Ads (728x90)


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် စက်တင်ဘာ(၂၀)ရက်နေ့ ညနေ(၆း၀၀)နာရီက ၂၀၁၂ အာဆီယံချန်ပီယံရှစ်ဆီမီး
ဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့Thong Nhat stadium တွင်ယှဉ်ပြိုင်
ကစားခဲ့ရာ (၁-၀)ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် ဂိုး-မေခင်ယမင်းနောက်တန်း- မြင့်မြင့်အေး၊ခင်သန်းဝေ၊မိုးမိုးဝါ၊ဖူးပွင့်ခိုင်၊ အလယ်တန်း-
သန်းသန်းထွေး၊ခင်မာလာထွန်း၊ ရှေ့တန်း- စန်းစန်းမော်၊မေသူကျော်၊ရီရီဦး၊နီလာမြင့် တို့ပွဲထွက်လာခဲ့သည်။ ပွဲစတင်သည်နှင့်
ထိုင်းအသင်း တိုက်စစ်ဆင်ကစားမှုကို မြန်မာကွင်းလယ်နှင့်နောက်တန်း နားလည်မှုရှိရှိဖြင့် ကာကွယ်ဖျက်ထုတ်နိုင်ခဲ့သည်။


မြန်မာအသင်းကွင်းလယ်တွင် ခင်မာလာထွန်း ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသဖြင့် ပွဲအစအဆုံး အကောင်းဆုံးကစားသွားနိုင်
ခဲ့ပြီး ထိုင်းနောက်တန်းနှင့် ကွင်းလယ်ကို အကြိမ်ကြိမ်အလုပ်ရှုပ်စေခဲ့သည်။ ပထမပိုင်း တစ်လျှောက်လုံး မြန်မာအသင်းသည်
ဘောလုံးရသည်နှင့် ဘယ်ညာတောင်ပံနှစ်ဖက်ကိုအားပြုပြီး ထိုင်းအသင်းကို ပြန်လည်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ရာ ထောင့်ကန်
ဘော ၄ ကြိမ်ရရှိခဲ့ပြီး ပြိုင်ဘက်ဂိုးသမားကို အကောင်းဆုံးခြိမ်းခြောက်မှုများပြုလုပ်နိုင်ခဲ့သည်။  ပွဲချိန်(၃၁)မိနစ်တွင် မြန်မာအသင်း
ရရှိသော ညာထောင့်ကန်ဘောမှတစ်ဆင့် ခင်မာလာထွန်း ခေါင်းတိုက်သွင်းယူသော်လည်း ထိုင်းနောက်တန်းကာကွယ်သွားနိုင်ခဲ့
သလို ပထမပိုင်းကုန်ဆုံးကာနီးတွင် သန်းသန်းထွေး ၁၈ ကိုက်စည်းထိပ်မှ ထိုင်းနောက်တန်းကို ကျော်ဖြတ်ကန်သွင်းသော
ဘောလုံးမှာလည်း ဂိုးဘားပေါ်ကျော်သွားခဲ့ရသည်။ပွဲချိန်(၃၈)မိနစ်တွင် မြန်မာအသင်းဘယ်ထောင့်ကန်ဘောရရှိခဲ့ရာ စန်းစန်းမော်
အပိုင်ခေါင်းတိုက်သော်လည်း ဂိုးဘေးနားကပ်ထွက်ခဲ့သည်။  မြန်မာနှင့်ထိုင်းတို့ ပထမပိုင်းတွင် ခြေရည်တူယှဉ်ပြိုင်ခဲ့ကြပြီး နှစ်သင်း
စလုံးခံစစ်ကစားပုံကောင်းမွန်သောကြောင့် မည်သည့်အသင်းမှ ဂိုးမရရှိခဲ့ပေ။

