လူမှုကွန်ယက်စာမျက်မှာ ပထမဆုံး ကျနော်စာရှည်ရှည်တပုဒ်ရေးလိုက်တော့ ဖတ်ရှုသူများရဲ့
မှတ်ချက်တွေကို ဖတ်ပြီး ကျနော်ဝမ်းနည်းသွားပါတယ်။ အကြောင်းက…“လက်စသတ်တော့
ငါတို့လူမျိုးအများစုဟာ ငါ့လိုပဲ ဘေးထိုင်ပြီး တိုင်းပြည်ကောင်းစားစေချင်တဲ့သူ အများစုပါကလား“
ဆိုတဲ့ အတွေးကြောင့်ပါ ။ဒါတင်မက လက်ပံတောင်းနောက်ဆက်တွဲ ဖြစ်ရပ်သတင်းတွေကြောင့်
ပိုပြီး စိတ်ပျက်စရာဖြစ်လာရပါတယ်။ ဒါကြောင့် အသာနေမရလို့ လျှာရှည်ရတယ်လို့
နားလည်ပေးစေချင်ပါတယ်။
၁။ ဥာဏ်ကြီးသူတွေမို့ သတိမလွတ်စေချင်ပါ ။
တကယ်တော့ မြန်မာပြည်အရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေသူတွေထဲမှာ
တိုင်းပြည်ကောင်းစား စေချင်တဲ့ ဆန္ဒနဲ့ အသက်ကော ဘဝပါပေးဆပ်ပြီး လုံးပန်းနေကြ
သူတွေအများစု ပါဝင်တယ်လို့ ကျနော် ယူဆပါတယ်။ အနာဂတ်အထိ မျှော်မှန်း လုပ်ဆောင်
နေသူတွေဟာ အသိဥာဏ်ရင့်ကျက်တဲ့ ပညာရှိတွေလို့ ဆိုနိုင်ပါလိမ့်မယ်။ဒါပေမဲ့  ပညာရှိသတိဖြစ်ခဲ ဆိုတဲ့ ဆိုရိုးကို သတိရကြစေချင်ပါတယ်။
ကျနော်တို့ဘယ်အရာကို မျှော်မှန်းလုပ်ဆောင်နေကြပါ သလဲ
ဆိုရင် ခေတ်ဆိုးစံနစ်ဆိုးကြီးကို ကျော်လွန် လွတ်မြောက်ဖို့ပါ ။
သေချာတဲ့အချက်က ခေတ်ဆိုးကြီးရဲ့ အမွေဆိုးကြောင့် နေချင်းညချင်း
မအောင်မြင်နိုင်ဘူး ဆိုတာ သေချာတဲ့အချက်ပါ။ ခံစားချက်နောက်လိုက်ပြီး
တယောက်တမျိုး ဦးနင်းပဲ့ထောင်လုပ် အခြေအနေမျိုးနဲ့ ဆို ရထားပြီးသား
နှစ်ပြားတပဲ အခွင့်အရေးတောင် မသူတော်တွေလက်ထဲ နက်ဖန်သဘက်ခါ ပြန်ပါသွား
နိုင်ပါတယ် ။
၂။ မျှော်မှန်းရာဆီ ရောက်ကြမည်လား။
မြင်ရက်စရာမရှိတဲ့ ဘုန်းတော်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ လူထုခေါင်းဆောင်တွေရဲ့ အားပေးထောက်ခံမှု တချို့ ကိုလည်းမြင်ရော ကျနော်တို့ လူမျိုးထုံးစံအတိုင်း သနားရာကနေ ပေါက်ကွဲ။ ပေါက်ကွဲရာကနေ လမ်းလွဲ ရောက်ကုန်တော့မယ်လို့ ပူပန်စရာတွေ ဖြစ်လာပါတော့တယ်။ဒီအချိန်မှာပဲ ငြိမ်းချမ်းရေလမ်းစပေါ်ရောက် နေ တဲ့ ကေအင်ယူလို အဖွဲ့ကတောင် တာဝန်ရှိသူတွေကို အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေးပျက်ပြားနိုင်ပါတယ်
ဆိုတဲ့ အသံထွက်လာပါတယ်။ မကျေနပ်ချက်တွေ နာကျည်းချက်တွေကို ရရာပုံစံနဲ့
ဖော်ပြကြမယ်။ အော်ဟစ်တောင်းဆိုကြမယ်၊ ဆိုတာ တွေဟာ ကျနော်တို့
ရည်သန်မျှော်မှန်းရာကို ပို့ဆောင်နိုင်ပါ့မလား။
၃။ ကော်မရှင်မှာ ပါဝင်ဖို့ ငြင်းကြသတဲ့လား။
သပိတ်ဖြစ်စဉ်အဆင့်ဆင့်ကိုလူ တိုင်းနီးပါး သိနေပြီးသားပါ။ မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့  အခြေအနေကြောင့် နောက်ဆုံးမှာ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ပေးရတဲ့ အဆင့်ရောက်လာပါတယ်။ဒီအဖွဲ့နဲ့
ပက်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာတခွန်းမှ မဟရသေးခင် ဒေါ်ခင်စန်းလှိုင်က
ကျမ မပါပါဘူးဆိုတဲ့ အသံ ထွက်လာတာ့ ကျနော် အတော်အံ့သြသွားပါတယ် ။နောက်ဆက်တွဲ
ကိုမင်းကိုနိုင်တို့ကလည်း ကြေငြာချက် ထုတ်ပြီး ဖယ်ထွက်ဖို့
လုံးပန်းပြန်ပါတယ် ။ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာ ကျနော်ဥာဏ်မမှီပေမဲ့ တစုံတရာ
လွဲချော်နေပြီဆိုတာတော့ ဇာတိစိတ်အရ ခန့်မှန်းမိခဲ့ပါတယ်။( ဒီညနေ
