်လည်းဝဆိုပြီးပါသွားပြီမန်းကလမ်းမတန်းမြို့လယ်ခေါင်မြို့သစ်နေရာကောင်းတွေတရုတ်သိမ်းပြီပြီးနေပြည်တော်ပဲကျန်တော့တယ်ရှေ့နောက်ကြည်စရမလိုအမျိုးသညးရေးကြည့်မှာလားတရုတ်ကျွန်ခံမှာလား
  • Kotin Oo ပြည်သူတွေသိသင့်သိထိုက်လို့ရှယ်လိုက်ပြီဗျာ
  • Okkar Aung Let me share ..........................................
  • Chit Myo Minn Htun ကျနော့်လည်း ရှယ်လိုက်ပီနော့်.........။
  • Ko Thit အမေရိကန် နဲ့ တရုတ်ကို ချိန်ခွင်ညှိဘို့ လက်ပံတောင်းတောင်ပြသသနာကို အစိုးရက လျှော်ချင်နေတာ ပြည်သူကတော့ တန်ဆာခံပေါ့
  • Mrsi Thu ရှယ်ပြီဗျာ
  • ကို ထက် ကြောက်မဲ့ကြောက်ရင် ဦးပိုင်ကိုကြောက်ကြပါ
    ဦးပိုင် သူခိုးမျိုးတွေ ရှိနေသေးရင် ဒီအမူ့လို ဒီထက်ဆိုးတဲ့ အမူ့တွေ ထပ်လုပ်မှာမို့ပါ
    ဦးပိုင်ကို ဖျက်သိမ်းဖို့ ရှစ်ဆယ့်ရှစ် ၈၈တွေ ဦးဆောင်ပေးဖို့ တောင်းဆိုကြပါစို့
  • Myo Nay Zar Oo ချင်းတွင်းသားတွေကို ကယ်တင်ပေးကြပါ...
  • Myo Nay Zar Oo အထက်ကဘယ်ါလောက်အပဲပြူပြင်ပြောင်းလည်းပြောင်းလည်း၊ အောက်ကတော့ဒီအတိုင်းပါပဲ ကြည့်လုပ်ကြပါအုန်းဗျိဲု့ .....
  • မြတ် သူ ချင်းတွင်းကို လုပ်ကြံတော့မှာပါလား
  • Mg Mg Aye စီမံကိန်းတွေ ဘယ်နှခုကျန်သေးလဲမသိဘူး...နောက်ဆုတ်မရရင်ပြည်သူတွေကို မညှင်းဆဲပါနဲံ ပြည်သူကျေနပ်အောင်လုပ်ပေးပါ..နောက်တရုပ်နဲ့ ဘာမှမပတ်သက်ပါနဲ့....လိုအပ်ရင် တပ်ထဲဝင်မယ်..ဒါပဲ..
  • Zarni Lynn Maung kindly let me share!!
  • Moe Kong အကိုရှာဖွေတာတွေတော်လွန်းလို့ အစိုးရက ဆံပင်မွှေးစူးနေပါအုန်းမယ်။ တာဝန်ကျေပါတယ်အကို။ကျေးဇူးလည်းတင်ပါတယ်
  • Myo Nay Zar Oo ဦးပိုင်ဆိုတဲ့ကောင်တွေကို ဘာလုပ်ရင်ကောင်းမလည်း
  • Zaw Naing Linn ဦးပိုင်အမည်ခံပြီး စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်ကိုလက်ညိုးထိုးရောင်းတာတွေတော်တော်များတယ်၊နောက်ပြီးတကယ့်စစ်တပ်က တပ်ရင်းတပ်ဖွဲ့တွေက ဘာအကျိုးမ မရရှိဘဲ သူခိုးဈေးနဲ့စာရင်းပျောက်တရုတ်ကိုရောင်းပြီးကိုယ်ကျိုးအလွဲသုံးစားလုပ်တဲ့မည်သူမဆိုတနေ့ အရေးယူခံမယ်ဆိုတာကတော့ဗိုလ်ချုပ်ကြီးတွေကိုသိထားစေချင်တယ်
  • Ye Htut သုတတွေတိုးဖို့  အတွက် အပင်းပန်းခံထား တာ ကို ကျေးဇူးအထူးပါ ။
  • Ye Sein ဒိထက်တိကျသေချာတာတွေကိုရှကျံဖေါ်ပြပေားကဖို့တောင်းဆိုပါတယ်။ အားလုံးလည်း ၀ိုင်းရှယ်ပေးကြပါ။
  • Ko Zwe ဒီဝဋ်ကြွေးမကုန်ခမ်းသရွေ့ လည်စင်းခံဆပ်မယ်လေ . . . သို့လေသော်လဲ ပြည်သူနဲ့တူသောအကျိုးမျိုး ဘ၀ဆက်တိုင်းမှာ မင်းတို့တွေ အမြဲရပါစေလေ . . ..
  • Si Thu Kyaw ရိုင်းရိုင်းပြောရရင်တော့..... ထုံးစံအတိုင်း တိုင်းပြည်ကဖင်ခံ ခဲ့ရပြန်ပါပြီခင်ဗျာ....
  • Thein Min Htun ရှယ်တယ်ဗျာ
  • Saccavamsa Sa [ဟုတ်ပါတယ် ။ ဒီထက်သိမ်မွေ့ နူးညံ့ပြီး အားကောင်းတဲ့ တုန့်ပြန့်မှု့လုပ်ဖို့ အဖွဲ့အစည်း အားလုံး ပူးပေါင်းဖို့လိုပါတယ်။
  • Thaung Myo Tun right. let me share.
  • Ashin Dhamma ရှယ်လိုက်ပါပြီဗျား...။ ကျေးဇူးပါ။
  • Waiyan Ohnkyaw ရှဲပါတယ်
  • Ba Thet Aung Please keep on sharing about this. Thank a lot.
  • Khin Nanttha အဲလောက်ဒီအောင်ကိုတိုင်းပြည်ပေါ်ရက်စက်ကြတယ်နော် တိုင်းပြည်ကိုလွတ်လပ်ရေးအတွက်အသက်ပေးသွားကြတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူအာဇာနည်ခေါင်းဆောင်တွေနဲ့မထင်မရှားအသက်ပေးသွားတဲ့သူရဲကောင်းတွေကိုအားနာလိုက်တာ
  • Jason Min Naing တကယ်တော့မုံရွာမိုင်း၃ခုလုံးတန်ဖိုးဟာအမေရိကန်ဒေါ်လာ ဘီလီယံ ရာချီ တန် ပါတယ်။ အလကားနီပါးနဲ့တရုပ်ကိုရောင်းခဲ့တာပါ။

    www.ivanhoe-mines.com/i/pdf/monywa-fact-file.pdf
  • Jason Min Naing Ivanhoe Mines receives proceeds
    of US$103 million from Monywa Trust
    Ivanhoe Mines announced today that it has received US$103 million as payment for a promissory note
    from the Monywa Trust.
    Ivanhoe Mines transferred the ownership of its former 50% interest in the Monywa Project to the
    independent, third-party Monywa Trust in February 2007. In exchange for the interest, the Monywa
    Trust issued an unsecured, non-interest-bearing promissory note to an Ivanhoe Mines subsidiary.
    Ivanhoe Mines has held no interest in the Monywa Project, and has had no involvement with the
    administration and operation of the Monywa Project, since 2007.
    After acquiring Ivanhoe’s former interest in the Monywa Project, the independent trustee engaged an
    independent service provider to help the Trust identify potential buyers. Ivanhoe Mines had no
    involvement in discussions between the Monywa Trust and its service provider with potential
    purchasers or with the ultimate sale of the interest.
    (For background, see the Monywa Copper Project Fact File at www.ivanhoemines.com/s/Monywa.asp;
    additional related statements at www.ivanhoemines.com/s/The_Facts.asp).
  • Mrtutu Tutu ဂတုံးပြောတာ မရှိတော့ဘူးတဲ့
  • Zaw Win Hlaing this is reasonable evidence
  • May Thu pls let me share
  • Steven Myaing စစ်အစိုးရရဲ့မတရားလုပ်ရပ်များကိုရှုတ်ချပါသည်။
  • Pearl Phyu စာဖတ်နေတဲ့လူကြီးအစိုးရရဲ့ပြည်ဖျက်ပုံကတော့....ပြည်သူတွေကတော့ခံပြီးရင်ခံ..သဘာဝအလှတွေလည်းပျက်ပြီးရင်းပျက်ပဲ......ကိုငရဲသားထောက်ပြချိတ်ပြသွားတာတွေကတကယ့်ကိုထိမိကောင်းမွန်လှပါတယ်..အရမ်းကြိုက်ပါတယ်....မှန်ပါတယ်...ဒီအမှန်တရားအတွက်ဆန္ဒပြပွဲကြီးဟာဟာသတိကြီးကြီးထားရမဲ့ပွဲပါပဲ......
  • J Nyan Linn “လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်းက ဖြစ်ပေါ် ခဲ့တဲ့အမှုပါ။ မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ အလွှဲအပြောင်း အချိန်မှာ ကြေးနီမသမာမှုဖြစ်ခဲ့တာပါ”
    http://www.facebook.com/7daynews/posts/415119745216332
  • Burma Thwe အခုလို အများသိအောင် တင်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။
  • Jason Min Naing လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုတာ

    http://www.turquoisehill.com/i/pdf/Monywa_Fact_File_November_2011.pdf

    http://www.ivanhoe-mines.com/i/pdf/letpadaung-info.pdf
  • Jason Min Naing 1 day 100 tons. 1 ton is $7000. therefore one day income $700000. 365 days or 1 year is $255500000. This is only for Sabae taung at capacity of 3000 tons per month. Not including Letpadaung. After let pataung, 15000 tons per month or more. So income to Chinese is 105million per month. One year is 1.26 Billion Dollar. Stupid Military government. Pyithu Hluttaw and U thein Sein should do something. Copper price will increase with time, so in 60 years Chinese will be earning over 100 billions!
  • Jason Min NaingှStupid police. The most responsible person is General manager and U Aung Law her and U Kyaw become victim because stupid police cannot find the convict. THese 2 guys are old and they have to listen to their boss's order. They become scape goat.

