Ads (728x90)


Tuesday, 04 December 2012

လက်ပန်းတောင်းတောင်စီမံကိန်း ရပ်တန့်ဖို့ဆန္ဒပြဖြစ်ပွားနေသည့် အရေးအခင်းများနှင့်စပ်လျဉ်းပြီး သမ္မတ ဦးသိန်းစိန်အဖို့ တရုတ်အစိုးရအား မျက်နှာပူရင်ဆိုင်ရမည့် အရေးကြုံတွေ့နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများကဆိုပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးရဲ့ သပိတ်စခန်းတွေအား အရေးယူ ဖြေရှင်းပေးရန် တင်ပြချက်အပေါ် တင်းမာသူများအုပ်စုက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုလည်းပါတယ်လို့ သိရပါတယ်။ ဦးသာအေးဟာ ဧရာဝတီတိုင်းတွင် ဟင်္သာတ မဝတဥက္ကဌ လုပ်ခဲ့စဉ်က သာအေးစာမရေးနဲ့ဟု ခေါ်တွင်ရလောက်အောင် တိကျပြတ်သားလွန်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ချိန်ခိုင်းတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) ရဲ့ချီးမွမ်းထောပနာပြုခံရသူ ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကိုဟာလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က လက်အောက်ခံ တပ်ရင်းမှူးတွေကို စစ်သည်တွေ ထိခိုက်ကျဆုံးဒဏ်ရာရတာတွေများလို့ ဆဲဆိုကြိမ်းမောင်း ကြမ်းတမ်းခဲ့သူဖြစ်ပါတယ်။ နယ်ဘက်ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံမှူးများနှင့် စီမံကိန်း ဒါရိုက်တာများကိုလည်း မင်းတို့ဝန်ကြီးတွေက Commander မဟုတ်၊ တိုင်းမှူုးသာ Commander ဖြစ်တယ်လို့ မောက်မာခဲ့သြူဖစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘောထားတင်းမာသူများရဲ့ တင်ပြချက်အရ ဆန္ဒပြပွဲမှသည် သပိတ်စခန်းများတိုးပွားလာသည်အထိ ကြီးကျယ်လာရခြင်းမှာ ပြင်ပ ပယောဂပါနိုင်ကြောင်း၊ အနောက်နိုင်ငံများအပါအ၀င် နိုင်ငံတကာက မှတ်ချတ်ပြုဝေဖန်မှုမပြုကြသည်မှာ ထူးဆန်းကြောင်း၊ ဦးအောင်မင်းသွားရောက် ညှိနှိုင်းဖြေရှင်းပေမဲ့ မရခဲ့လို့ တာဝန်ကျေပြီဖြစ်ကြောင်း၊ တရုတ်အစိုးရရဲ့ ငြိုငြင်မှုကို မခံရစေရေးအတွက် လက်ပန်းတောင်းတောင်စီမံကိန်းကို မြစ်ဆုံစီမံကိန်းလို မရပ်တန့်သင့်ပဲ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်တယ်လို့ တင်ပြလာကြပါတယ်။ တကယ်တော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆန္ဒပြသပိတ်စခန်းများအား ဖြိုခွဲမှု စစ်ဆင်ရေးက လိုအပ်တာထက် Force ပိုသွားတာရယ်၊ ရဲတပ်ဖွဲ့ဝင်အချို့ အတွေ့အကြုံမရှိသေးတာရယ်ကြောင့် သွေးထွက်သံယိုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်အထိ ကြီးမားခဲ့ပါတယ်။ သပိတ်စခန်းများအား ဖြိုခွဲမှုစစ်ဆင်ရေးဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါက ဆန္ဒပြမှုပိုမြိုကီးထွားလာမှာ စိုးရိမ်လို့ စစ်ဆင်ရေးအစီအစဉ်ကို ကတိုက်ကရိုက် လုပ်လိုက်ရတဲ့အတွက်ကြောင့် အိုးနင်းခွက်နင်းဖြစ်ကာ သွေးထွက်သံယို ဖြစ်ပွားသည်အထိ ပရမ်းပတာဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုအား ကိုင်တွယ်မှုညံ့ဖျင်းခဲ့တယ်လို့ သမ္မတက သတိပေးမှတ်ချက်ပြုဖွယ်ရှိတယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေဖွဲ့တဲ့ကိစ္စမှာ ရခိုင်ပြည်နယ်ပဋိပက္ခတွေလို ကော်မရှင်တွေ ဆက်တိုက်ဖွဲ့ပြီး လိုအပ်တဲ့ တုန့်ပြန်ဆောင်ရွက်မှု အားရကျေနပ်ဖွယ်မရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းတည်ပေးလိုက်ရတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက လိုင်းတင်ပေးလိုက်ရခြင်းမှာ မူလရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ တိုင်းရင်းသားအရေးကိစ္စများမှာ ၀င်ရောက်ဖြေရှင်းဖို့ တုံ့ဆိုင်းနေတဲ့အပေါ် အားမလိုအားမရဖြစ်နေကြသူများအတွက် လုပ်ဆောင်ချက်ပေါ်လွင်စေရန် ရည်ရွယ်သလို သူမရဲ့ အစိုးရနဲ့ တရုတ်နိုင်ငံအပေါ် ပြတ်ပြတ်သာသားရပ်တည်ရမဲ့ သဘောထားထင်ဟပ်စေရန် ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ ဦးသိန်းစိန်အဖို့ ကျောထောက်နောက်ခံပြုထားတဲ့ စစ်တပ်ရဲ့ ထမင်းအိုး (ဦးပိုင်) ကို ထိုးခွဲမလား၊ တရုတ်ရဲ့ မျက်စောင်းထိုးတာကို ခံရမလား ဆိုတာကတော့ စုံစမ်းရေးစစ်ဆေးရေးကော်မရှင်ရဲ့ တင်ပြချက်အပေါ် မူတည်ပါတယ်။ဘင်္ဂလီကိစ္စအပါအဝင် ယခုစီမံကိန်းကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ကြေညာချက်တွေကို ထုတ်လိုက်ဖျက်လိုက်နဲ့ အကြိမ်ကြိမ် ပြုလုပ်နေခြင်းဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အကြိတ်အနယ် ငြင်းခုံနေလို့လား၊ ဒါမှမဟုတ် တပ်ချုပ်ကြီးဟောင်းကြီး ဦးသန်းရွှေငြိုငြင်မှာကို စိုးရိမ်လို့လား ဆိုတာကိုတော့ ကာယကံရှင်တွေပဲ အသိဆုံးပဲ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများရဲ့ သုံးသပ်ချက်ကို တင်ပြလိုက်ရပါတယ်။
credit to စည်းလုံးခြင်းရဲ့အင်အား
http://photayokeking.org/hot-news/1053-01-2012-laptatoung-case-01

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...