နောက်ဆုံးသိရတဲ့ သတင်းအရ ဒေါ်အောင်စုကြည်၊ ဝန်ကြီးဦးအောင်မင်းတို့
ညှိနိုင်းပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အဖွဲ့က အပြု သဘော
ပါဝင်မယ်ဆိုတဲ့ သတင်းကြောင့် ဟင်းချနိုင်ရပါတယ်။)
ကျနော်ဟာ သူတို့နဲ့ တန်းယှဉ်နိုင်သူမဟုတ်တာကြော င့် သူတို့ကို အပြစ်ဆိုဖို့ အကြောင်းမရှိပါဘူး။ ဘဝနဲ့ ရင်းထားကြသူတွေဆိုတာ ကျနော်သံသယမရှိတဲ့အပြင် ဆင်ခြေရာနဲ့ပြောင်းခင်းတန်း လန်းတွေ့နေရက်နဲ့ ဘာကောင်တုန်း အရှာခိုင်းသလို ဖြစ်နေတာမို့ သူတို့ရဲ့ ခံစားဆုံးဖြတ်ချက်ကိုလည်း ရိပ်စားမိပါတယ်။
ဒီအခြေ အနေကနေ ပွဲသိမ်း အဆုံးအဖြတ်အထိ မျှော်မှန်းချက်လည်း ရှိနေနိုင်ကောင်းပါတယ်။
အခုလို ရှုပ်ရှုပ်ထွေးထွေးအနေအထားမှာ ပွဲသိမ်းနိုင်မဲ့ မျှော်လင့်ချက်ကို ပြန်လည် ဆန်းစစ်ကြ စေလိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဆိုးတွေကြောင့်
ပေါက်ကွဲမှုကို အားပြုပြီး အပြီးတိုင် တိုက်ပွဲအဆုံးဖြတရရေး အတွက်
ပြည်သူ့ထိုးစစ်ကို အရှိန်မြင့်ခဲ့ရင် သူ့လူကိုယ့်လူ
အရောရောအနှောနှောဖြစ်နေချိန်၊ အဖက်ဖက်က အဆင်သင့်ကြိုတင် စီမံချက်တွေ မပြည့်စုံသေးတာကြောင့် အောင်ပွဲဟာ အလှမ်းဝေးကွာနေသေးတယ်လို့ ထင် ပါတယ်။
အဖြစ်သင့်ဆုံးကတော့ ဘယ်သူတွေမှာ တာဝန်ရှိသတုန်းဆိုတာကို နားရွက်ဆွဲပြီး ထုတ်ပြနိုင်တဲ့ အထိ လူရိုသေ ရှင်ရိုသေ ခံရသူတွေက ဦးဆောင် လုံးပန်းမှသာ တာဝန်ကျေရာ ရောက်ကြပါလိမ့်မယ် ။
မဟော်သဓာဇာတ်တော်မှာ မဟော်သဓာဟာ ရှားနှစ်တုတ်ကို လက်နဲ့ ဆကြည့်ရုံနဲ့ အရင်းအဖျားသိပေမဲ့ အများမြင်သာအောင် ရေဖလားနဲ့ ကြိုးနဲ့ သက်သေပြရတဲ့ နမူနာကို သတိရကြစေလိုပါတယ် ။သားတရား စီရင်ခန်းမှာလည်း ထို့နည်းလည်းကောင်းပါ။ အမှုသည်တွေရဲ့ ရုပ်ရည်သွင်ပြင်ကို မြင်ရုံနဲ့ ဘယ်ဟာ မိခင်ရင်းဆိုတာ သိပေမဲ့ သက်သေပြချက်လိုအပ်ခဲ့တာ ပါပဲ ။ မှန်နေမှားနေတာကို သိရုံနဲ့ မပြီးဆုံးပါ။ အမှန်အတိုင်း ဖြစ်သွားအောင် တည့်မတ်ပေးပြီးမှ တာဝန်ကုန်ဆုံးမှာပါ ။ အမှန်ကိုရှာရင်း ကိုယ့်တပ် ကိုယ်ပြန် နင်းမိမဲ့ အဖြစ်ကို ဥာဏ်ကြီးကြီးနဲ့ ချင့်ချိန်ကြစေချင်ပါတယ် ။
၎။ လွှတ်တော်တွင်းက အင်အားချိန်ခွင်ညှာ
လွှတ်တော်မှာလကြံ့ခိုင်ရေးအမ တ်( စံနစ်ဆိုးရဲ့ လက်ပါးစေများ၊ ခေတ်သစ်ကို မျှော်မှန်းသူများ)အန်အယ်လ် ဒီ(
ဒေါ်အောင်ဆန်းစုကြည်၊ အမတ်နေရာအနည်းစု )နဲ့ တသီးပုဂ္ဂလ အနည်းငယ်ပါဝင်နေ
ပါတယ်။ လွှတ်တော် အတွင်းမှာ စစ်ဗိုလ်အများစု ပါဝင်နေတယ်ဆိုတာ မှန်ပါတယ် ။
လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တွေ အရေအတွက်တချို့ ရှိနေပါတယ်။ အင်အားနည်းသည်ဆိုသော်ငြား စွန့်လွှတ်တဲ့ သမိုင်းနဲ့ ရိုးဂုဏ်ကြောင့် အထိုက်အလျှောက် အရေးပါနေတယ်လို့ ဆိုနိုင်ပါတယ်။ဒါကို ဥာဏ်ကြီးကြီးနဲ့ ဝန်းရံသင့်ပါတယ်။ ကျနော့်ဥာဏ် တထွာတမိုက်နဲ့ ပြောရရင် လွှတ်တော်မှာ ပြုပြင် ပြောင်းရေး အုပ်စုဟာ အားသာနေတယ်လို့ ထင်ပါတယ်။
စစ်ဗိုလ်အမတ်တွေအားလုံး ဆင်ခြင်တုံတရား မရှိကြတော့ဘူးလား ဆိုတဲ့ အချက်ကို အဖြေရှာနိုင်အောင် အတွေ့အကြုံတခု ပြောပြရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ဒုတိယဗိုလ်မှူးကြီးတယောက်နဲ့ 
ဘန်ကောက်မှာ စကားလက်ဆုံကြရာက ကျနော့်စိတ်ထဲမှာ မရိုးရွ ဖြစ်တာကြောင့် ..