    There is something hidden story behind this.

    Truth cannot be hidden.

    I heard the whole mine knows the real story, who steal, not these 2 people, stolen copper was found in a wire factory in Yangon, So........

    Guys do you think these 2 poor employees can deal with such a valuable good with most famous Wire factory?
  • Aung Khaing Win thanks for your post,let me share.
  • Kay Kay thank for news
  • U Myint Wai အဓိက ဒီစီမံကိန်းမှာ ဒေသခံဆင်းရဲသား တို့ရဲ့ လုံးဝအစားထိုးလို့မရတဲ့ မြေယာဆုံးရှုံးမှုကို အနိုင်ကျင့်ခံလိုက်ရသလို နိုင်ငံတော်အတွက်လည်း စိုက်ပျိုးမြေ လုံးဝဆုံးရှုံးမှုတခုပါ။



    ဘာလို့ဒီဟာကိုထောက်ပြရလဲဆိုတော့ ကြေးသတ္တု သန့်စင်တဲ့နေရာမှာ လုံးဝမသုံးသင့်သော သတ္တရိုင်းမြေစာ (ore)တွေပေါ် အက်စက်ပြင်းများ ဖြန်းပက်သန့်စင်ထုပ်လုပ်မှုကိုဘဲ့ ထောက်ပြလိုပါတယ်၊



    သတ္တုထုပ်ဖေါ်ရေးဥပဒေ(international )မှာ ဒီနည်းကို လုပ်သားပြည်သူနေထိုင်သော ဧရိယာမှာ သုံးသင့်/မသင့်ကို နည်းပညာရှင်၊ဥပဒေပညာရှင်တို့ နဲနဲစဉ်းစားပြီး သက်ဆိုင်ရာ(အစိုးရ/နိုင်ငံတကါ) တို့ကိုအကြံပြုဆွေးနွေးစေချင်သည်။
  • Kay Thwe Moe ကျေးဇူးပါ.
  • Kyi Kyi Soe ကိုယ့်ကို tag ထားတာတောင် မတွေ့လောက်အောင် အလုပ်များနေခဲ့တာအတွက် တောင်းပန်ပါတယ်။ အဲဒီရက်တွေက ပြည်ပခရီးသွားနေမိတယ်။ ကောင်းလိုက်တဲ့ စာ။ သံဝေဂ ယူစရာက.. ဒီလိုဖြစ်စေချင်လို့ ပြုသူကပြုဦးတော့ ကိုယ်က နက်နက်နဲနဲ ချင့်ချိန်သင့်တယ်.. ဆိုတာပါ ။ ကြောက်စရာလန့်စရာပါဘဲ။ အစိုးရရောပြည်သူကို ပါ ခဲတလုံးနဲ့ ငှက် ၂ ကောင်ပစ်သွားတာများ။ :(
  • Aung Minn Pretty well researched. Thanks
  • Moe Lwin let me share............
  • Thanda Win ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ ----------------- ရှင်ပြောတာကို ဘယ်သူမှ နားမထောင်ကြဘူးလေ။ အခုတော့ ခက်ကုန်ပြီ။
  • Wartlar Gyi ဒေါ်ဒေါ်စု ကိုသနားပါတယ် တရုတ်ကိုလဲကြောက်ရ ပြည်သူတွေကိုကို ချစ်ရနဲ့
  • Naing Lin အထူးကျေးဇူးတင်ရှိပါတယ်
  • Kaung Zan ta yote ko thar phin kone pay lite kya par tot kwar
  • Kaung Zan tin lar pe e loud kan nay ya lo shi tar lal arr lone kone pe
  • Ude Zay ဘာပဲပြောပြော အနုနည်းမရရင်တော့ အကြမ်းဖက်ရုံမှလွဲ၍
  • Hein Naing လူတော်တော်များများ မသိသေးတဲ့အကြောင်းတွေကို အပင်ပန်းခံရှာရှာဖွေဖွေ တင်ပေးတဲ့အတွက် ကျေးဇူးပါ။ကျွန်တော့်လိုပဲ friend တွေထဲကမသိသေးတဲ့သူတွေသိအောင် share လိုက်ပါတယ်...နောက်ဒီလိုသတင်းတွေရှာဖွေတွေ့ရှိခဲ့ရင်လည်း တင်ပေးပါဦး...thank alot.
  • Win Htun share with thanks.
  • Leo Jack Jack အော်တော်တော်ငောက်ကျင်ယုတ်တဲ့တရုပ် မြန်မာအစိုးရနဲ့ခရိုနီတွေလဲ တော်တော်ဦးနှောက်ရောဗဟုသုတပါတော်တော်ကြီးစင်းရဲပါ့လား ချမ်းသာတာဆိုလို့ လောဘပဲရှိတယ်ထင်တယ်
  • Pho Thar Comment ရေးတဲ့ သူတွေ ဖတ်ကြည့်လိုက် စာထဲ မှာ အနှစ်သာရ အကောင်းနဲ့ အဆိုးကို တွဲရေးထားတယ် ... အဆိုးကိုပဲ ရေးကြတယ် ..အကောင်းကို မမြင်ကြဘူး ... အဲ့ဒါပဲ ကောင်းမှုကို မကောင်းမှုက နိုင်စမြဲပါ ... ဒုက္ခရောက်တဲ့ သူတွေ ဆိုတာ လက်ခံပါတယ် ... အဲ့ဒါကို ဘယ်လိုဖြေရှင်းမလဲ မတွေးကြဘူး ... အေးဟုတ်တယ် ... သူတို့က မကောင်းဘူး ..အေး ...အကျင့်ကိုက .... အကြောင်းအရာ ကို ပဲ ပြန်ပီး လေဖမ်း ထားတာကိုတွေ့ရတယ် အကြံပြုစာ လုံးဝမရှိဘူး ... ရေးသမျှ Comment တွေမှာ လေးစားယူသုံးမယ့် အရာ တစ်ခုမှ မရှိဘူး ...

    အကောင်း ဘက်ကိုကြည့်မယ် ... မြန်မာ ကျွန်ဘ၀ရောက်တာ တပ်မတော် အင်အားနဲခဲ့လို့ ... တပ်မတော် အင်အား ကောင်းအောင် ဖြည့်တင်းဖို့ နည်းပညာ မရှိဘူး ... ဒီတော့ သူများဆီ ခယ တောင်းယူ ရတယ် ... ကျွန်ခံရတယ် ..ကိုယ် ကလိုချင်တာကို ... လိုချင်ရင်တော့ အောက်ကျို့ရမှာပဲ ... ကျွန်တော် ကြားဖူး ဖတ်ဖူးတဲ့ ထဲမှာ ကိုယ် ပိုင် လက်နက် ထုတ်တာ ဆိုလို့ ကနောင်မင်းသားကြီး ဒါတောင် ပြန်ဖျက်သိမ်းလိုက်ရတယ် ... နောက် ဘာလက်နက် ဘာစစ်ပစ္စည်းမှ မထုတ်နိုင်ဘူး ... ဒီတော့ အောက်ကျို့ ရမှာပဲ .. ဒါကလည်း နိုင်ငံ ကောင်းကျိုးအတွက် တစ်စိတ်တစ်ဒေသ ထဲမှာ ပါ နေတာပဲ ... တိုင်းပြည်တစ်ခု မှာ တပ်မတော်ဆိုတာ ကာကွယ်ရေးပိုင်း အရမ်းအရေးကြီးပါတယ် ... အရင်ကလို ရရာလက်နက်ဆွဲကိုင်တဲ့ ဘ၀လို လုပ်လို့မရတာတော့ သေချာတယ် ... ပွင့်လင်းမြင်သာအောင် မချပြနိုင်တာက ဒီလူသတ် လက်နက် ရောင်းဝယ်မှု ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လျှို့ဝှက် အစိတ်အပိုင်း တစ်ခု ပဲဆိုတာ မြင်တယ် ... ချပြလိုက်ရင် ရန်သူကို သတင်းပေးတာနဲ့ တူနေလိမ့်မယ် ...

