Ads (728x90)


 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်၊ ထူးကြီးအသင်း ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ
ဘောလုံးနှင့် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။



အဆိုပါအခမ်းအနားသို့ ထူးကြီးမြို့နယ်အသင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးဘန်နီတင်အောင်ကနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ထူးကြီးအသင်းဥက္ကဋ္ဌ
ဖလားပြိုင်ပွဲအတွက် ဘောလုံး အလုံး ၁၀၀နှင့် အလှူငွေကျပ် သိန်း၂၀ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ထူးကြီးအသင်းမှ
တာဝန်ရှိသူများက အလှူငွေ ကျပ်သိန်း ၂၀နှင့် ဘောလုံး အလုံး ၁၀၀ကို လက်ခံယူပြီးနောက် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်
ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 မြန်မာနေရှင်နယ်လိဂ် ၀ဘ်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည် ။ 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...