“ဒီလောက် တိုင်းပြည် တခုလုံး စုတ်ပြတ်သတ်နေတာကို ခင်ဗျားတို့ တကယ်ပဲ
မသိကြလေသလား”လို့ မျက်နှာချင်းဆိုင် မေးလိုက်မိပါတယ်။ သူက မျက်နှာတခုလုံ
နီရဲသွားပြီ .. “ထမင်းစားနေတဲ့ လူတွေဗျ။ ခင်ဗျားတို့သိတာထက် ကျနော်တို့က
အသေးစိတ်သိတယ်။ ဘယ်လိုမှ လှုပ်မရလို့ ငြိမ်နေတာ ခင်ဗျားသဘောက် ”လို့
တုန့်ပြန်တာ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။
ဒီတော့ အမြင်မှန်တဲ့ စစ်ဗိုလ်အုပ်စုက လူထုဖက်ပါလာနိုင်ဖို့ တရုတ်ဖက်ကို ခြေကန်နေကြတဲ့ တိုင်းပြည်ဖျက်လုပ်ရပ်တွေ ရပ်တန့်နိုင်အောင် ရေရှည်အမြင်နဲ့ လုံးပန်းရပါလိမ့်မယ်။
စစ်ဗိုလ်အုပ်စုကြီးမို့ မဲမဲမြင်ရာ ရန်သူစာရင်းသွင်းပြီး ဆန့်ကျင်နေကြမဲ့အစား ဆင်ခြင်တုံတရားနဲ့ အကောင်းဖက် ပါလာအောင် စစ်ဗိုလ် တယောက်ချင်းရဲ့ စရိုက်၊အမြင်မှန်ရှိသူတွေ တဦးချင်းရဲ့ စရိုက်အပါအဝင် ခြေလှမ်းတိုင်း ကို မြင်အောင်ကြည့်ဖို့ လိုပါလိမ့်မယ်။
၅။ အားပြိုင်မှုကို ပုံဖော်ကြည့်မိခြင်း။
လက်ရှိနိုင်ငံရဲ့ အနေအထားကို တချက်လှည့် ကြည့်စေ ချင်ပါတယ်။ပြုပြင်ပြောင်းလဲ လိုသူတွေဟာ
တရုတ်ဖက် ကို ကျွံနေတဲ့ နောက်ခြေလှမ်းကို ဆွဲထုတ်နိုင်ဖို့ အမေရိကန်ဖက်ကို
ရှေ့ခြေတလှမ်းတိုးပြီးတဲ့ အခြေအနေမျိုး၊ မီဒီယာတွေ အတန်အသင့်
လမ်းပွင့်နေတဲ့ အခြေအနေတွေဟာ အားသာချက်တွေလို့မြင်ပါတယ်။
ဒီအခြေ ဒီအဆင့်ဟာ ခေတ်ဆွေးလက်ကျန် စစ်ဗိုလ်အမတ်တွေ အလွယ်တကူ
မကျော်လွှားနိုင်တဲ့ အနေအထား လို့ ထင်ပါတယ်။ အားပြိုင်မှုကတော့
ဆက်ရှိနေအုံးမှာပါ။ တရုပ်လက်ပါးစေ ဦးပိုင်ကလည်း လွှတ်တော်မှာ
တပ်မတော်သားတွေရဲ့ စားဝတ်နေရးဆိုတဲ့ အကြောင်းပြချက်နဲ့ လူထုနဲ့ စစ်တပ်ကို
ရန်တိုက်တဲ့ ဥပယ်တမျဉ် နည်းသုံးခဲ့ပြန်ပါတယ်။
အားပြိုင်မှုတခုရဲ့ ဖြစ်နိုင်ချေကို ကျနော်စိတ်ကူး ပုံဖော်ကြည့်မိပါတယ်။
လက်ပံတောင်းတောင်အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ဘို့  ဒေါ်ခင်စန်းလှိုင်တင်ခဲ့တဲ့ အဆို အောင်မြင်တဲ့အချိန်မှာ ၊စံနစ်ဆိုးဘက်တော်သားတွေဖက် ကလည်း
ဘောင်ထဲကနေ “ဒီလိုဆိုရင်ဖြင့် လက်ပံတောင်းသပိတ်စခန်း တွေကို ရပ်ပေးပေတော့”
လို့ အကွက်ကြီးတကွက် ရွှေ့လိုက်တာမျိုးဆိုရင် သမတ ကိုယ်တိုင် ဘာမှ
ဝင်ပြောလို့ မရတဲ့ ရွှေ့ကွက်ဆိုတာကို ဝိုင်းဝန်းစဉ်းစားချင့်ချိန်ကြစေချင်ပါတယ်။
၆။ ပြည်ထဲရေး ၊ ဦးပိုင်၊ ဝမ်ပေါင် ၊ တရုပ်သံရုံးတို့၏ ကစားကွက်ပေလော။
ဖြစ်စဉ်ကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ရ င်
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်ထဲရေးဌာနကို ရောက်တဲ့ အချိန်စပြီး
ဘီလူးဆိုင်းဝင်လာတာကြောင့် ဦးပိုင်ဟာ ပြည်ထဲရေးက တာဝန်ရှိသူတချို့ကို
ဘယ်လို ချိတ်ဆက်ပြီး ရုပ်ပျက်ဆင်းပျက် ချေမှုန်းရေးကို လုပ်ခဲ့သလဲ အချက်ဟာ