    ဒီတော့ အဲ့နားက ရွာသူရွာသားတွေ အတွက် ဘယ်လိုကောင်းအောင်လုပ်မလဲ ... ၀ိုင်းစဉ်းစားဖို့လိုမယ် ... ကြေးနီထုတ်ဖို့တောင် ကိုယ်ပိုင်နည်းပညာမှမရှိတာ ... ဒီကြေးနီ မထုတ်ဘူးဆိုရင် ... ရှိနေတဲ့ သယံဇာတကို အကျိုးရှိရှိ မသုံးဘူးဆိုရင် မျိုးဆက်တွေ သာ ပြောင်းသွားမယ် ... ဒီကြေးနီတောင်က ဒီအတိုင်းဘဲ ဆိုရင် သေရင် ကိုယ့်နောက်ပါမှာလား .... ရှိတဲ့ ပစ္စည်းနဲ့ နိုင်ငံတော် လှပအောင် တည်မဆောက်သင့်ဘူးလား ... အခုလို မလုပ်ဘူးဆိုရင် ကိုယ်ပိုင် နည်းပညာရမှ လုပ်ရလိမ့်မယ် ... အဲ့ နည်းပညာကို ရဖို့ ထုတ်ယူနိုင်ဖို့ဆိုရင် မျိုးဆက် ဘယ်လောက်ထိ ဆုံးရှုံးပီးမှ ထုတ်နိုင်မှာလဲ ... ဒါကလည်း နိုင်ငံတော် တိုးတက်မှု နှောင့်နှေးစေတဲ့ တစ်စိတ် တစ်ပိုင်းပဲ ...

    ဒီကိစ္စကို ရပ်တန့် ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာ တစ်ခု ဆိုတာ မြင်ထားရမယ် ... စက်ရုံထွက် စွန့်ပစ် ပစ္စည်းကို ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဘယ်လို လုပ်သင့်လဲ ... အနီးနား ၀န်းကျင်က ရွာသူရွာသားတွေ အတွက် အကောင်းဆုံး နည်းလမ်း ဘယ်လိုလုပ်မလဲ ... ဒီကြေးနီထုတ်တာ တစ်ကမ္ဘာ လုံးမှာ မြန်မာတစ်နိုင်တည်း ထုတ်နေတာ မဟုတ်ဘူးဆိုတာ ထည့် စဉ်းစားရမယ် ...

    နောက်ဆုံး အနေနဲ့ ဗျာ အများကြီး တွေးပီး အကြံထုတ် ကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ပါပဲ ... အခုကျွန်တော်ပြောတာက ကျွန်တော့ အမြင်ပါ .... ဘယ်သူ့ကိုမှလည်း ထိခိုက်ပီးပြောနေတာမဟုတ်ဘူး .... ကျေးဇူးတင်ပါတယ် ...
  • Saw Thiri Nyo တချိန်တုံးက Vietnum တွေလိုစည်းလုံးဖို့လိုလာပြီ.....
  • Cho Tu Zal ရှယ်ပါတယ်
  • Khon Ja နိုင်ငံတော် မုဒိန်းကျင့်ခံလိုက်ရတဲ့ စီမံကိန်း။
  • Hla Myo Htun ဦးပိုင်က ခန့်ထားတဲ့ (၄)ဦး ဆိုတာ ဘယ်သူတွေဖြစ်မလဲ? အနည်းဆုံးတစ်ယောက်ကတော့ ဝမ်ပေါင် Wanbao Mining (Myanmar) Copper Co., ရဲ့ ဒုဥက္ကဋ္ဌ (သို့) မြန်မာဖက်က ဌာနေကိုယ်စားလှယ်များဖြစ်တယ်လို့ ရေးထားပါတယ်၊ အိမ်ရှင်နိုင်ငံကို ဂရုစိုက်တယ်ပေါ့လေ.... ကိုတရုတ်ကြီးတို့လုပ်ပုံ :-D http://en.norincogroup.com.cn/html/2012/socialresponsibility_0703/98.html
  • Wai Zin အစိုးရရောပြည်သူကို ပါ ခဲတလုံးနဲ့ ငှက် ၂ ကောင်ပစ်သွားတာများ။ (ကြိုက်တယ်ဗျာ)
  • Seaman Nayminthu တခါတည်း ခွင့်တောင်းပြီး ရှယ်ပါတယ်ဗျာ...
  • Than Naing ပြိုေ်တူတွန်းလျှေ် ရွှေ့နိုေ်ပါသည်
  • Htun Htun Oo ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။....
  • Pho Thar တကယ်တမ်း ဒီလို အထိကရုဏ်းဖြစ်တယ်ဆိုတာလည်း ....

    - ဥပဒေ ပုဒ်မ ထုတ်ထားပီးသား မလိုက်နာလို့ ဖြစ်တာ ... ဥပဒေ အထက်မှာ သပိတ်မှောက်သူတွေရှိခဲ့လို့ဖြစ်တာ

    - တိကျတဲ့ အဖြေ ဖျက်သိမ်းပါမယ်ဆိုတဲ့ အဖြေရမှ သပိတ်လှန်မယ် ဆိုတဲ့ အတွက်ကြောင့် ဒီကိစ္စက အခု ချက်ချင်းလုပ် အခု ဖျက်သိမ်းလို့မရဘူး ... ကလေးကစားစရာ မဟုတ်ဘူးဆိုတာ နားလည်ထားသင့်တယ် ...

    - သပိတ်ကို သပိတ်နဲ့ တူအောင် မှောက်တာလည်းလက်ခံပါတယ် ...

    - သေချာတာကတော့ ဥပဒေကို မထီမဲ့မြင် မလိုက်နာရင် ... ပြုလုပ်တဲ့သူက ခံရမှာပဲ ... အပြစ်ဆိုတာ ပေးခံရမှာပဲ ... ဒါလောက နိယာမပဲ ... ဒီလို မဖြစ်ချင်ရင် ဥပဒေကို လိုက်နာ

    - အထက်ကလည်း ဒီပြဿနာကို ဖြေရှင်းပေးပါ့မယ်လို့ ထုတ်ပြန်ချက်ပေးထားတာပဲ ... သတိပေးချက်တွေ အကြိမ်ကြိမ်ပေးခဲ့တာပဲ ...

    ဒါကို စောဒက တက်နေဖို့ မဟုတ်ဘူး ... ကောင်းအောင် ဘယ်လို ဆက်လုပ်မယ်ဆိုတာပါပဲ .....
  • Ma Tay Myinl ငါတို့ ထုတ်သော ငါတို့ ကို ကာကွယ်မယ့် ဥပဒေ ကို ငါတို့ ၏ နှိပ်စက်ခြင်းကို ခံနေရသော လူထုက မလိုက်နာသောကြောင့် လူထုတွင် အပြစ်ရှိတယ် . . . အဲ့လိုမျိုးလား ကိုဖိုးသား . . .
  • KhinKhin Htwe တိုင်းပြည်ကအခုမှအကါလအရေကြည်တည်တုန်းနုနလေးပါပြသာနာတွေထပ်ဖြစ်ရင်ဘယ်သူမှသည်းမင်္ခနိုင်ပဲပေါက်ကွဲကြရင်တေါကြောင်တွေလက်ခမောင်းခတ်မှာစိုးမိပါတယ်ထပ်ပြီး၈၈ကလိုမင်္ကြုချင်ပါဘူးအသက်ငယ်တဲ့ သူတွေဟါတခြားနိုင်င်္ငနဲ့ ရင်ဘေါင်တန်းရင်ပညာရေးနောက်ကျမှာစိုးပါတယ်သူတို့တွေပညာမတတ်လေတိုင်းပြည်င်္ညသထက်င်္ညသွါးမှာပါ
  • ပုဂံ ကွဲရှ ငရဲသားရေ အခုမှတွေ့ တယ် ကျေးဇူးဗျာ
  • သက်ဦး ပိုင် ဒီကောင်တွေ ဒါကို ကလပ်စတာဗုံးလို.လဲခေါ်မယ်ဆိုခေါ်လို.ရပါတယ်၊ သူက အရေပြားကိုထိတာနဲ.နောက်တနေ၇ာကိုပါ ချက်ခြင်းဆင်.ကဲ ပေါက်ကွဲတဲ.သဘောပဲ၊ဖယ်ထုတ်လို.မရဘူး၊ ရေပါလာတော.ပိုဆိုးတာပေါ.
  • ပုဂံ ကွဲရှ အင်း ကလပ်စတာသဘောမျိုးပဲ ဒါပေမယ့်ဒီကောင်က ကယ်မင်ကယ်ကလပ်စတာအစက်ပဲထိ လောင်သွားတယ်
  • Opposite Eye ရိုးရိုးလေးပဲ တွေးကြည့်ရင်တော့ လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ရှိတယ်။ အဆိုတင်သွင်းတဲ့ ပါတီကသွင်းတယ်။ ကာကွယ်ရေးဝန်ကြီးက ရှင်းတယ်။ လွှတ်တော်အဖွဲ့ဝင်တွေက သဘောတူတယ်။ ကော်မရှင်ဖွဲ့မယ်၊ စုံစမ်းမယ် လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ်။ ဒီစီမံကိန်းကို ဖျက်လို့မရဘူး။ နည်းလမ်းတစ်မျိုးနဲ့ ဖြေရှင်းကြမယ်လုပ်ကြတယ်။ သမ္မတရုံး ၀န်ကြီး အလွတ်သဘောလာတွေ့တယ်။ တာဝန်ရှိသူအားလုံး အတိုက်အခံကော၊ အတိုက်အခံ မဟုတ်သူတွေပါ သဘောတူပြီးမှ ဘာအဖွဲ့အစည်းမှ မဟုတ်သူတွေ ဆန္ဒပြကြတယ်။ ကန့်သတ်နယ်မြေမှာ လုပ်ချင်ရာတွေလုပ်တယ်။ ရဲက သုံးကြိမ် သတိပေးတယ်။ နောက်ဆုံး နှိမ်နှင်းရတယ်။ ဇာတ်လမ်းက ပြီးပြီ။ ဒီစီမံကိန်းက မြန်မာနိုင်ငံ အကျိုးအမြတ်ရှိတယ်ဆိုတာ အားလုံးလက်ခံရမယ့် ကိစ္စဖြစ်သွားပြီ။ ပြီးတာတွေ ပြီးပါစေတော့
  • Thu Ra opposite eye တော်လိုက်တာ။ ကတောက် ဒီလိုလူမျိုးတွေ ရှိနေရဲ့သားနဲ့ ဒီလူတွေကွာ ဒီလိုလုပ်ရပ်တွေ လုပ်ကြတယ်။ တကယ်ဆို ဒီလူတွေ opposite eye တို့လို ဒီလိုလူတွေဆီက အကြံလေး ဘာလေး အရင်တောင်းသင့်တာပေါ့။ အခုတော့ ဒီလူတွေက ဒီလိုလူတွေဆီကနေ ဒီလိုအကြံဥာဏ်တွေ မတောင်းတော့ အခုတော့ ဒီလိုတွေဖြစ်ကုန်ရပြီ။ ဒါနဲ့ စကားမစပ် opposite eyeရေ ရဲက နှိမ်နှင်းတဲ့ အချိန်က ဘာဖြစ်လို့ ည သန်းခေါင်ကျော် မနက် ၃ နာရီဖြစ်နေရတာလဲ။ လင်းလင်းချင်းချင်းမှ နှိမ်နှင်းလို့မရဘူးလား။ နောက်တစ်ခုက အဲလူတွေက အတိုက်အခံမဟုတ်တဲ့သူတွေဆိုတော့ ဘယ်သူတွေပါလိမ့်။ အဲဒါလေးတွေတော့ အဆင်ပြေရင် ဖြေပေးဗျာ။ ကျုပ်လဲ ရိုးရိုးလေးတွေးနေတာပဲ ဒါပေမဲ့ အဲဒီနေရာလေးတွေ မရှင်းဘူးဖြစ်နေတယ်။
  • Khin Mg Ye Sein လုံးဝ လုံးဝ ဖတ်သင့်ပါကြောင်း...
  • မင်း သူ တပ်မတော်က သူများဆီက ခယ အောက် ကျို့တယ် နည်းပညာယူတယ်ဆိုပါတော့. ဘယ်နှနှစ်စောင့်ရမှာ. ခုထိ မပြည့်ဝသေးဘူး လား :)
  • Hawdeka Khalaylay ကဲ သဘောပေါက်ပြီလား ပီကင်းတရုတ်ဟာ ဗမာ့မိတ်ဆွေ ဟုတ်မဟုတ် . .
  • Htuu Sann @Pho Thar, @ Opposite Eye===> အဲဒါနဲ့ပဲမီးလောင်တိုက်သွင်းပစ်လိုက်တယ်ပေါ့။ LOL!!! https://sphotos-b.xx.fbcdn.net/hphotos-ash3/178963_518369618180809_1981369413_n.jpg အဲဒီဘုန်းကြီးဟာ ခင်ဗျားတို့ရဲ့ညီအစ်ကိုတစ်ဝမ်းလောက်ကွဲလို့ ခင်ဗျားတို့အဲလိုမြင်ပေးရင် ခင်ဗျားတို့ကိုကျုပ်လာထိုင်ကန်တော့လိုက်မယ်။
  • Htuu Sann ဘဝဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာ သေကြရမည် မဟုတ်ပါလား
    ဒီယုတ်မာဆိုသွမ်းတဲ့ အာဏာရှင်တွေက ဦးဇင်းတို့ကို ဒီလိုလုပ်လိုက်တယ်
    အခုတော့ ဦးဇင်း ဘဝမျက်လုံးကန်းလေပြီ၊ တော်သေးတာပေါ့ မျက်လုံးတစ်ဖက်က မိခင် ဆွေမျိုး ဆရာသမားကို မြင်ခွင့်ရှိလို့၊ ရွာကလူတွေက ငါဒီလို မျက်ကန်းဖြစ်သွားတယ်ဆိုတာ ခုချိန်ထိ မသိကြသေးပါဘူး။ သ

