Ads (728x90)

Thursday 20 September 2012 11:08 pm
၂၀၁၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံထိုင်းအသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရရှိပြီးနောက်
မြန်မာအသင်းနည်းပြ ကုမာဒါက ဗိုလ်လုပွဲတွင် အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်မည်ဟု ဖွင့်ဟပြောကြားခဲ့
သည်။ မြန်မာအသင်းသည် လာမည့်စက်တင်ဘာ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၆း၀၀)နာရီတွင် ဗီယက်နမ်နှင့် ဗိုလ်လုပွဲ
ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

"လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အသင်းကိုသေသေချာချာ လေ့ကျင့်ပေးခဲ့ပါတယ်။ ခံစစ်ကနေ တိုက်စစ်ကို လျင်လျင်မြန်မြန်
ပြောင်းကစားနိုင်တဲ့ နည်းစနစ်ကို အဓိကလေ့ကျင့်ပေးခဲ့ပါတယ်။ ဒီနေ့ပွဲကတော့ အဲဒီလေ့ကျင့်ထားတဲ့အတိုင်း လုံးဝအံဝင်ခွင်ကျ
ဖြစ်ခဲ့ပြီး ကစားသမားတွေအားလုံး လိုက်ကစားနိုင်လို့ အနိုင်ရတာပါ။ ဒေသတွင်းမှာတော့ ထိုင်း၊မြန်မာ၊ဗီယက်နမ်အသင်းတွေက
အတောင့်တင်းဆုံးအသင်းတွေပါ။ ဘယ်အသင်းကိုမှ လျော့တွက်လို့မရပါဘူး။ လာမယ့်ဖိုင်နယ်မှာ ဗီယက်နမ်က အိမ်ရှင်အခွင့်အရေး
ရှိနေတယ်ဆိုပေမယ့် ကျွန်တော်တို့ကလည်း ဒီနေ့ထိုင်းနဲ့ကစားတဲ့ခြေစွမ်းထက်ပိုကောင်းတဲ့ ကစားပုံနဲ့ယှဉ်ပြိုင်ပြီး ချန်ပီယံဖြစ်ဖို့
ကြိုးစားသွားမှာပါ။"ဟု ကုမာဒါ ပွဲအပြီးတွင် မီဒီယာများအား ပြောကြားသွားခဲ့သည်။



အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် မြန်မာအမျိုးသမီးအသင်းသည် ချန်ပီယံ(၂)ကြိမ်၊ဒုတိယ(၁)ကြိမ်ရရှိ
ထားပြီး အအောင်မြင်ဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်း
သည် ထိုင်းကို (၂-၁)ဂိုးဖြင့်အရေးနိမ့်ခဲ့ရပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသောအသင်းများ

မြန်မာ-             (၂)ကြိမ်   (၂၀၀၄၊၂၀၀၇)
သြစတြေးလျ-     (၂)ကြိမ်  (၂၀၀၈၊၂၀၀၉)
ဗီယက်နမ်-         (၁)ကြိမ် (၂၀၀၆)
ထိုင်း-              (၁)ကြိမ် (၂၀၁၁)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...