မလွဲမသွေထုတ်ဖော်သင့်တဲ့ အချက်လို့ မြင်ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ
ပြည်ထဲရေးရဲ့ အစီအမံကြောင်း မူလရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်သွားလေ
သလားဆိုတာကိုလည်း အဖြေရှာသင့်ပါတယ် ။လက်ပံတောင်းဖြိုခွင်းမှုနောက်ဆက်တွဲ ရုပ်ပျက်ဆင်းပျက်လုပ်ရပ်တွေ ဟာလည်း ပြည်ထဲရေးရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေချည်းပါပဲ။
ဒီလိုဆိုးကျိုးတွေ ဆက်လက်ဖြစ်ပေါ်လာအောင် ဝမ်ပေါင်နဲ့ တရုတ်သံရုံး(တရုပ်အစိုးရ)ဟာ ဘယ်နေရာကနေ လှုပ်ရှားကြိုး ကိုင်နေသလဲ။
လက်ရှိအစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ ခြေလှမ်း မှန်သမျှ အသေးစိတ် ခြေရာခံကြ ရပါမယ်။ အစိုးရအတွင်း အင်အားပြိုင် ဖက်တွေရဲ့ ဘယ်သူ ဘယ်အကွက်ကို ရွှေ့လို့ ဘယ်အကောင်ဘယ်ရောက်ပြီး ဘာကိုချိန်နေတယ် ဆိုတာ မြင်အောင်ကြည့်တတ်ဖို့လိုပါ လိမ့်မယ်
။အရောရောအထွေးထွေး အခြေအနေကနေ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင၊်
ရန်သူရဲ့ ရန်သူကို မိမိမိတ်ဆွေဖြစ်လာအောင် ကြံဆောင် နိုင်ကြရပါမယ်။
နောက်ဆုံး အခြေအနေ အရ ပြည်ထဲရေးဟာ ဥပဒေကို အကာအကွယ်ယူပြီး သွေးဆူ
နေတဲ့လူထုကို ဆက်ပြီးနှိပ်ကွက်နေ တဲ့ လုပ်ရပ်အမှားတွေ
ဆက်တိုက်ကျူးလွန်နေတာကို ဟန့်တား နိုင်ဖို့ နည်းလမ်းရှာသင့်ကြ ပါတယ် ။
၇။ ရှေ့ဆက်ရမည့်ခရီးအတွက် စိတ်ရှည်ဥာဏ်ကြီးကြစေချင်သည်။
သံဃာတော်တွေနဲ့ လက်ပံတောင်းတောင်လူထုရဲ့ ပေးဆပ်မှုတွေဟာ အများကြီး အရာရောက် အကျိုးပြုခဲ့ပါပြီ ။တရုတ်သံအမတ်ကတောင် မြစ်ဆုံရော လက်ပံတောင်းတောင်မှာပါ စီမံကိန်းတွေ မရပ်ဘူးလို့ အဆင်ခြင်မဲ့ အသံတွေထွက်လာတဲ့အထိ ရန်သူကို တုန်လှုပ်ချောက်ခြားစေခဲ့ပါ ပြီ
။သပိတ်ဖြိုခွဲမှုဟာ အတိုင်းတိုင်းအပြည် မှာ အရုပ်ဆိုးအကျည်းတန်လွန်း တဲ့
ဖြစ်ရပ် အဖြစ် ဖော်ထုတ် တင်ပြနိုင်ခဲ့ကြပါပြီ ။မမြင်ရက်စရာ ဓာတ်ပုံတွေ
ထပ်ချည်းတလဲလဲ တင်ပြနေကြဖို့ မလိုအပ်တော့တဲ့ အခြေအနေလို့မြင်ပါတယ်။
ဒီအခြေအနေကောင်းကို ဦးဆောင်လမ်းညွှန်မှု တခုအောက်မှာတစုတစည်း
တသံတည်းထွက်နိုင်မှ အောင်ပွဲဆီချီနိုင်ပါလိမ့် မယ်။
လက်ပံတောင်းမှာ အောင်ပွဲရခဲ့ပြီးရင်တောင် ရခိုင်ပြည်နယ်အရေး၊ တောင်သူလယ်သမား အရေး၊မီဒီယာပိုမို လွတ်လပ်ခွင့်၊အဖက်ဖက်က တိုင်းပြည်ပြန်လည်ထူထောင်ရေး
စတဲ့ တိုက်ပွဲစဉ်ကြီးတွေ ရှေ့ခရီးမှာ အများကြီး ရှိနေပါသေး
တယ်။တိုင်းပြည်နဲ့ ပြဿနာပေါင်းစုံဟာ ဝန်နဲ့ အား လေးမြား
မမျှတတဲ့အခြေအနေမျိုးပါ။ဒါေ ကြာင့်
စိတ်ရှည်ဥာဏ်ကြီးကြ ရပါလိမ့်မယ်။ မဂ်တရားဖိုလ်ရနိုင်တဲ့ အနှစ်ချုပ်ဟာ
သီလသမာဓိ ပညာလို့ ဆိုတာမို့ အခုလို ခေတ်သစ်သို့ ချီကြမဲ့ အချိန်မှာ
သီလလုံပြီး ၏သား ခေါင်းဆောင်တွေဟာ တည်ငြိမ်တဲ့ သမာဓိကနေတဆင့် ဥာဏ်ဖြင့်
သုံးသပ်ဆင်ခြင်နိုင်ခြင်း ဆိုတဲ့ အဆင့်ကို ရောက်အောင် သွားနိုင်မှ