ာသနာ့အတွက် သာသနာ့ဝန်ကိုထမ်းမယ်ဆိုပြီး ရဟန်းဝတ်ခဲ့တယ်။
    ကံမကောင်းအကြောင်းမသင့်လေတော့ ဦးဇင်းမွေးဖွားတဲ့တိုင်းပြည်မှာ အာဏာရှင်တွေကြီးစိုးတယ်။
    မရှိဆင်းရဲသားတွေကို နှိပ်ကွပ်တယ်၊ မရှိဆင်းရဲသားတွေရဲ့ ဆွမ်းကို ဦးဇင်းတို့က စားမိတော့ ဘာသာရေးကိုကျောခိုင်းကာ မရှိဆင်းရဲသားတွေဘက်က ရပ်တည်ပေးခဲ့တယ်။
    ဒါပေမယ့် ဦးဇင်းတို့မှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါပါဘူး။
    ပထမရည်ရွယ်ချက်က တိပိဋကစာပေတွေကို သင်ယူပြီး မျက်လုံးအကန်းခံမည်။
    ဘာသာရေးမှာ ဘဝကို မြှပ်နှံမည်၊ အခုတော့ တိပိဋက စာပေတွေကောင်းကောင်းမတက်ခင်မှာ
    မျက်လုံးတစ်ဖက် ကန်းရလေပြီ၊ ဒီလို အများအကျိုးဆောင်ရွက်ရင် ဒီလိုအနှိပ်စက်ခံရသလား၊
    ဒါမှ မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းတွေ ကျိန်စာသင့်လေသလား၊ မြန်မာနိုင်ငံမှာ လူသန်း ၆၀ကျော်ရှိတယ်လို့ ဖတ်ဖူးတယ်။
    ရဟန်း သာမဏေ ဆယ်သိန်းခန့်ရှိတယ်လို့ ဖတ်ဖူးတယ်။
    သန်း၆၀သောလူတွေ အခုကြေးနီးစီမံကိန်းမှာ ပါဝင်တဲ့ လူပေါင်းတစ်ထောင်မပြည့်ပါဘူး။
    ရဟန်းသာမဏေက ဆယ်သိန်းရှိပေမယ့် အနည်းဆုံး သုံးရာကျော်ပါဝင်တယ်။
    လူပမာဏနှင့်ယှဉ်ရင် ရဟန်းတွေက များနေတယ်လို့ ဆိုလိုချင်တယ်။
    ဒီအရေးတော်ပုံကြီး အောင်မြင်ခဲ့ရင် ဦးဇင်းတို့က ဘာမှ ခံစားခွင့်မရှိတာသေချာပါတယ်။
    ဒါပေမယ့် လူတွေကတော့ ခေတ်တစ်ခေတ်မှာ ဒီလိုပွဲတွေကြုံတိုင်းခေါင်းတွေပေါ်ပေါက်ခဲ့တယ်။ လူသူရဲကောင်းကြီးတွေပေါ့။
    ဦးဇင်းတို့ရဲ့ ဘဝ ပေးဆပ်မှု့သက်သက်ပါ။
    ဒီအရေးတော်ပုံမှာ ပြည်သူတွေက ခေါင်းဆောင်ကြီးတွေ ဝန်ကြီးတွေမဖြစ်ချင်နေပါ။
    ပြည်သူတွေ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရင်ကျေနပ်ပါပြီ။
    အရေးတော်ပုံဖြစ်တိုင်း သေရေးရှင်ရေးဖြစ်တိုင်း ဘယ်သူဌေး ဘယ်သူကြွယ် ကုလား တရုပ်တွေပါဝင်လေ့မရှိပါဘူး။ မှန်ပါတယ်။ လူဆိုတာ ကိုယ့်ကြီးပွားမဲ့လမ်း အတားဆီးဖြစ်စေမယ့်၊ အလုပ် ဘယ်လုပ်ရဲပါ့မလဲ။ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ မြန်မာနိုင်ငံဘုန်းကြီးဖြစ်နေတာ ဘယ်လောက်ပဲ စွန့်လွတ် စွန့်လွတ်၊ ဘယ်လောက်ပဲ ဒဏ်ရာရရ၊ အချိန်တန်ရင် ကိုယ်သွားရမယ့်လမ်းကိုသိပြီးသားပါ။
    ဒါပေမယ့် ဦးဇင်းကတော့ ဆွမ်းတနပ်စာအတွက် သန်း၆၀သော လူထုအတွက် ဦးဇင်းမျက်လုံးတစ်ဖက်ကို ပေးဆပ်လိုက်ပြီ။
    သန်း ၆၀သောလူထုကလည်း ဦးဇင်းလိုပေးဆပ်ဖို့ ကြောက်နေမယ်ဆိုရင် နောင်မှာ စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ ခင်ဗျားဘဝတစ်ခုအတွက်တော့ လွတ်ချင်လွတ်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့ သားသမီး နောင်လာမည့် မျိုးဆက်အတွက် ဘယ်တော့မှ လွတ်မှာမဟုတ်။ အဲဒါကြောင့် နောင်လာမည့် မျိုးဆက် အနာဂါတ်လူငယ်တွေအတွက် ဖခင်တွေ မိခင်တွေ အကိုတွေ ညီတွေ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို တွန်လှန်တော်လှန်ကြပါစို့လို့ ဦးဇင်းက တိုက်တွန်းလိုက်ပါတယ်။
    (မျက်လုံး တစ်ဖက်ပျက်စီးသွားသောရဟန်းရဲ့ကိုယ်စား ခံစားချက်ကို မျှဝေလိုက်ပါတယ်)
    ထောက်စူး
  • Myo Si Thu share ပါတယ်ဗျာ။ ဒီသတင်းတွေ ဖတ် ရတာ ကိုယ့် နိုင် ငံအတွက် စိုးရိမ်စရာပါ။ ကိုဖိုးသားရေ... နိုင် ငံမှာ စစ်အင် အား အ ရေးကြီးတယ် ဆိုတာ လက်ခံပါတယ်။ ကိုယ့်  သယံဇာတ တွေ ထုတ်ရောင်း။ လက်နက်တွေ ဝယ် ဆိုတာက တော့ မဟုတ်သေးဘူးထင် ပါတယ်။ သယံဇာတ ဆိုတာ တစ်နေ့ ကုန်သွားမှာပါ။ စစ် လက် နက် တွေ ဆိုတာ ဝယ်ပြီး တာနဲ့ အသုံးစရိတ် မီတာ တက် နေမှာပါ။ စစ် အစိုးရက တိုင်ပြည် ရှိတာ ထုတ်ရောင်းပြီး စီးပွားရေး မလုပ်တတ်လို့ ကိုယ်တို့ တိုင်းပြည် ဆင်းရဲ တာပါ။ တရုတ် က အပြစ် မရှိပါ။ သူ့ အလုပ်သူ လုပ်တာပါ။ ရေ နွေးငွေ့ မီးရထား စက်ခေါင်း အ ဟောင်း နဲ့ တရုတ်လုပ် ရထား အသစ် အစုတ်ပလုပ် တွေ သွား လဲ လာတာ ဘယ် သူပိုမြတ် သွားသလဲ။ ဒီလိုပဲ တခြား အလုပ် တွေ မှာလဲ ကျွန်တော်တို့ ဘယ်လောက် ရှုံးခဲ့ ပြီလဲ။ နောက်ထပ် ဘယ်လောက် ရှုံးဦးမှာလဲ။်
  • Myo Si Thu opposite eye ရေ။ မီးသတ်ပိုက် နဲ့ ရေစိုအောင် လုပ်ပြီး ရေနဲ့ ဓါတ်ပြုရင် မီးလောင် တဲ့ ဗုံး နဲ့ ပစ် တယ် ဆိုတော့ လုပ်ပုံက သ်သာပါတယ်။ ရည် ရွယ်ချက် တခုခုတော့ ရှိရမယ်။ ပြီးတော့ ည အချိန်မ တော်။ ဒီပြဿနာက အစိုးရမှာ အခက် အခဲ ရှိမှာ ဖြစ်ပေမယ့် ကိုယ့်ပြည်သူ နစ် နာအောင် မလုပ်သင့် ပါဘူး။ တခြားနည်းလမ်း တော့ ရှိမှာပါ။
  • Avvar Znaka ပြောမနေပါနဲ့ ဗျာ ခွေးနောက်လိုက်က ခွေးစကား ပဲထွက်မှာပေါ့။။ခွေးလောက်ပဲ အသိညဏ် ရှိ တာပဲ။။ဒီလိုချိန်မှာ ဒီပြသနာကို ဒီလိုဖြေရှင်းတယ်ဆိုတာ လူစိတ် မရှိတဲ့ ကောင်တွေမို့ လုပ်တာပေါ့။။
  • U Myint Wai နည်းပညာ မပီသသော အရေးအခင်း နှိမ်နှင်းမှု အား ဖေါ်ထုပ်အရေးယူသင့်သည်၊ မည်သူ့တွင် တာဝန် ရှိသနည်း။