ဒုတိယပိုင်းတွင် မြန်မာအသင်း ရှေ့တန်းလူ မေသူကျော်အား ခင်မိုးဝေဖြင့်အစားထိုးခဲ့ရာ ထိုင်းနောက်တန်း ကိုပိုမိုခြိမ်းခြောက်လာ
နိုင်ခဲ့သည်။ ထိုင်းအသင်းသည် ဒုတိယပိုင်းတွင် ဂိုးရလိုဇောဖြင့် မြန်မာအသင်းဘက်ကို တိုက်စစ်ဦးစားပေးကစားသွားခဲ့ရာ
မြန်မာနောက်တန်းလူများဖြစ်သည့် မိုးမိုးဝါ၊မြင့်မြင့်အေး၊ဖူးပွင့်ခိုင်၊ခင်သန်းဝေတို့ စနစ်တကျ ကာကွယ်ဖျက်ထုတ်ခဲ့ရသည်။

မြန်မာအသင်းသည် မိမိကွင်းဘက်ခြမ်းတွင် ကစားပုံကျစ်လစ်သိပ်သည်းစွာဖြင့်ထိုင်းတို့အားရင်ဆိုင်ခဲ့ပြီး ခင်မိုးဝေရီရီဦး၊နီလာမြင့်
တို့ တန်ပြန်တိုက်စစ်ဆင် ဂိုးရရန်ကြိုးစားခဲ့သည်။ ပွဲချိန်(၆၇)မိနစ်တွင် မြင့်မြင့်အေး ဘောလုံးရသွားပြီး ညာတောင်ပံမှတစ်ဆင့်
ဖြတ်တင်ဘောပေးပို့ရာ ဂိုးရှေ့တွင် အသင့်နေရာယူထားသည့် စန်းစန်းမော်က ဂိုးသမားကိုကျော်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့
သဖြင့် မြန်မာအသင်း ဂိုးစတင်ရရှိခဲ့သည်။ ထိုင်းအသင်းသည် ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း အကောင်းဆုံးပုံစံဖြင့်
ကစားနိုင်ခဲ့သည့် မြန်မာနောက်တန်းကို မကျော်လွန်နိုင်ခဲ့ပေ။ မြန်မာအသင်းကွင်းလယ်တွင် သန်းသန်းထွေးနှင့်ခင်မာလာထွန်းတို့
နှစ်ဦးကို ထိုင်းကွင်းလယ် ယှဉ်မကစားနိုင်သကဲ့သို့ နီလာမြင့်၊ရီရီဦး၊စန်းစန်းမော်တို့တိုက်စစ်ဆင်မှုများကိုလည်း အကြိမ်ကြိမ်
ကာကွယ်ဖျက်ထုတ်နေခဲ့ရသည်။ လေလွင့်အချိန်ပို(၃)မိနစ်တွင် မြန်မာအသင်း ထိုင်းဂိုးဧရိယာဘယ်ခြမ်းတွင် ပြစ်ဒဏ်ဘော
ကန်ခွင့်ရခဲ့ပြီး သန်းသန်းထွေးပေးပို့မှုမှတစ်ဆင့် ခင်မိုးဝေခေါင်းတိုက်ရန်ကြိုးစားသော်လည်း ထိုင်းနောက်တန်း ကာကွယ်သွားနိုင်
ခဲ့သည်။ ပွဲသိမ်းခရာမှုတ်ချိန်အထိ ထိုင်းအသင်းကြိုးစားခဲ့သော်လည်း အကောင်းဆုံးကစားပုံရရှိခဲ့သည့် မြန်မာနောက်တန်းကို
မကျော်လွန်နိုင်ခဲ့သဖြင့်(၁-၀)ဂိုးဖြင့် မြန်မာအသင်းအား အရှုံပေးခဲ့ရသည်။



မြန်မာနှင့်ထိုင်းတို့ အကြိုဗိုလ်လုပွဲ မစတင်မီ ပထမပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်နှင့်လာအိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ်က
(၇-၀)ဂိုးဖြင့် အနိုင်ယူပြီးဗိုလ်လုပွဲတက်ခဲ့သည်။ ၂၀၁၂ အာဆီယံချန်ပီယံရှစ် အမျိုးသမီးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ်
ဗီယက်နမ်နှင့်မြန်မာအသင်းတို့ စက်တင်ဘာ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၆း၀၀)နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 မြန်မာနေရှင်နယ်လိဂ် ၀ဘ်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည် ။ 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...