အောင်ပွဲမည်ပါလိမ့်မယ်။ ကျနော့် ဆင်ခြင်တွေးတောချက်တွေဟာ ချို့ယွင်း
လွဲချော်နေခဲ့မယ် ဆိုရင် ခေတ်သစ်ကို ရောက်ရ မည်မှာမလွဲပါ ဆိုတဲ့
ခံယူချက်ကိုယ်စီနဲ့ ဝိုင်းဝန်းတည့်မတ် ပေးစေလိုပါတယ် ။
Unlike · · Share · 21 hours ago မှတ်ချက်တွေကို ဖတ်ပြီး ကျနော်ဝမ်းနည်းသွားပါတယ်။ အကြောင်းက…“လက်စသတ်တော့
ငါတို့လူမျိုးအများစုဟာ ငါ့လိုပဲ ဘေးထိုင်ပြီး တိုင်းပြည်ကောင်းစားစေချင်တ
ဆိုတဲ့ အတွေးကြောင့်ပါ ။ဒါတင်မက လက်ပံတောင်းနောက်ဆက်တွဲ ဖြစ်ရပ်သတင်းတွေကြောင့်
ပိုပြီး စိတ်ပျက်စရာဖြစ်လာရပါတယ်။ ဒါကြောင့် အသာနေမရလို့ လျှာရှည်ရတယ်လို့
နားလည်ပေးစေချင်ပါတယ်။
၁။ ဥာဏ်ကြီးသူတွေမို့ သတိမလွတ်စေချင်ပါ ။
တကယ်တော့ မြန်မာပြည်အရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေသူတွေထဲမှာ
တိုင်းပြည်ကောင်းစား စေချင်တဲ့ ဆန္ဒနဲ့ အသက်ကော ဘဝပါပေးဆပ်ပြီး လုံးပန်းနေကြ
သူတွေအများစု ပါဝင်တယ်လို့ ကျနော် ယူဆပါတယ်။ အနာဂတ်အထိ မျှော်မှန်း လုပ်ဆောင်
နေသူတွေဟာ အသိဥာဏ်ရင့်ကျက်တဲ့ ပညာရှိတွေလို့ ဆိုနိုင်ပါလိမ့်မယ်။ဒါပေမဲ
ကျနော်တို့ဘယ်အရာကို မျှော်မှန်းလုပ်ဆောင်နေကြပါ
၂။ မျှော်မှန်းရာဆီ ရောက်ကြမည်လား။
မြင်ရက်စရာမရှိတဲ့ ဘုန်းတော်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ လူထုခေါင်းဆောင်တွေရဲ့ အားပေးထောက်ခံမှု တချို့ ကိုလည်းမြင်ရော ကျနော်တို့ လူမျိုးထုံးစံအတိုင်း သနားရာကနေ ပေါက်ကွဲ။ ပေါက်ကွဲရာကနေ လမ်းလွဲ ရောက်ကုန်တော့မယ်လို့ ပူပန်စရာတွေ ဖြစ်လာပါတော့တယ်။ဒီအချိန်မှ
၃။ ကော်မရှင်မှာ ပါဝင်ဖို့ ငြင်းကြသတဲ့လား။
သပိတ်ဖြစ်စဉ်အဆင့်ဆင့်ကိုလူ
ကျနော်ဟာ သူတို့နဲ့ တန်းယှဉ်နိုင်သူမဟုတ်တာကြော
ဒီအခြေ အနေကနေ ပွဲသိမ်း အဆုံးအဖြတ်အထိ မျှော်မှန်းချက်လည်း ရှိနေနိုင်ကောင်းပါတယ်။
အခုလို ရှုပ်ရှုပ်ထွေးထွေးအနေအထားမ
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဆ
အဖြစ်သင့်ဆုံးကတော့ ဘယ်သူတွေမှာ တာဝန်ရှိသတုန်းဆိုတာကို နားရွက်ဆွဲပြီး ထုတ်ပြနိုင်တဲ့ အထိ လူရိုသေ ရှင်ရိုသေ ခံရသူတွေက ဦးဆောင် လုံးပန်းမှသာ တာဝန်ကျေရာ ရောက်ကြပါလိမ့်မယ် ။
မဟော်သဓာဇာတ်တော်မှာ မဟော်သဓာဟာ ရှားနှစ်တုတ်ကို လက်နဲ့ ဆကြည့်ရုံနဲ့ အရင်းအဖျားသိပေမဲ့ အများမြင်သာအောင် ရေဖလားနဲ့ ကြိုးနဲ့ သက်သေပြရတဲ့ နမူနာကို သတိရကြစေလိုပါတယ် ။သားတရား စီရင်ခန်းမှာလည်း ထို့နည်းလည်းကောင်းပါ။ အမှုသည်တွေရဲ့ ရုပ်ရည်သွင်ပြင်ကို မြင်ရုံနဲ့ ဘယ်ဟာ မိခင်ရင်းဆိုတာ သိပေမဲ့ သက်သေပြချက်လိုအပ်ခဲ့တာ ပါပဲ ။ မှန်နေမှားနေတာကို သိရုံနဲ့ မပြီးဆုံးပါ။ အမှန်အတိုင်း ဖြစ်သွားအောင် တည့်မတ်ပေးပြီးမှ တာဝန်ကုန်ဆုံးမှာပါ ။ အမှန်ကိုရှာရင်း ကိုယ့်တပ် ကိုယ်ပြန် နင်းမိမဲ့ အဖြစ်ကို ဥာဏ်ကြီးကြီးနဲ့ ချင့်ချိန်ကြစေချင်ပါတယ် ။