    အလွန်တရာမှ နှိပ်ကျလှသော ဤအပြုအမူမျိုး လုံးဝမလုပ်သင့်တော့ပေ။
  • Maung Myint အခုလိုရှာဖွေပြီးတင်လာလို့.ကျေးဇူးအထူးတင်ပါတယ်။ရှယ်လိုက်တယ်ဗျာ။
  • Ko Ko Naing I like the presentation and appreciation, so I share it.
  • Nang Aung Htwe Kyi ကောင်း လိုက်တဲ့ အထောက်အထားနဲ့ တင်ပြချက်။
  • Nay Su Kyal ကိုယ့်တိုင်းပြည်မှာ ပညာရှင်တွေအများကြီးရှိတယ်.
    ရှိတဲ့ပညာရှင်တွေကြတော့ အလေးမပေးဘူး
    ရှိသမျှပညာတတ်တွေအကုန်လုံးသူများနိုင်ငံမှာ
    ကိုယ့်နိုင်ငံအတွက်လိုအပ်လာတော့ သူများအားကိုး
    သူများအားကိုးတော့ မလိုလားအပ်တဲ့အရာတွေဖြစ်
    ဖင်မနိုင်ပဲ ပဲဟင်းစား နေတယ်
    မင်းတို့မတတ်နိုင်ရင် တတ်နိုင်တဲ့သူတွေအများကြီးရှိတယ်
    လုပ်နိုင်တဲ့သူတွေအများကြီးရှိတယ်
    မင်းတို့ကအရာရာကိုအာဏာအားကိုးလို့မရဘူး
    ပညာပါတတ်ဖို့လိုတယ်
    စဉ်းစားညဏ်လိုတယ်
    မင်းတို့လုပ်နေတာတွေ တခုမှာဟုတ်တယ်ဆိုတာငါမတွေ့ရဘူး
    မင်းတို့မရှက်ဘူးလား
    လူပိန်းတွေ..
  • Jade Zorrow မင်းတို့အားလုံးသိထားရမှာက မင်းတို့ထက်နားလည်လို့ မင်းတို့ထက်သိလို့ နှစ်ပေါင်း ဘယ်လောက် ရှိပြီလဲတိုင်းပြည်ကိုအုပ်ချုပ်လာတာ ။ဟာသ တွေမ ပြောရဘူး
  • K Ki Ki လူမသိ သူမသိ တိတ်တိတ်ပုန်း ကုပ်ကမြင်းခဲ့ကြပြီး၊ ခုတော့ မရှူနိုင် မကယ်နိုင် ...ကိုဝင်းကြည် ကြီးကြောင့် ဒီကလေး ဘယ်လို လုပ်ကြမတုံး.. ဖျက်ချရလည်း အခက်.. မွေးထုတ်ရလဲ အခက် .. မွေးပြီးရင်လည်း တသက်လုံး လုပ်ကျွေးနေရအုံးမဲ့ ကိန်းပါလား....
    ( ဒီလိုပဲ နှိုင်းလိုက်ချင်ပါသည်... ရိုင်းသွားလျှင် တောင်းပန်ပါသည် ..)
  • Dinay Oo ကိုယ့်ကိုယ်ကို ဖားသူငယ်ဆိုတာ သိလိုက်ရတယ်
  • Lu Cifer လက်ပန်းတောင်းတောင်ကိစ္စဟာ အရပ်သားအမည်ခံ စစ်အာဏာရှင်အစိုးရရဲ့ မျက်နှာဖုံးကိုဆွဲချွတ်ရတဲ့ကိစ္စပါ၊ ဆွဲအားနဲ့ တွန်းအား နှစ်ခုစလုံးတွေ့နေရပါတယ်၊
    ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ပြည်သူတွေရဲ့သတ္တိကို လေးစားပါတယ်၊
    မပြီးသေးဘူးဆိုတာ ယုံကြည်ပါတယ်။
  • Ma Yu K Ki Ki ပြောတာအရမ်းမိုက်တယ် Right!
  • Thinn Thinn Nu Pho Thar နှင့်opposite eye ကို ရွံမိပါသည်။
  • May Thingyan Hein ရှယ်ပါတယ်ရှင်။
  • Zillionmoe Myint ဖိုးသားရေသန်းရေ
  • Ma Shwe Kyi ကဲ့
  • Opposite Eye ဒီနေ့သတင်းစာမှာ လက်တွေ့ကုရတဲ့ ဆရာဝန်ကြီးတွေက ရှင်းပြပြီးသားပါ။ ဖြစ်စဉ် မဖြစ်ခင် ဓာတ်ပုံတွေကိုလည်း သေချာကြည့်ပါ။ အပူလောင်တာ ဘယ်လောက်ခံရဆိုးတယ်ဆိုတာ သိတာပေါ့ဗျာ။ ဒါပေမယ့် ဆန္ဒပြတဲ့သူက ပြတယ်။ နှိမ်နှင်းတဲ့သူက နှိမ်နှင်းတယ်။ ပါတီတွေ၊ အဖွဲ့အစည်းတွေက ဘာမှ မလုပ်ပဲ ဘုန်းကြီးတွေကို ရှေ့တန်းတင်တယ်။ မန္တလေးမှာ ထပ်လုပ်တာကို ကြည့်။ ဘုန်းကြီးက ၁၃၀၊ ဘေးမှာ ဒေါင်းအလံလေးထောင်ပြီး ၁၀ ယောက်လောက်ပါတယ်။ အခု google search မှာ ဘုန်းကြီးတွေ ၅ ပါးလောက် စုပြီး တရားထိုင်နေတဲ့ပုံ ၅ ပုံလောက် ရအောင်ရှာကြည့် ခင်ဗျားတို့ တွေ့မှာ မဟုတ်ဘူး။ ဘုန်းကြီး ၁၀၀ လောက်ဆူပူနေတဲ့ပုံ ရှာ ချက်ချင်းတွေ့လိမ့်မယ်။ ကိုယ့်နိုင်ငံ ကိုယ်မဖျက်ကြပါနဲ့။ ကျွန်တော်တို့ ရေးတာ ရှင်းရှင်းလေး၊ ကိုယ့်အလုပ်ကိုယ် လုပ်ဖို့ပဲ ပြောတာပါ။ ဘာလို့ ဘုန်းကြီးတွေကြီးပဲ မီးလောင်ရလဲ ဆိုတာ မစဉ်းစားကြတော့ဘူးလား။ ဖြစ်စဉ်တစ်လျှောက်လုံး မြှောက်ပေးနေတဲ့သူတွေ အသံတစ်သံတောင် မထွက်ကြတော့ဘူး။ ဒါတွေကို မြင်အောင် အမုန်းခံ ပြောပေးတာ။ ခင်ဗျားတို့ ဆဲချင်သလောက်ဆဲ။ ဒါက ပြဿနာ မဟုတ်ဘူး။ ကမ္ဘာကလူတွေ အတုံးလေးတွေပဲ မြင်ရတာ။ ပုံရိပ်တွေ၊ ဓာတ်ပုံတွေက မြန်မာနိုင်ငံကို သိက္ခာပိုပြီး ကျစေတာ။ ဒါကို နားလည်စေချင်ပါတယ်။
  • Ayeyarwadee Khine ဒီဖြစ်စဉ်ကတော့ ပြုသူဂျိုးကပ်မဲ့ကိစ္စမို့ မဆွေးနွေးတော့ပါဘူး။ ဒါပေမဲ့ဒီလက်ပန်းတောင်ကိစ္စက လူတွေ၊ ဘုန်းကြီးတွေ ဆူခြင်လွန်းလို့ ထဆူတာမဟုတ်။ လူလိုသိတဲ့၊ လူတိုင်းထောက်ခံတဲ့ဆန္ဒပြမှူ့ ။ ဒါမဖြစ်စေချင်ရင်ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုတ်နှံမှု တွေနဲ့ လူ(လူ) လိုရှင်းပြ၊ လူလိုလုပ်၊ ကိုယ်လုပ်ချင်တာကိုယ်လုပ်ပြီး နို်ငံတော်အတွက်စီမံကိန်းလို့ ရောမချနဲ့ ။ ဦးပိုင်ကနိုင်ငံတော်မဟုတ်။ ပြီးတော့နေ့ စဉ်သတင်းစာတွေကအာဘော်တွေမျိုး ပါတီတွေကသွေးထိုးလို့ တို့ ဘာတို့ လာမပြောနဲ့ ။ ဘာကြောင့်ချက်ချင်းဖြေရှင်းရသလဲ။ ဒေါ်စု၂၉ ရက်သွာမယ်ဆိုတာသိသိနဲ့ အတင်းထလုပ်ရလောက်အောင်ဘယ်မအေ့လင်တွေကဖိအားပေးသလဲ။ ဒါကအရေးကြီးတဲ့မေးခွန်း။ ဖြေနိုင်ရင်ဖြေ။
  • Ayeyarwadee Khine google search မှာ ဘုန်းကြီးတွေ ၅ ပါးလောက် စုပြီး တရားထိုင်နေတဲ့ပုံ ၅ ပုံလောက် ရအောင်ရှာကြည့် ခင်ဗျားတို့ တွေ့မှာ မဟုတ်ဘူး။ ဆိုလို့ ရှာကြည့်တာ..အထက်ကအတိုင်းဘဲတွေ့ တယ်..ကိုယ့်စကားနွားရရမ်းရမ်းမပြောနဲ့ ....
  • Little Attentäter ဒီသတင်းကို တခါဖော်ပြတာတွေ့ဖူးပါတယ်။ ဒေသခံပြည်သူတွေကို မျှမျှတတဖြစ်အောင်လုပ်ပေးလိုက်ပါ။ သဘာဝပတ်ဝန်းကျင်ကို ပြန်ထိမ်းသိမ်းပေးလိုက်..ဒီစီမံကိန်းကို ဆက်လုပ်...ဒီလိုမျိုး စစ်လက်နက်ပစ္စည်းတွေ ပိုဝယ်နိုင်ပါစေ။ အားလုံး အဆင်ပြေတယ်။ ဘယ်လောက်ကောင်းလိုက်မလဲ...
  • Saw Chit Thi Ha တရုပ်လက်အောက်ရောက်အောင်မလုပ်ကြပါနဲ့ မရရအောင်တားစီးပေးကြပါ တရုပ်ကညစ်ပတ်တယ် တရုပ်ကိုအားပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာမနေကြပါနဲ့လားဗျာ ကိုယ့်မထိရင်ပြီးရောလား ကိုယ့်လူမျိုးမှမချစ်တတ်ရင် ခေါင်းဆောင်နေရာမှာမနေသင့်ဘူးဗျာ
  • Saw Chit Thi Ha ပြင်ပအားကိုးပုဆိန်ရိုးဆိုဗျာ မြန်မာနှိုင်ငံထဲတောင် ကျွန်အဖြစ်မခံချင်ကြစမ်းနဲ့ဗျာ ပြည်သူကို ချစ်ခင်သနားတတ်မှ မင်းလက္ခဏာရှိပါတယ် ပြည်သကမှမကြိုက်တဲ့ဟာကိုဆက်လုပ်တယ်ဆို၇င် ဘယ်လိုမင်းမျိုးဖြစ်မလဲဆိုတာ နှဖူးပေါ်လက်တင် စဉ်းစားစရာတောင်မလိုဘူး
  • Myint Thein Opposite Eye, kindly let you know, we ( including Thu ra) are waiting for your explaination regarding " ရဲက နှိမ်နှင်းတဲ့ အချိန်က ဘာဖြစ်လို့ ည သန်းခေါင်ကျော် မနက် ၃ နာရီဖြစ်နေရတာလဲ။ လင်းလင်းချင်းချင်းမှ နှိမ်နှင်းလို့မရဘူးလား။". Or Access Denied ? Or Squre root of minus one ?
  • မင်း သူ Opposite eye. ဖြစ်စဉ်တခုလုံးမြှောက်ပေးတယ်. လို့ပြောရအောင်. ကဲ. ဟုတ်ပြီ သံဃာတော်တွေကစာမတ်ပေမတတ် အလေ နတ်တွေ လို့ သွယ်ဝိုက်ပြီးပြောလိုက်တလား. မန်းလေးသံဃာထုကြီးကို. စော်ကားလိုက်တာဘဲ သံဃာတော်ဆိုတာသာမန်လူထက်စာပေကျမ်းဂန်တွေ. လေ့လာစည်းပူးနေတာမဟုတ်လား. ပထက်ကရှူးတိုက်ပေးတိုင်း. ကိုက်တာ ဘယ်သူတွေလဲ. မင်းတို့ဒီတခေါက်ဝါဒဖြန့်ပုံကကလေး. အထာကြီးဖြစ်နေတယ်. ဘုန်းကြီးဆိုတာ သူတပါးမြှောက်ပေးတိုင်း. က. လား မက လား ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ပါ တယ် ။
  • မင်း သူ Opposite eye. ဖြစ်စဉ်တခုလုံးမြှောက်ပေးတယ်. လို့ပြောရအောင်. ကဲ. ဟုတ်ပြီ သံဃာတော်တွေကစာမတ်ပေမတတ် အလေ နတ်တောတွေလို့သွယ်ဝိုက်ပြီးပြောလိုက်တာလား??. မန်းလေးသံဃာထုကြီးကို. စော်ကားလိုက်တာဘဲ သံဃာတော်ဆိုတာသာမန်လူထက်စာပေကျမ်းဂန်တွေ. လေ့လာစည်းပူးနေတာမဟုတ်လား. အထက်ကရှူးတိုက်ပေးရင်လိုက်ကိုက်တာ ဘယ်သူတွေလဲ. ??မင်းတို့ဒီတခေါက်ဝါဒဖြန့်ပုံကကလေး. အထာကြီးဖြစ်နေတယ်. ။ဘုန်းကြီးဆိုတာ သူတပါးမြှောက်ပေးတိုင်း. က. လား မက လား ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ပါ တယ် ။
  • Ko Naing ပွင့်လင်းမြင်သာမူ၇ှိဖို့ လိုပါတယ်...ဒီလို ပွင့် လင်းမြင်သာမူ၇ှိလာတာနဲ့ အမျှ ဒီလိုပြသနာတွေကလာအုံးမှာပါ...ဘာလို့ လဲဆိုတော့ လုပ်ချင်းတိုင်းလုပ်ပြီးခိုးချင်တိုင်းခိုးခဲ့ သော သခိုးအစိုး၇ ၇ဲ့ ပြသနာတွေက ၇ှိအုံးမှာပါ..ခုဖြစ်သောပြသနာတွင် ထိခိုက်ခံစားခဲ့ ၇သော၇ဟန်း၇ှင်လူအများအားလဲ ဦးညွှတ်ပါသည်...အလောင်ကျွမ်းခံလိုက်၇သောအလင်းေ၇ာင်ပေးသည့် ဖေ၇ာင်းတိုင်လေးများကဲ့ သို့  တိုင်းပြည်အတွက် အလောင်ကျွမ်းခံကာ အလင်းေ၇ာင်ပေးခဲ့ သော ကျေးဇူးအား အသိအမှတ်ပြု့ ပါ၇စေ သူ၇ဲကောင်းများခင်ဗျား...လေးစားလျှက်
  • Nga Gyi သီပေါမျိုးကွ
  • Nga Gyi ပါတော်မူတဲ့အချိန်မင်းတို့မငိုကြနဲ့နော်
  • Ko Raju I want to see how they solve this problem to get Win / Win to both side.
  • Slai Yoton to be think to future of our state.Both side were be true.
  • Mg Mae Mae ကျေးဇူးတင်တယ်ဗျာ
  • John Htet ကဲ opposite eye ရေ ayeyarwdee khineပြောတဲ့ link လေးကိုဖွင့်ကြည့်လိုက်ပါ။ ခင်ဗျားပြောတာတွေက အမှားတွေချည်းပဲဆိုတာ ကိုယ့်ကိုကိုယ်နားလည်သွားလိမ့်မယ်။ ကြည့်ရတာ ခင်ဗျားက ဘာသာခြားနေမယ်။
  • Hlamin Sein opposite eye ခင်ဗျားက ဘာသာခြား
    နေတော့ ဘုန်းကြီးတပါးရဲ့တန်ဖိုးလည်း
    မသိဘူး ပြောခြင်တဲ့ဟာကို အများက
    လက်ခံပါ့မလားဆိုတာ ကြိုတင်တွေးဆ
    ရေးရတယ်။
  • Nay Aung ရှယ်သွားပြီ ကျေးဇူးဘဲ....
  • Myat Myat Chit Yes we need to share..
  • Ven Khe The World Street Journal လင့်တော့လစ်သွားပြီ :D
  • Aung Tha Pyenaing ထင်းစည်းပုံပြင်လိုပဲ.မြန်မာလူမျိုးတိုင်းစည်းလုံးသင့်ပါတယ်..မစည်းလုံးခဲ့ကြလို့.အခုလိုဖြစ်နေရတာ..ပြောရင်ကုန်နိုင်မယ်မထင်ပါဘူး..........အားလုံးလည်းသိကြမှာပါ..........ကိုယ့်သမိုင်းကိုကိုယ်ပဲရေးကြပါသည်.........လူ့ဘ၀တခဏလေးမှာ........ကောင်းတာလေးတွေလုပ်နိုင်ကြပါစေ...........
  • Than Aung မတရားခံနေရတာ ဒီထက်အများကြီးပါ၊
  • Khinmg Htwe just remember , when you think all is loss future remain...we no need always loss.you know ma sa la do pain full feeling 50 year ....
  • Wai Zin Oo ကိုယ်လုပ်ကိုယ်ခံနော် ရဲမင်းကြီးအသိသတိရှိပါ
  • Pa Yit ဦးသိန်းစိန်အကျဉ်းအကြပ်ထဲကျနိုင်တဲ့အနေအထားကိုနားလည်ပါတယ်..၊
    ဆက်ပြီးလဲကျဦးမှာပဲ.
    .လောင်းရဲလား..၊