၎။ လွှတ်တော်တွင်းက အင်အားချိန်ခွင်ညှာ
လွှတ်တော်မှာလကြံ့ခိုင်ရေးအမ
လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တွေ အရေအတွက်တချို့ ရှိနေပါတယ်။ အင်အားနည်းသည်ဆိုသော်ငြား စွန့်လွှတ်တဲ့ သမိုင်းနဲ့ ရိုးဂုဏ်ကြောင့် အထိုက်အလျှောက် အရေးပါနေတယ်လို့ ဆိုနိုင်ပါတယ်။ဒါကို ဥာဏ်ကြီးကြီးနဲ့ ဝန်းရံသင့်ပါတယ်။ ကျနော့်ဥာဏ် တထွာတမိုက်နဲ့ ပြောရရင် လွှတ်တော်မှာ ပြုပြင် ပြောင်းရေး အုပ်စုဟာ အားသာနေတယ်လို့ ထင်ပါတယ်။
စစ်ဗိုလ်အမတ်တွေအားလုံး ဆင်ခြင်တုံတရား မရှိကြတော့ဘူးလား ဆိုတဲ့ အချက်ကို အဖြေရှာနိုင်အောင် အတွေ့အကြုံတခု ပြောပြရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ဒုတိယဗိုလ်မှူးကြီးတယောက်နဲ
ဒီတော့ အမြင်မှန်တဲ့ စစ်ဗိုလ်အုပ်စုက လူထုဖက်ပါလာနိုင်ဖို့ တရုတ်ဖက်ကို ခြေကန်နေကြတဲ့ တိုင်းပြည်ဖျက်လုပ်ရပ်တွေ ရပ်တန့်နိုင်အောင် ရေရှည်အမြင်နဲ့ လုံးပန်းရပါလိမ့်မယ်။
စစ်ဗိုလ်အုပ်စုကြီးမို့ မဲမဲမြင်ရာ ရန်သူစာရင်းသွင်းပြီး ဆန့်ကျင်နေကြမဲ့အစား ဆင်ခြင်တုံတရားနဲ့ အကောင်းဖက် ပါလာအောင် စစ်ဗိုလ် တယောက်ချင်းရဲ့ စရိုက်၊အမြင်မှန်ရှိသူတွေ တဦးချင်းရဲ့ စရိုက်အပါအဝင် ခြေလှမ်းတိုင်း ကို မြင်အောင်ကြည့်ဖို့ လိုပါလိမ့်မယ်။
၅။ အားပြိုင်မှုကို ပုံဖော်ကြည့်မိခြင်း။
လက်ရှိနိုင်ငံရဲ့ အနေအထားကို တချက်လှည့် ကြည့်စေ ချင်ပါတယ်။ပြုပြင်ပြောင်းလဲ
အားပြိုင်မှုတခုရဲ့ ဖြစ်နိုင်ချေကို ကျနော်စိတ်ကူး ပုံဖော်ကြည့်မိပါတယ်။
လက်ပံတောင်းတောင်အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ဘို
၆။ ပြည်ထဲရေး ၊ ဦးပိုင်၊ ဝမ်ပေါင် ၊ တရုပ်သံရုံးတို့၏ ကစားကွက်ပေလော။
ဖြစ်စဉ်ကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ရ
ဒီလိုဆိုးကျိုးတွေ ဆက်လက်ဖြစ်ပေါ်လာအောင် ဝမ်ပေါင်နဲ့ တရုတ်သံရုံး(တရုပ်အစိုးရ)ဟာ
လက်ရှိအစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ ခြေလှမ်း မှန်သမျှ အသေးစိတ် ခြေရာခံကြ ရပါမယ်။ အစိုးရအတွင်း အင်အားပြိုင် ဖက်တွေရဲ့ ဘယ်သူ ဘယ်အကွက်ကို ရွှေ့လို့ ဘယ်အကောင်ဘယ်ရောက်ပြီး ဘာကိုချိန်နေတယ် ဆိုတာ မြင်အောင်ကြည့်တတ်ဖို့လိုပါ
၇။ ရှေ့ဆက်ရမည့်ခရီးအတွက် စိတ်ရှည်ဥာဏ်ကြီးကြစေချင်သည
သံဃာတော်တွေနဲ့ လက်ပံတောင်းတောင်လူထုရဲ့ ပေးဆပ်မှုတွေဟာ အများကြီး အရာရောက် အကျိုးပြုခဲ့ပါပြီ ။တရုတ်သံအမတ်ကတောင် မြစ်ဆုံရော လက်ပံတောင်းတောင်မှာပါ စီမံကိန်းတွေ မရပ်ဘူးလို့ အဆင်ခြင်မဲ့ အသံတွေထွက်လာတဲ့အထိ ရန်သူကို တုန်လှုပ်ချောက်ခြားစေခဲ့ပါ
လက်ပံတောင်းမှာ အောင်ပွဲရခဲ့ပြီးရင်တောင် ရခိုင်ပြည်နယ်အရေး၊ တောင်သူလယ်သမား အရေး၊မီဒီယာပိုမို လွတ်လပ်ခွင့်၊အဖက်ဖက်က တိုင်းပြည်ပြန်လည်ထူထောင်ရေ
- You, Aung Phay Win and 115 others like this.