    ဒီပြသနာမဟုတ်လဲနောက်ပြသနာနဲ့ထပ်ခံရနိုင်တယ်..၊

    ဘာလို့လဲသိလား....

    မပြတ်သားလို့.
    ၊ရှေ့ကသွားလေသူကိုကာကွယ်ပေးနေသလို၊
    အနားကအစွယ်နဲ့သူတွေကိုလဲမရှင်းနိုင်သေးဘူး..
    ၊နောက်ပြန်ဆွဲနေတဲ့သူတွေကိုလဲအားနာနေသလိုပဲ..၊
    တိုင်းပြည်ချောက်ထဲကျမှာဆိုးလို့ကယ်ချင်တဲ့သူတွေကိုလဲ..အိုဘားမားပြောသလိုကြဇာလွှမ်းမိုးဖို့ဆိုတာဝေလာဝေး....၊
    တရုတ်ကလဲအဆီကြီးပဲမျိုထားလို့..
    အရိုးနည်းနည်းပါရင်တောင်အမျက်တော်ရှမှာစိုးတယ်.။
    သမ္မတကြီးရိုးသားတယ်ဆိုတာမှန်တယ်၊
    ကင်းတယ်ဆိုတာလဲမှန်တယ်..လက်ခံတယ်၊
    ဒါပေမဲ့ မကြောက်နဲ့လေ..၊
    ရှင်းတယ်နော်ပြောတာ၊ ....
    ဦးသိန်းစိန်တိုင်းပြည်အတွက်တကယ်လုပ်တယ်ဆိုရင်...
    တိုင်းပြည်အတွက်တကယ်အကျိုးရှိပုံစံမျိုးအခြေခံဥပဒေကိုတကယ်ပြင်ရတော့မယ်..၊
    ဥပမာဗျာ-တိုင်းပြည်အတွက်ပြည်သူအတွက်အကျိုးရှိမရှိ..ပုဒ်မ ၄၄၅ ကိုဒီလိုပြင်တာကိုပြည်သူကလက်ခံမလက်ခံ ဆန္ဒကောက်ကြည့်မယ်လေဒါဆိုရင်.....................
    ဘာဖြစ်လာမယ်လို့ထင်လဲ?

    (“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ယခင် နယက အစိုးရ ၏ဆောင်ရွက်ချက်များကိုဆက်ခံသည့်အတွက်နယကအစိုးရဆောင်ရွက်ချက်များကြောင့်ဖြစ်ပေါ်လာသောပြသနာများကိုပြည်သူလူထုကျေနပ်သည်အထိဖြေရှင်းပေးရန်တာဝန်ရှိ သကဲ့သို့၊ နယကမှ ဆောရွက်ခဲ့သည့်ပြည်သူ့အကျိုးစီးပွားထိခိုက်စေသည့်..တစ်ခြားနိုင်ငံများ၏အကျိုးစီးပွားသက်သက်ကိုသာရည်ရွယ်သည့်လုပ်ငန်း၊စီမံကိန်းများအား..မိနိုင်ငံနှင့်ပြည်သူအတွက်အကျိုးယုတ်စေမည်ဟုယူဆပါက ပြန်လည်စိစစ်ဖျက်သိမ်းပြီး..ထိုစဉ်ကသက်ဆိုင်ရာတာဝန်ရှိသူးများအားစုံစမ်းစိစစ်ဖေါ်ထုတ်အရေးယူဆောင်ရွက်ပိုင်ခွင့်ရှိသည်”).................

    ဒါဆိုရင်မပြတ်ဘူးလား..
    ပြသနာဖြစ်လာရင်..သွားလေသူတွေကိုခေါ်စစ်ပြီး..တာဝန်ရှိသူတွေကိုသမလိုက်ရုံပဲလေ..

    .နောက်မို့ဆိုရင်သမ္မတသက်တမ်း..၅ နှစ်လုံးလုံးပြသနာတွေရှင်းနေတာနဲ့ပြီးသွားမယ်နော်..၊

    ခင်ဗျားတို့ရေးသလို..သမ္မတကိုကိုမနာလိုတဲ့သူပဲရှိရှိ၊ပြသနာဘယ်သူပဲရှာတာပဲဖြစ်ဖြစ်၊
    အကြပ်အတည်းတွ့အောင်လုပ်တာပဲပြောပြော..၊ခင်ဗျားတို့ပြောသလိုဖြုတ်ချဖို့ကြိုးစားနေတယ်ပဲပြောပြောဗျာ
    အရင်လူတွေကိုကာကွယ်မပေးနဲ့ပေါ့ဗျ..ရှင်းနေတာပဲ..တကယ်လဲမဟုတ်တာလုပ်ထားကြတာပဲ..၊

    ဖြစ်နေတဲ့ပြသနာတိုင်းရဲ့အရင်းခံက..အရင်ပုဂ္ဂိုလ်တွေပေါက်လွတ်ပေးစားလုပ်ထားတာတွေကြောင့်ပဲမဟုတ်ဘူးလား..
    အဲဒါကိုဘာလို့အမြစ်လှန်ပြီးမရှင်းရဲရတာလဲ..၊
    အရင်ကလုပ်ခဲ့တာ၊အရင်ကလုပ်ခဲ့တာဆိုပြီး ရှောင်လို့မရဘူးလေ..
    အခြေခံဥပဒေမှာကိုကဆက်ခံတယ်ဆိုပြီးတော့..၊

    အဲဒါကြောင့်သွားတဲ့လမ်းကနှစ်ခွဖြစ်နေတယ်..၊
    ဆန့်ကျင်ဘက်လမ်းနှစ်ခွကိုပြိုင်သွားလို့မရဘူးဗျ..
    ခင်ဗျားတို့ရဲ့သမ္မတကြီးကိုကာကွယ်ချင်တဲ့စိတ်ကိုနားလည်တယ်..၊
    ဒါပေမဲ့သမ္မတကြီး..မပြတ်သားရင်..သူ့ကိုဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး...၊သူညံ့ရင်သူခံပဲလေ..၊

    အခုဖြစ်နေတဲ့ပုံစံကိုက..."သွားလေသူကြီးများရဲ့ ပေါက်လွပ်ပဲစားလုပ်ထားတာတွေကိုအသေအကြေဖုံးကွယ်၊ကာကွယ်ရင်း..ဒီမိုကရေစီဖေါ်ဆောင်ရန်..." ဆိုတော့.....