- Maha Mingyi ရန်ကုန်မှာ ၇ဲတွေက ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေကို အမေစု၊ ဒေါ်အောင်ဆန်းစုကြည်ကို လက်ထိပ်လုပ်ပြီး ဖမ်းပြနေတယ်။ ၈၈ ပူးတွေက တရုတ်ကို ကျေးဇူးရှင်ကြီးလို ဦးထိပ်တင်နေတဲ့ အောင်မင်းကို တွေပြီး ၀မ်းချဖို ပျားရည်ရသွားတယ်။ ဒေါ်စုနဲ့ ခေါင်းချင်းရိုက်ပြီး ဆည်းလည်းလှိုက်သံလိုလုပ်ဖို့ ရန်ကုန်ကို ပြန်တက်လာတယ်။
ပြောစရာရှိတာကတော့ ဘုန်းတော်ကြီးတွေကို ရေစိမ်ပြီး မိးဖုတ်တာ။ ပြည်သူကို နွားမဖင်ပိတ်ပြီး တရုတ်ကို ထိုးအပ်နေတာ၊ မျက်တောင်တဆုံးကြည့်ကြ အုပ်စုတူသူတွေက အဲဒါ ၈၈ တွေလုပ်နေတာ၊ အုပ်စုမတူသူတွေက မတရားမှုကို တော်လှန်မှ၊ လက်နက်ရှိသူတွေက ဥပဒေကို စက်သေနတ်ပစ်ကွင်းထဲမှာ ထားပြီး ပစ်ချင်နေကြ၊ အားလုံးတစုတည်းဖြစ်ဖို့ လိုလာတဲ့အချိန် နှစ်ဖက်ချွန်နဲ့ သတင်းပေးတွေက အလုပ်ရနေကြ၊ သုံးနားချွန် ဆမူဆာတွေက အသံတိတ်နေကြ (ဒီမိုကရေစီမိတ်ဆွေများ နိုင်ငံရေးပါတီများကိုဆိုလိုပါသည်)၊ ဦးသုဝေက အခု ပြောက်နေတယ် စစ်တပ်က စနစ်တကျ ဆုတ်ခွာတာမို့ ကျနော်တို့ကို အခြေခံဥပဒေ ရေးပေးခဲ့တယ်ဆိုတဲ့ ထွင်လုံးဒသန ပိုင်ရှင်ကြီး။ လုပ်ပါအုံး နိုင်ငံတကာ။ ဘယ်လိုရှင်းမယ်ဆိုတာ သိန်းစိန်တို့မှာ အကွက်ချထားပြီးပြီ။
၂၄ နှစ်ဝန်းကျင်က
တော်လှန်ရေးလုပ်ဖို့ထွက်ခဲ့ကြသူတွေ မိုးဦးကျ ဖားတွေလို အုံ အန် အုံအန်လုပ်နေကြတုံး။ အဆိုးဆုံးက အခုထက်ထိကို အဆင့်က တက်မလာဘူး။ ဆကမ္ဘာလုံးမှာ ၈၈ မျိုးဆက် မရှိတဲ့ တိုင်းပြည် အတော်ရှားတယ်။ အခု စစ်ဖြစ်နေတဲ့ ဆီးရီးယာ၊ ပါလက်စတိုင်းတို့ အစ္စရေးတို့မှာတောင်ရှိတယ်။ ၈၈ လူတွေ နိုင်ငံ အနှံ့မှာ ရှိနေကြတာ၊ မူမရှိကြဘူး။ နီးရာပြေးပြီး သွားအော်လိုက်ရင် တာဝန်ကြေကြပြီလား နာမည်ရကြပြီလားစဉ်းစားကြ။
အခု အရေးကိစ္စက ၈၈ အုံကြွမှုထက် လေးနက်နေတယ်။ ရန်သူက ထွက်ပေါက်ကို ဖေါက်ပြီး တတိုင်းပြည်လုံးကို ယူထုတ်သွားတာ၊ ဖုန်းဆိုးမြေပေါ်မှာ ကျန်ခဲ့ရမယ့် သားကောင်းတွေလို ပြည်သူတွေဖြစ်ကျန်ကြရတော့မယ်။ အခု ဖုန်းဆိုးမြေပေါ်မှာမနေချင်တဲ့ ပြည်သူတွေက ထပြီး စတိုက်နေတာကို ညှိပေးမယ်ဆိုပြီး ငြိနေကြတာ စဉ်းစားဆင်ချင်၇မယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုပြီး အာလူးနဲ့ဘူးသီး လဲပြီး အိမ်ပြန်ကြတဲ့ နေမြင့် ဈေးကွဲသွားတဲ့ ဈေးထဲက ပြန်ကျဈေးသယ်တွေလိုပဲ။
ကိုကိုကြီးမှာ သင်ခန်းစာရှိတယ်။ ရခိုင်မှာ သူပါခဲ့တယ် သူကိုယ်တိုင်စုံစမ်းပြီး အခု ကုန်ခမ်းသွားတဲ့ မီးစာဖြစ်နေတာ သူ့အနေနဲ့ သင်ခန်းစားကြေညက်ရမယ်လို့ထင်တယ်။ လာပြန်ပြီ နောက်တမျိုး လက်ပံတောင်း စုံစမ်းရေးတဲ့ ။ နိုင်ငံတော် အကြီးကဲဆိုပြီး အမိန့်ပေးခဲ့တာ အကြမ်းဖက်ပြတာကို စုံစမ်းဖို့လိုသလား။ ကျနော့ အမေ ကိုပြောလိုက်ပါရစေ ဥက္ကဌ ရာထူး ပေးထားတာ မာရှယ်လောထုတ်ဖို့ ထိပ်ပြောင်တို့ အရေးပေါ်အစည်းဝေးကို တရားဥပဒေစိုးမိုးရေး ဥက္ကဌ ဆိုတဲ့ အမေတောင်မသိလိုက်ရတာ ။ ဘာကိုစုံစမ်းကြဦးမှာလဲ။ ယုံဦးချိုနဲ လိမ်မွေး ကို သွားရှာရမယ့် အရေးမှာ တာဝန်ပေးတာကို ယူတာထက် ဥပဒေအထက်မှာ ဘယ်သူတွေက ၀ံပုလွေ ဥကဒေအောက်မှာ ခြိမ်းခြောက်မှု နဲ့ လုံခြုံမှု မရှိတဲ့ ဘ၀က မှောင်မိုက်တဲ့ညက အလင်းမဲ့ညကို တိုးလျောက်နေရတဲ့ ဘ၀ကို အလင်းပေးဖို့ စလို့ရတာက လူထုနဲ့ လက်တွဲ တိုက်မယ့် တိုက်ပွဲက တပ်မှုးတွေကို စိန်ခေါ်နေပြီလေ။