    ဆန့်ကျင်ဘက်ပြေးနေတဲ့ကားတစ်စီးစီပေါ်ကို...ခြေတစ်ဖက်စီခွတင်ပြီးတက်စီးမိသလိုပဲ..
    အဲဒီတော့........ပြဲရော...ပြဲရော...
  • EI Pomp Pomp >> Nay Su Kyal....အရမ်းမှန်ပါတယ်.. ရှိနေသောပညာတတ် တွေကို မြောင်း ထဲ ပို့  ပြီး ခုမှ ....
  • EI Pomp Pomp ပရစ် ကြီး တော် တယ် ဟာ... လေးစားပါတယ်...
  • Khin Nwe Aye Oppositeye, didn't you read what the monk who lost an eye during the attack say? He had to get involved because he's already eate "soon" offered by the poor Burmese. And these monks weren't engaged in destructive acts, they just chanted "metta sutra" and offer "metta" to all beings. When the brutal attack took place, the monks and other peaceful protesters were already asleep. Who wouldn't at 3 a.m.? And these "law and security forces" (are they real police, or are they "soon ar shin" dressed in police uniforms, or are they ex-soldiers??) made a sneak attack on those sleeping people. Now I wonder whether they purposely used water cannon first, before launching the fire bombs (I call them "fire bombs" because no one can say exactly what these infernal devices are) so that fire would spread on anybody or clothes soaked with water. I'm thankful that I live in a country with those revered monks learning their pitaka and the principles and practice of vipassana, and handing down those teachings to us all through these years. Oppositeye is certainly not from other religion, he's probably one of the sons of top officials in the Burmese Armed Forces now studying in Russia.
  • Thu Ra opposite eye "ကိုယ့်နိုင်ငံ ကိုယ်မဖျက်ကြပါနဲ့။ ကျွန်တော်တို့ ရေးတာ ရှင်းရှင်းလေး၊ ကိုယ့်အလုပ်ကိုယ် လုပ်ဖို့ပဲ ပြောတာပါ။" ကိုယ့်နိုင်ငံ ကိုယ်ဖျက်တယ်တဲ့ ဒွတ်ခ ကိုယ့်နေတဲ့ နိုင်ငံ ကိုယ်ဖျက်ရအောင် ကျုပ်တို့က ကျုပ်တို့ နိုင်ငံမြေ တစ်လက်မကို အဘယ်မည်သော ပြည်ပနိုင်ငံ တစ်နိုင်ငံကို ရောင်းစားဖူးလဲ။ ကျုပ်တို့နေတဲ့ တိုင်းပြည်ကထွက်တဲ့ သယံဇာတ ကို အဘယ်မည်သော ပြည်ပနိုင်ငံတစ်နိုင်ငံကို ရောင်းစားဖူးလဲ။ ရောင်းစားပါလို့ပြောဖူးလဲ။ ရောင်းချင်တိုင်းေ၇ာင်း စားချင်တိုင်းစားနေတာ ဘယ်သူတွေလဲ။ ကျုပ်တို့ ပြည်သူတွေလား? ခင်ညားတို့ ရေးတာ ရှင်းရှင်းလေးဆို ကျုပ်မေးထားတာလဲ ရှင်းရှင်းလေး ခင်ညားတို့က အများကြီး ကျုပ်က တစ်ယောက်တည်း ကဲ ဖြေစမ်းပါဦးလေ။ ကျုပ်မေးထားတာလေး။ နောက်တစ်ခု ကိုယ့်အလုပ် ကိုယ်လုပ်ကြပါတဲ့။ ခင်ညားတို့မို့ အရှက်မရှိ အဲဒီစကား ပြောထွက်တယ်။ အနှစ် ၂၀ လုံးလုံး ကိုယ့်အလုပ်မလုပ်ပဲ ကိုယ့်နဲ့ လားလားမှ မဆိုင်တာ ဝင်လုပ်နေတာ ဘယ်သူတွေလဲ။ အဲဒီလိုပြောတော့ တပ်ထဲက မဆီမဆိုင် အေးအေးနေတဲ့သူတွေပါ ခလုတ်တိုက်ခံရတယ်။ နောက်ပြီးခင်ညားပြောသလို ပြီးတာတွေ ပြီးပါစေတော့ဆိုပြီးသာ ထားရမယ်ဆို ထောင်ထဲမှာ မုဒိမ်းသမား၊ ခါးသမား။ တွေ ရှိမှာ မဟုတ်တော့ဘူး။ ဥပဒေဆိုတာတောင်ရှိမှာ မဟုတ်တော့ဘူး။ သားမောင် စကားကို ဆင်ခြင်ပြောပါလေ။
  • Hinnthar Paing ငယ်ငယ်တုန်းက မေမေသိုးမွေးထိုးရင်.. ဘေးနားကနေထိုင်ပြီး ချည်ရှုပ်နေလို့ မေမေမသုံးတော့တဲ့ ချည်လုံးချည်ထွေးလေးတွေကို ထိုင်ပြီး ရလိုရငြား ရှင်းကြည့်ဖူးတယ် .. . ချည်စလေးတစ်စကနေ ..အလွယ်တကူနဲ့ တော်တော်ရှည်ရှည် ဆွဲထုတ်လို့ရလာရင် အရမ်းပျော်တာဘဲ .. ဒါပေမယ့် ...မေမေတောင် ရှင်းလို့မရလို့ မသုံးတော့တဲ့ ချည်ထွေးတွေလေ.. ခုတော့ ဘယ်ရောက်ကုန်ပြီလဲမသိပါဘူး..
  • San Yay Oo အကိုတော်တော်ရှာယူထားရမယ်နော် ညီမလည်း ရှယ် ပေးလိုက်တယ်
  • Lotus Member ပင်ပန်းခံပြီး ရှာပေးတဲ့အတွက် ကျေးဇူးပါ
  • Aung Kito တ၇ုတ် အစုပ်ပလုပ် ကုပ်စုပ် အမြတ်ကြီးစား ၇ပ်ပါတော့ဗျာ
  • Aung Kito မြန်မာပြည်ကို မွဲအောင်လုပ်တဲ့အပြင် လူမျိုးဘာသာကိုပါ စော်ကားလွန်အားကြီးတယ်
  • Aung Kito ငါမှာသာ အာဏာ၇ှိ၇င် စစ်ဖြစ်လိုက်ချင်တယ်
  • Nationalmyanmar Pkumyanmar မှန်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စက ရခိုင်အရေး မတိုင်မီကတည်းက ဖြစ်လာတာပါ။ စတင်ဖြစ်ပွါးတဲ့ ဗွီဒီယို ခွေလည်း ကြည့်ခဲ့ရပါတယ်။ရေဘေး၊ငလျှင်ဘေးတွေမှာတောင် ငွေကြေးများစွာသုံးခဲ့ပြီး ယခုကိစ္စမှာ စတင်ဖြစ်တုန်းက သေသေချာချာ ဖြေရှင်းပေမယ်ဆို ရနိုင်လောက်ပါတယ်။အကျိုးအမြတ်က နဲမှမနဲတာ၊ဒါပေမဲ့ ဖြေရှင်းမပေးဘဲ မျှောထားခဲ့တာကို တွေ့ရပါတယ်။ မြစ်ဆုံကိစ္စမှာ ဘာဆန္ဒပြပွဲမှ မပေါ်ပေါက်သေးဘဲ ပြည်သူ၏ ဆန္ဒအရ ဆိုပြီး ဖေ့စ်ဘုတ် အဖြေလောက်နဲ့ ရပ်ခဲ့တယ်လို့ ယူဆပါတယ်။ဒီတစ်ခါမှာ ထင်ထင်ရှားရှား ဖြစ်အောင် လုပ်တယ်လို့ ထင်ပါတယ်။ ယခင်ဆရာသမားလုပ်ခဲ့တာက ဖြစ်နေတာတစ်ကြောင်း၊တရုတ်ကို လွယ်လွယ် ငြင်းဘို့ ခက်နေတာက တစ်ကြောင်း ဖြစ်မယ်ထင်ပါတယ်။ ယခုလို မီဒီယာ ခောတ်ကြီးမှာ နိုင်ငံရေး အနဲငယ် သိသူတောင် ပြောသင့်မပြောသင့် နားလည်နိုင်တဲ့ စကားလုံးကို ၀န်ကြီးအဆင့် တစ်ဦးက ပြောလိုက်တာဟာလည်း အစာထည့်လိုက်တယ်လို့ ယူဆပါတယ်။နောက်ဆုံးဖြေရှင်းတဲ့ အပိုင်းကျမှ မထင်မှတ်တာတွေ ဖြစ်သွားတယ်လို့ ထင်ပါတယ်။အပေါ်ပိုင်း ခေါင်းဆောင်တွေ တက်ညီလက်ညီ ညှိနှိုင်းလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ အောက်ပိုင်းနဲ့ မီဒီယာကတော့ တိုက်ခိုက်နေကြတုန်းပေါ့။ ကိုယ်ထည်ပိုင်းချင်း လက်တွဲဆောင်ရွက်နေချိန်မှာ အောက်က အရိပ်တွေက တိုက်နေကြတာပေါ့။ရှေ့လျှောက် ယခင်က တရုတ်နှင့် ချုပ်ဆိုလုပ်ကိုင်နေတဲ့ မမျှတတဲ့ လုပ်ငန်းတွေမှန်သမျှ တစ်ခုမဟုတ် တစ်ခု ဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စ မျိုးတွေကို မြန်မာစကား တတ်တဲ့ တရုတ်တွေ သိသွားလို့ရှိလျှင်လည်း မသင့်တော်ဘူးလို့ ထင်ပါတယ်။တရုတ်၊ကုလားက ကျွန်တော်တို့မြန်မာတွေလို မဟုတ်ဘူး၊သူတို့ လူမျိုးစုအတွက်ဆို စည်းလုံးကြတယ်။ကျွန်တော်၏ ထင်မြင်ယူဆချက်ပါ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...