(ဂိုရှယ်လေး) - Lin Set ဒီမိုမျက်ကန်းတော်တော်များများရဲ့ပေါ်တက်ရေးဆော်သြော်နေတာဟာအားသွန်ခွန်စိုက်ပြေးနေတဲ့ဒေါ်စုရဲ့ကိုခြေထိုးခံနေတယ်ဆိုတာသူတို့ကိုယ်တိုင်မသိသရော့သလား။
- Khin Thandar Aung အန်ကယ်လ် .. မနေ့ညကပဲ ဒီအတွေး တွေးမိသေးတယ်။ >> ဒီအခြေ အနေကနေ ပွဲသိမ်း အဆုံးအဖြတ်အထိ မျှော်မှန်းချက်လည်း ရှိနေနိုင်ကောင်းပါတယ်။ အခုလို ရှုပ်ရှုပ်ထွေးထွေးအနေအထားမှာ ပွဲသိမ်းနိုင်မဲ့ မျှော်လင့်ချက်ကို ပြန်လည် ဆန်းစစ်ကြ စေလိုပါတယ်။ <<
ဒါပေမယ့် ငါ့အတွေးဟာ သဘင်သမားအတွေးသာသာပါလေဆိုပြီး ရယ်ပွဲလည်းဖွဲ့မိပြန်သေးတယ်။ အခု အန်ကယ်ပြောလာတာပါကြားရတော့ မျှော်လည်းမျှော်လင့်မိပါရဲ့။ - Wyn Tin Tut NLD က ခင်စန်းလှိုင် က သူမပါဘူး ပြောတာက ပါဖို့ ငြင်းတာမဟုတ်ပါ။ ရှိုးရိုးသားသား ဘဲသူ ဒီအဖွဲ့ထဲမှာ မပါတာကို ပြောတာ ပါ။
- ZayTi Shin လွတ်လပ်မယ်မထင်လို့ငြင်းတာပေါ့ မင်းအဘကိုယုံဖို့ ဘာအာမခံနိုင်လို့လဲ မောင်မင်းဒင် သွေးမခွဲပါနဲ့ကွာ ဒါနောက်ဆုံးဖြစ်စေချင်တယ်ကွာ
- Wyn Tin Tut တိုင်းပြည်ကိုကောင်းလိုသူတွေ ဘယ်လောက်များများ စဉ်းစားဆင်ချင်မှုနည်းပြီး စိတ်ခံစားမှုကိုဦးစားပေးသူတွေက ပိုလို့တောင်များနေမလားဘဲ။ သိကြားမင်းဆင်းကယ်မှာကိုမျှော်နေသူတွေက လဲတပုံတပင်။
- Cho Mar Nyunt ( ဒီညနေ နောက်ဆုံးသိရတဲ့ သတင်းအရ ဒေါ်အောင်စုကြည်၊ ဝန်ကြီးဦးအောင်မင်းတို့ ညှိနိုင်းပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အဖွဲ့က အပြု သဘော ပါဝင်မယ်ဆိုတဲ့ သတင်းကြောင့် ဟင်းချနိုင်ရပါတယ်။)
ဒီ သတင်း အတည်ဖြစ်ပါစေလို့ ဆုတောင်းနေပါတယ်၊ သူတို့ မပါဘူးဆိုတာသိလိုက်ရတော့ တော်တော်ကို စိတ်ပူမိပါတယ်၊ အကြောင်းတော့ရှိမှာပါ။ ဒါပေမဲ့ ဒီအချိန်မှာ လက်တွေခိုင်ခိုင်တွဲထားဖို့ အင်မတန် အရေးကြီးတယ်လို့ ကျွန်မကခံစားရတာပါပဲ။ နိုင်ငံရေးဆိုတာ ကို နားမလည်သော်လည်း လက်ရှိ အခြေအနေ အရ ကျွန်မမြင်မိတာပါပဲ။ - Cho Mar Nyunt ဦးမင်းဒင်ရဲစာဖတ်ပရိတ်သတ်ပါ.. ဆက်လက်ရေးပါ လို့ တိုက်တွန်းပါရစေ... အသိပညာ တိုးပွားစေပါတယ် ။ ကျေးဇူးတင်ပါသည်။
- Ŝoe Ňaing Mg ပထမရေးထားတာထက် အခုရေးတဲ့စာက တွေးစရာတွေ ပိုများပီး အရှုပ်အထွေးတွေထဲက တော်တော်ရုန်းထွက်ရမယ်လို့ မြင်နေပါတယ်.. အားလုံး ကို သိချင်သိသွားမယ်. အားလုံးကို ထုတ်ဖော်ပီး ပွင့်လင်းမြင်သာအောင် ရှင်းပြနိုင်ဖို့ တော်တော်ခက်မယ်ထင်ပါမယ်၊ ထိပ်တန်း နိုင်ငံတော် လျို့ဝှက်ချက်တွေ ရှိကောင်းရှိမယ်. ဒါတွေကို အားလုံးပြေလည်သွားအောင် ခေါင်းအေးအေးနဲ့ ဆွေးနွေးညှိုနှိုင်း အဖြေရှာရင် အဆင်ပြေဆုံး အကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်ပါတယ်..
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။